ဗဟုတုသ

ကားေမာင္းေနရင္း ကားစက္ထိုးရပ္သြားရတဲ့အခ်က္ကိုးခ်က္

[Zawgyi version]

ကားေမာင္းေနရင္း ကားစက္ထိုးရပ္သြားရတဲ့အခ်က္ကိုးခ်က္

ကားေမာင္းေနရင္း စက္ထိုးရပ္သြားတာမ်ိဳး ႀကဳံဖူးၾကမွာပါ။ အဲသည္လို ကားစက္ထိုးရပ္သြားရတဲ့ အေၾကာင္းရင္းေတြကို သိရွိထားဖို႔လိုအပ္သလို ဘယ္လိုေျဖရွင္းရမလဲဆိုတာကိုလည္း သိရွိထားရမွာျဖစ္တယ္။

၁။ အင္ဂ်င္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္

အဲသည္လို စက္ထိုးရပ္သြားရတာကေတာ့ အင္ဂ်င္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္တစ္ခုခု ျဖစ္ေနလို႔ပါပဲ။ ဓာတ္ဆီအင္ဂ်င္မွာ အင္ဂ်င္ပုံမွန္လည္ပတ္ဖို႔ ေလနဲ႔ဆီ အခ်ိဳးအစား မွန္ကန္ရပါမယ္။ မီးေပးစနစ္ (ignition system)ေကာင္းမြန္ရပါမယ္။ အင္ဂ်င္ပလတ္ေတြဟာ တိုင္မင္အလိုက္ မီးပြားဖြင့္ေပးရပါမယ္။ အဲသည္အခါမွာ အင္ဂ်င္အတြင္းမွာ ပုံမွန္အပူခ်ိန္ ရွိေနရမယ္။ အပူလြန္ကဲၿပီး ေရဆူတာမ်ိဳးျဖစ္ရင္ အင္ဂ်င္အတြင္းခန္းမွာရွိတဲ့ ပစၥတင္ေတြ ပြလာၿပီး အင္ဂ်င္က်ပ္ သြားပါတယ္။ အင္ဂ်င္က်ပ္သြားရင္ စက္ရပ္သြားႏိုင္ပါတယ္။

၂။ အင္ဂ်က္တာ မေကာင္းတာ

အခုေနာက္ပိုင္း ဝင္လာတဲ့ အဆင့္ျမင့္ကားေတြမွာ ေလာင္စာဆီကို ကြန္ပ်ဴတာ ထိန္းခ်ဳပ္မႈနဲ႔ အင္ဂ်က္တာဆီ ဖ်န္းေပးတဲ့ စနစ္ျဖစ္တယ္။ ေပါက္ကြဲဖို႔အတြက္ လိုအပ္သေလာက္ကိုသာ အင္ဂ်က္တာက ဆီဖ်န္းေပးပါတယ္။ ဆီဖိအားမွန္ေနေပမဲ့ အင္ဂ်က္တာေတြ မေကာင္းရင္ ဆီဖ်န္းေပးတာ မမွန္ကန္ေတာ့ပါဘူး။ အင္ဂ်က္တာ တစ္လုံးခ်င္းကို အီလက္ထရစ္ ကြန္ထ႐ိုးယူနစ္ ECUက ထိန္းေက်ာင္းေပးပါတယ္။ အီးစီယူဟာ အာ႐ုံခံကိရိယာေတြက ေပးပို႔တဲ့ သတင္းအခ်က္အလက္ေတြကို ရယူၿပီး လိုအပ္သလိုဆီဖ်န္းေပးတာ ျဖစ္တယ္။ အဲသည္အတြက္ ဆီဖ်န္းတဲ့စနစ္ အင္ဂ်က္တာ  အလုပ္ မလုပ္ရင္လည္း အင္ဂ်င္ရပ္တန႔္သြားၿပီး ကားထိုးရပ္သြားႏိုင္ပါတယ္။

၃။ မီးမကူးတာ

အင္ဂ်င္ပလတ္(plug) ထိပ္ဖ်ားက မီးမကူးရင္လည္း အင္ဂ်င္မလည္ပတ္ႏိုင္ ပါဘူး။ အဆင့္ျမင့္ကားေတြမွာ ပလတ္ တစ္လုံးခ်င္းကို မီးကြိဳင္တစ္လုံးစီသုံးပါတယ္။ မီးတိုင္မင္ကို ကြန္ပ်ဴတာျဖစ္တဲ့ အီးစီယူက ထိန္းခ်ဳပ္ပါတယ္။ အာ႐ုံခံ ကိရိယာေတြ မေကာင္းရင္လည္း အီးစီယူ အလုပ္မလုပ္ႏိုင္တဲ့အတြက္ မီးမကူးႏိုင္ပါဘူး။မီးမကူးတဲ့ အတြက္လည္း ကားထိုးရပ္ သြားႏိုင္ပါတယ္။

၄။ ပလတ္ေတြ ခ်ိဳ႕ယြင္းတာ

အရည္အေသြးညံ့တဲ့ ေလာင္စာဆီေတြ အသုံးျပဳမိရင္ အင္ဂ်င္ပလတ္ေတြ ထိပ္မွာ ကာဘြန္ခ်ိဳး(ဂ်ိဳး) ကပ္တာျဖစ္ႏိုင္ ပါတယ္။ အဲသည္အတြက္ ပလတ္ေတြ မေကာင္းေတာ့ဘဲ မီးကူးတာ မမွန္ကန္ေတာ့ ပါဘူး။ အဲသည္အတြက္ ပလတ္ မေကာင္းရင္လည္း ကားစက္ထိုးရပ္သြားႏိုင္ပါတယ္။ ပလတ္ထိပ္ငုတ္အကြာအေဝးေတြျပန္ခ်ိန္ရပါမယ္။ ပလတ္ေတြ ခ်ိဳ႕ယြင္းရင္ အသစ္လဲလွယ္ရပါမယ္။ အရည္အေသြး ျမင့္တဲ့ ေအာက္တိန္းကိုသာ အသုံးျပဳသင့္ပါတယ္။

၅။ အင္ဂ်င္အပူလြန္ကဲတာ

အင္ဂ်င္အပူလြန္ကဲၿပီး အင္ဂ်င္အေအးေပးကိရိယာ ျဖစ္တဲ့ ေရတိုင္ကီထဲမွာ ေရေတြဆူပြက္လာတတ္တယ္။ အဲသည္ အတြက္ အင္ဂ်င္ထိုးရပ္သြားတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ေရတိုင္ကီကိုစစ္ေဆးရပါမယ္။ အင္ဂ်င္ပူ၊ ေရဆူေနတဲ့အခ်ိန္ ခ်က္ခ်င္း မဖြင့္သင့္ပါဘူး။ ေရေႏြးေငြ႕ေတြ ပန္းထြက္ၿပီး အပူေလာင္ႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္။ ေအးသြားေအာင္ ေစာင့္ၿပီးမွ စစ္ေဆးသင့္တယ္။ ေရတိုင္ကီထဲမွာ ကူးလင့္အရည္ ပုံမွန္ရွိရဲ႕လား၊ ယိုစိမ့္တာေတြရွိလား၊ ေရလိုင္းေတြထဲမွာ ဖုန္ေတြ၊ သဲေတြ ပိတ္ဆို႔ေနလား၊ သာမိုစတက္က ပုံမွန္အလုပ္လုပ္ရဲ႕လား၊ အေအးခံ ပန္ကာကေရာ ပုံမွန္ လည္ပတ္ရဲ႕လား စတာေတြကို စစ္ေဆးၿပီး ေရဒီေယတာျဖစ္တဲ့ ေရတိုင္ကီကို ပုံမွန္အလုပ္လုပ္ေစရမွာ ျဖစ္တယ္။ အင္ ဂ်င္အပူလြန္ကဲတာကို ဂ႐ုမျပဳဘဲ ဆက္ေမာင္းႏွင္ရင္ ဂတ္စ္ကတ္ ျပတ္တာကေန အင္ဂ်င္မီးေလာင္တဲ့ အထိ ျဖစ္ႏိုင္ပါတယ္။

၆။ ဘက္ထရီအားကုန္တာ

ကားထိုးရပ္သြားတာဟာ ဘက္ထရီ အားကုန္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ကားဘက္ထရီက ခ်ိဳ႕ယြင္းတာဟုတ္ မဟုတ္ သိရေအာင္ ကားဟြန္းတီးၾကည့္ပါ။ ကားဟြန္းသံလုံးဝမျမည္တာ၊ အသံတိုးလြန္း ေနတာ၊ ကားေရွ႕မီးႀကီး ဖြင့္ၾကည့္လို႔ မလင္းေတာ့တာ၊ အလင္းအားေဖ်ာ့ေနတာဆိုရင္ေတာ့ ဘက္ထရီအား ကုန္သြားတာပါ။

၇။ တိုင္မင္ႀကိဳးျပတ္တာ

ဟြန္းသံလည္း က်ယ္တယ္၊ ေရွ႕မီးႀကီးေတြလည္း အားေကာင္းတယ္။ ဘက္ထရီနဲ႔ ခ်ိတ္ဆက္အလုပ္လုပ္တဲ့ကိစၥေတြ အားလုံးေကာင္းမြန္ေနတာက ဘက္ထရီေကာင္းမြန္ေနတယ္ဆိုတာကို ၫႊန္ျပပါတယ္။ ဘက္ထရီေကာင္းရင္ စက္ျပန္ႏႈိးၾကည့္ပါ။ မရဘူးဆိုရင္ေတာ့ တိုင္မင္ႀကိဳးtiming belt ျပတ္သြားတာေၾကာင့္ ေမာင္းႏွင္ေနစဥ္မွာ ကားထိုးရပ္ သြားရတာပါ။ တိုင္မင္ႀကိဳးျပတ္တာ ေသခ်ာရင္ေတာ့ ဝပ္ေရွာ့ပို႔ရမွာပါ။

၈။ ေလာင္စာဆီမသန႔္ရွင္းတာ

အသုံးျပဳတဲ့ေလာင္စာဆီထဲမွာ အမႈိက္ေတြ၊ အနည္ေတြ၊ ေရေတြ ေရာေႏွာပါလာရင္လည္း စက္ရပ္သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ အသုံးျပဳတဲ့ေလာင္စာဆီဟာ အရည္အေသြး ျမင့္မားရမွာျဖစ္သလို သန႔္ ရွင္းစင္ၾကယ္ေနဖို႔လည္း လိုအပ္ပါတယ္။

၉။ ဖ်ဴးစ္ပ်က္သြားတာ

ကားေသာ့အုံ (Ignition Switch)မွာ လုံးဝမီးေပ်ာက္သြားတာမ်ိဳးေၾကာင့္ စက္ေသသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဖ်ဴးစ္ (fuse) ပ်က္သြားတာေၾကာင့္ စက္ထိုးရပ္ ႏိုင္ပါတယ္။ အဆင့္ျမင့္ကားေတြမွာ အင္ င္ခ်က္မီးလင္းၿပီး သတိေပး ႏိုင္ပါတယ္။ အိုဗီဒီတူးနဲ႔ကြန္ပ်ဴတာထိုးစစ္ရင္ ဘယ္ေနရာက ခ်ိဳ႕ယြင္းတယ္ဆိုတာကို အတိအက်သိႏိုင္ပါတယ္။

အခုလို မိုးမ်ားတဲ့အခ်ိန္ကာလေတြမွာ ေရႀကီးတဲ့လမ္းေတြ ျဖတ္ေမာင္းမိရင္လည္း ကားထိုးရပ္သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေရရဲ႕အတိမ္အနက္ကို မသိႏိုင္တဲ့ လမ္းေတြမွာ မေမာင္းႏွင္သင့္ပါဘူး။ ေဖာ္ျပခဲ့တဲ့ အစိတ္အပိုင္းေတြရဲ႕ ခ်ိဳ႕ယြင္းတတ္တဲ့ အေနအထားေတြကို ပုံမွန္စစ္ေဆးတာ၊ လိုအပ္ရင္ ျပဳျပင္ထိန္းသိမ္းတာေတြ အၿမဲျပဳလုပ္သြားမယ္ဆိုရင္ ေမာင္းႏွင္ေနရင္းနဲ႔ ကားစက္ထိုးရပ္သြားတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ႏိုင္မွာျဖစ္တယ္။

Author: ေအာင္ထြန္းဦး

Credit – Kumudra

[Unicode version]

ကားမောင်းနေရင်း ကားစက်ထိုးရပ်သွားရတဲ့အချက်ကိုးချက်

ကားမောင်းနေရင်း စက်ထိုးရပ်သွားတာမျိုး ကြုံဖူးကြမှာပါ။ အဲသည်လို ကားစက်ထိုးရပ်သွားရတဲ့ အကြောင်းရင်းတွေကို သိရှိထားဖို့လိုအပ်သလို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်း သိရှိထားရမှာဖြစ်တယ်။

၁။ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်

အဲသည်လို စက်ထိုးရပ်သွားရတာကတော့ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခု ဖြစ်နေလို့ပါပဲ။ ဓာတ်ဆီအင်ဂျင်မှာ အင်ဂျင်ပုံမှန်လည်ပတ်ဖို့ လေနဲ့ဆီ အချိုးအစား မှန်ကန်ရပါမယ်။ မီးပေးစနစ် (ignition system)ကောင်းမွန်ရပါမယ်။ အင်ဂျင်ပလတ်တွေဟာ တိုင်မင်အလိုက် မီးပွားဖွင့်ပေးရပါမယ်။ အဲသည်အခါမှာ အင်ဂျင်အတွင်းမှာ ပုံမှန်အပူချိန် ရှိနေရမယ်။ အပူလွန်ကဲပြီး ရေဆူတာမျိုးဖြစ်ရင် အင်ဂျင်အတွင်းခန်းမှာရှိတဲ့ ပစ္စတင်တွေ ပွလာပြီး အင်ဂျင်ကျပ် သွားပါတယ်။ အင်ဂျင်ကျပ်သွားရင် စက်ရပ်သွားနိုင်ပါတယ်။

၂။ အင်ဂျက်တာ မကောင်းတာ

အခုနောက်ပိုင်း ဝင်လာတဲ့ အဆင့်မြင့်ကားတွေမှာ လောင်စာဆီကို ကွန်ပျူတာ ထိန်းချုပ်မှုနဲ့ အင်ဂျက်တာဆီ ဖျန်းပေးတဲ့ စနစ်ဖြစ်တယ်။ ပေါက်ကွဲဖို့အတွက် လိုအပ်သလောက်ကိုသာ အင်ဂျက်တာက ဆီဖျန်းပေးပါတယ်။ ဆီဖိအားမှန်နေပေမဲ့ အင်ဂျက်တာတွေ မကောင်းရင် ဆီဖျန်းပေးတာ မမှန်ကန်တော့ပါဘူး။ အင်ဂျက်တာ တစ်လုံးချင်းကို အီလက်ထရစ် ကွန်ထရိုးယူနစ် ECUက ထိန်းကျောင်းပေးပါတယ်။ အီးစီယူဟာ အာရုံခံကိရိယာတွေက ပေးပို့တဲ့ သတင်းအချက်အလက်တွေကို ရယူပြီး လိုအပ်သလိုဆီဖျန်းပေးတာ ဖြစ်တယ်။ အဲသည်အတွက် ဆီဖျန်းတဲ့စနစ် အင်ဂျက်တာ  အလုပ် မလုပ်ရင်လည်း အင်ဂျင်ရပ်တန့်သွားပြီး ကားထိုးရပ်သွားနိုင်ပါတယ်။

၃။ မီးမကူးတာ

အင်ဂျင်ပလတ်(plug) ထိပ်ဖျားက မီးမကူးရင်လည်း အင်ဂျင်မလည်ပတ်နိုင် ပါဘူး။ အဆင့်မြင့်ကားတွေမှာ ပလတ် တစ်လုံးချင်းကို မီးကွိုင်တစ်လုံးစီသုံးပါတယ်။ မီးတိုင်မင်ကို ကွန်ပျူတာဖြစ်တဲ့ အီးစီယူက ထိန်းချုပ်ပါတယ်။ အာရုံခံ ကိရိယာတွေ မကောင်းရင်လည်း အီးစီယူ အလုပ်မလုပ်နိုင်တဲ့အတွက် မီးမကူးနိုင်ပါဘူး။မီးမကူးတဲ့ အတွက်လည်း ကားထိုးရပ် သွားနိုင်ပါတယ်။

၄။ ပလတ်တွေ ချို့ယွင်းတာ

အရည်အသွေးညံ့တဲ့ လောင်စာဆီတွေ အသုံးပြုမိရင် အင်ဂျင်ပလတ်တွေ ထိပ်မှာ ကာဘွန်ချိုး(ဂျိုး) ကပ်တာဖြစ်နိုင် ပါတယ်။ အဲသည်အတွက် ပလတ်တွေ မကောင်းတော့ဘဲ မီးကူးတာ မမှန်ကန်တော့ ပါဘူး။ အဲသည်အတွက် ပလတ် မကောင်းရင်လည်း ကားစက်ထိုးရပ်သွားနိုင်ပါတယ်။ ပလတ်ထိပ်ငုတ်အကွာအဝေးတွေပြန်ချိန်ရပါမယ်။ ပလတ်တွေ ချို့ယွင်းရင် အသစ်လဲလှယ်ရပါမယ်။ အရည်အသွေး မြင့်တဲ့ အောက်တိန်းကိုသာ အသုံးပြုသင့်ပါတယ်။

၅။ အင်ဂျင်အပူလွန်ကဲတာ

အင်ဂျင်အပူလွန်ကဲပြီး အင်ဂျင်အအေးပေးကိရိယာ ဖြစ်တဲ့ ရေတိုင်ကီထဲမှာ ရေတွေဆူပွက်လာတတ်တယ်။ အဲသည် အတွက် အင်ဂျင်ထိုးရပ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရေတိုင်ကီကိုစစ်ဆေးရပါမယ်။ အင်ဂျင်ပူ၊ ရေဆူနေတဲ့အချိန် ချက်ချင်း မဖွင့်သင့်ပါဘူး။ ရေနွေးငွေ့တွေ ပန်းထွက်ပြီး အပူလောင်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အေးသွားအောင် စောင့်ပြီးမှ စစ်ဆေးသင့်တယ်။ ရေတိုင်ကီထဲမှာ ကူးလင့်အရည် ပုံမှန်ရှိရဲ့လား၊ ယိုစိမ့်တာတွေရှိလား၊ ရေလိုင်းတွေထဲမှာ ဖုန်တွေ၊ သဲတွေ ပိတ်ဆို့နေလား၊ သာမိုစတက်က ပုံမှန်အလုပ်လုပ်ရဲ့လား၊ အအေးခံ ပန်ကာကရော ပုံမှန် လည်ပတ်ရဲ့လား စတာတွေကို စစ်ဆေးပြီး ရေဒီယေတာဖြစ်တဲ့ ရေတိုင်ကီကို ပုံမှန်အလုပ်လုပ်စေရမှာ ဖြစ်တယ်။ အင် ဂျင်အပူလွန်ကဲတာကို ဂရုမပြုဘဲ ဆက်မောင်းနှင်ရင် ဂတ်စ်ကတ် ပြတ်တာကနေ အင်ဂျင်မီးလောင်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

၆။ ဘက်ထရီအားကုန်တာ

ကားထိုးရပ်သွားတာဟာ ဘက်ထရီ အားကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကားဘက်ထရီက ချို့ယွင်းတာဟုတ် မဟုတ် သိရအောင် ကားဟွန်းတီးကြည့်ပါ။ ကားဟွန်းသံလုံးဝမမြည်တာ၊ အသံတိုးလွန်း နေတာ၊ ကားရှေ့မီးကြီး ဖွင့်ကြည့်လို့ မလင်းတော့တာ၊ အလင်းအားဖျော့နေတာဆိုရင်တော့ ဘက်ထရီအား ကုန်သွားတာပါ။

၇။ တိုင်မင်ကြိုးပြတ်တာ

ဟွန်းသံလည်း ကျယ်တယ်၊ ရှေ့မီးကြီးတွေလည်း အားကောင်းတယ်။ ဘက်ထရီနဲ့ ချိတ်ဆက်အလုပ်လုပ်တဲ့ကိစ္စတွေ အားလုံးကောင်းမွန်နေတာက ဘက်ထရီကောင်းမွန်နေတယ်ဆိုတာကို ညွှန်ပြပါတယ်။ ဘက်ထရီကောင်းရင် စက်ပြန်နှိုးကြည့်ပါ။ မရဘူးဆိုရင်တော့ တိုင်မင်ကြိုးtiming belt ပြတ်သွားတာကြောင့် မောင်းနှင်နေစဉ်မှာ ကားထိုးရပ် သွားရတာပါ။ တိုင်မင်ကြိုးပြတ်တာ သေချာရင်တော့ ဝပ်ရှော့ပို့ရမှာပါ။

၈။ လောင်စာဆီမသန့်ရှင်းတာ

အသုံးပြုတဲ့လောင်စာဆီထဲမှာ အမှိုက်တွေ၊ အနည်တွေ၊ ရေတွေ ရောနှောပါလာရင်လည်း စက်ရပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် အသုံးပြုတဲ့လောင်စာဆီဟာ အရည်အသွေး မြင့်မားရမှာဖြစ်သလို သန့် ရှင်းစင်ကြယ်နေဖို့လည်း လိုအပ်ပါတယ်။

၉။ ဖျူးစ်ပျက်သွားတာ

ကားသော့အုံ (Ignition Switch)မှာ လုံးဝမီးပျောက်သွားတာမျိုးကြောင့် စက်သေသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဖျူးစ် (fuse) ပျက်သွားတာကြောင့် စက်ထိုးရပ် နိုင်ပါတယ်။ အဆင့်မြင့်ကားတွေမှာ အင် င်ချက်မီးလင်းပြီး သတိပေး နိုင်ပါတယ်။ အိုဗီဒီတူးနဲ့ကွန်ပျူတာထိုးစစ်ရင် ဘယ်နေရာက ချို့ယွင်းတယ်ဆိုတာကို အတိအကျသိနိုင်ပါတယ်။

အခုလို မိုးများတဲ့အချိန်ကာလတွေမှာ ရေကြီးတဲ့လမ်းတွေ ဖြတ်မောင်းမိရင်လည်း ကားထိုးရပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ရေရဲ့အတိမ်အနက်ကို မသိနိုင်တဲ့ လမ်းတွေမှာ မမောင်းနှင်သင့်ပါဘူး။ ဖော်ပြခဲ့တဲ့ အစိတ်အပိုင်းတွေရဲ့ ချို့ယွင်းတတ်တဲ့ အနေအထားတွေကို ပုံမှန်စစ်ဆေးတာ၊ လိုအပ်ရင် ပြုပြင်ထိန်းသိမ်းတာတွေ အမြဲပြုလုပ်သွားမယ်ဆိုရင် မောင်းနှင်နေရင်းနဲ့ ကားစက်ထိုးရပ်သွားတာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်တယ်။

Author: အောင်ထွန်းဦး

Credit – Kumudra

Leave a Reply

Your email address will not be published. Required fields are marked *