ဗဟုတုသ

ကိုယ့်အိမ်လေးမှာ အဆိပ်အတောက်တွေ ကင်းစေချင်ရင်

[Zawgyi version]

ကိုယ့္အိမ္ေလးမွာ အဆိပ္အေတာက္ေတြ ကင္းေစခ်င္ရင္

Detox လို႔ ေျပာလိုက္ရင္ ကိုယ္ကေန အဆိပ္ထုတ္တာလို႔ပဲ လူေတြက သိၾကပါတယ္။ ကိုယ္ေနထိုင္ရာ အိမ္ေလးကိုေရာ အဆိပ္အေတာက္ေတြ မကင္းစင္ေစခ်င္ဘူးလား။ အဆိပ္ သန႔္စင္တဲ့ သဘာဝက်က် ေနအိမ္ေလးျဖစ္ဖို႔ ဘာေတြလုပ္ရင္ ေကာင္းမလဲ?

– ပလတ္စတစ္ ေလွ်ာ့သုံးပါ။ ပလတ္စတစ္ဟာ ပတ္ဝန္းက်င္ကို အညစ္ႏြမ္းမႈ အမ်ားဆုံး ေပးႏိုင္ပါတယ္။ ပလတ္စတစ္ ေရဘူးေတြ၊ ပလတ္စတစ္ ပန္းကန္ခြက္ေယာက္ေတြအစား ဖန္ကို အစားထိုး သုံးေစလို ပါတယ္။ ေသာက္ေရအိုးကို ေရသန႔္ ပလတ္စတစ္ဘူးအစား သဘာဝက်က် ေျမအိုးေလး ေျပာင္းသုံးၿပီး မယ္လမင္းနဲ႔ ပလတ္စတစ္အစား ဖန္နဲ႔စတီးကို သုံးေစခ်င္ပါတယ္။

– ၾကမ္းတိုက္တဲ့ အိမ္သာေဆးတဲ့အရည္ေတြမွာ ကင္ဆာျဖစ္ေစတဲ့ ျဒပ္ေပါင္းေတြ ျမင့္မားစြာပါေနတာမို႔ ေဆးေၾကာသုံးၿပီးတာနဲ႔ ေရမ်ားမ်ားနဲ႔ ေဆးခ်ပါ။ လက္အိတ္သုံးပါ။

– အလူမီနီယမ္ဟာ အာ႐ုံေၾကာေရာဂါအခ်ိဳ႕နဲ႔ ဆက္စပ္ေနပါတယ္။ အလူမီနီယမ္ အသုံးအေဆာင္ေတြကို ဆက္သုံးသင့္၊ မသုံးသင့္ စဥ္းစားေစလိုပါတယ္။

– ဘက္ထရီအေဟာင္းေတြ ေရဒီယိုအပ်က္ေတြ လွ်ပ္စစ္ပစည္း အိုင္တီကိရိယာအပ်က္ေတြကို ဆက္သိမ္းမထားဘဲ ပစ္လိုက္ပါ။

– အိမ္တြင္းအနံ႔အသက္ကင္းေအာင္ ဖ်န္းတဲ့ေဆးရည္ေတြ ေရေမႊးေတြကို ျဖစ္ႏိုင္ရင္ မသုံးပါနဲ႔။ အနံ႔မေကာင္းတဲ့အခါ ျပတင္းတံခါးေတြဖြင့္ တံခါးေတြဖြင့္ၿပီး ၾကမ္းျပင္ကို သန႔္ရွင္းေရးလုပ္ပါ။ သဘာဝအတိုင္း အနံ႔ကင္းေနတာ ေကာင္းပါတယ္။ ေမႊးေအာင္ဖ်န္းရင္း ဓာတုျဒပ္ေပါင္းေတြ အိမ္ထဲကို မျဖန႔္ျဖဴးသင့္ပါဘူး။

– ျခင္ေဆးေခြေတြ ျခင္ေဆးဖ်န္းေဆးေတြ အၿမဲဖ်န္းတာ၊ သုံးတာ လုပ္တဲ့အခါ ေရရွည္မွာ အဆုတ္ထိခိုက္ေစပါတယ္။

– အခန္းတြင္းကို သဘာဝေလနဲ႔ ေနေရာင္ အၿမဲဝင္ပါေစ။

– ႏွစ္ၾကာေနတဲ့ညဘရပ္ေတြ၊ အဝတ္စုတ္ေတြ၊ ၾကမ္းခင္းေကာ္ေဇာေတြမွာ ဖုန္နဲ႔ အညစ္အေၾကးေတြ မ်ားစြာကပ္ၿငိေနတတ္တာမို႔ စြန႔္ပစ္ၿပီး အသစ္လဲေစလိုပါတယ္။

– အိမ္တြင္းစီး ဖိနပ္ကို သီးသန႔္ထားပါ။ အျပင္ကဖိနပ္ေတြ အိမ္တြင္းကို စီးလာတဲ့အခါ အညစ္အေၾကးေတြ၊ ပိုးမႊားေတြကို သယ္ေဆာင္လာတတ္တာမို႔ အိမ္တြင္းစီးဖိနပ္ သီးသန႔္ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။

– ၾကာရွည္ေနတဲ့ ႏႈတ္ခမ္းနီ၊ မိတ္ကပ္၊ အလွျပင္ Cosmetic ေတြမွာ ပိုးမႊားေတြ အျပည့္မို႔ အမ်ားႀကီး က်န္ေနေသးေတာင္ စြန႔္ပစ္ပါ။

ဒါေလးေတြကို လိုက္နာေဆာင္႐ြက္ၿပီး မိမိအိမ္ေလးကို သဘာဝက်က် အဆိပ္အေတာက္ကင္းေအာင္ လုပ္ေဆာင္ႏိုင္ၿပီေပါ့ေနာ္။

Credit – ဂ်ီပီငွက္ (ေဆး/မန္း),

www.drmyanmar.com

[Unicode version]

ကိုယ့်အိမ်လေးမှာ အဆိပ်အတောက်တွေ ကင်းစေချင်ရင်

Detox လို့ ပြောလိုက်ရင် ကိုယ်ကနေ အဆိပ်ထုတ်တာလို့ပဲ လူတွေက သိကြပါတယ်။ ကိုယ်နေထိုင်ရာ အိမ်လေးကိုရော အဆိပ်အတောက်တွေ မကင်းစင်စေချင်ဘူးလား။ အဆိပ် သန့်စင်တဲ့ သဘာဝကျကျ နေအိမ်လေးဖြစ်ဖို့ ဘာတွေလုပ်ရင် ကောင်းမလဲ?

– ပလတ်စတစ် လျှော့သုံးပါ။ ပလတ်စတစ်ဟာ ပတ်ဝန်းကျင်ကို အညစ်နွမ်းမှု အများဆုံး ပေးနိုင်ပါတယ်။ ပလတ်စတစ် ရေဘူးတွေ၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်တွေအစား ဖန်ကို အစားထိုး သုံးစေလို ပါတယ်။ သောက်ရေအိုးကို ရေသန့် ပလတ်စတစ်ဘူးအစား သဘာဝကျကျ မြေအိုးလေး ပြောင်းသုံးပြီး မယ်လမင်းနဲ့ ပလတ်စတစ်အစား ဖန်နဲ့စတီးကို သုံးစေချင်ပါတယ်။

– ကြမ်းတိုက်တဲ့ အိမ်သာဆေးတဲ့အရည်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ မြင့်မားစွာပါနေတာမို့ ဆေးကြောသုံးပြီးတာနဲ့ ရေများများနဲ့ ဆေးချပါ။ လက်အိတ်သုံးပါ။

– အလူမီနီယမ်ဟာ အာရုံကြောရောဂါအချို့နဲ့ ဆက်စပ်နေပါတယ်။ အလူမီနီယမ် အသုံးအဆောင်တွေကို ဆက်သုံးသင့်၊ မသုံးသင့် စဉ်းစားစေလိုပါတယ်။

– ဘက်ထရီအဟောင်းတွေ ရေဒီယိုအပျက်တွေ လျှပ်စစ်ပစည်း အိုင်တီကိရိယာအပျက်တွေကို ဆက်သိမ်းမထားဘဲ ပစ်လိုက်ပါ။

– အိမ်တွင်းအနံ့အသက်ကင်းအောင် ဖျန်းတဲ့ဆေးရည်တွေ ရေမွှေးတွေကို ဖြစ်နိုင်ရင် မသုံးပါနဲ့။ အနံ့မကောင်းတဲ့အခါ ပြတင်းတံခါးတွေဖွင့် တံခါးတွေဖွင့်ပြီး ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပါ။ သဘာဝအတိုင်း အနံ့ကင်းနေတာ ကောင်းပါတယ်။ မွှေးအောင်ဖျန်းရင်း ဓာတုဒြပ်ပေါင်းတွေ အိမ်ထဲကို မဖြန့်ဖြူးသင့်ပါဘူး။

– ခြင်ဆေးခွေတွေ ခြင်ဆေးဖျန်းဆေးတွေ အမြဲဖျန်းတာ၊ သုံးတာ လုပ်တဲ့အခါ ရေရှည်မှာ အဆုတ်ထိခိုက်စေပါတယ်။

– အခန်းတွင်းကို သဘာဝလေနဲ့ နေရောင် အမြဲဝင်ပါစေ။

– နှစ်ကြာနေတဲ့ညဘရပ်တွေ၊ အဝတ်စုတ်တွေ၊ ကြမ်းခင်းကော်ဇောတွေမှာ ဖုန်နဲ့ အညစ်အကြေးတွေ များစွာကပ်ငြိနေတတ်တာမို့ စွန့်ပစ်ပြီး အသစ်လဲစေလိုပါတယ်။

– အိမ်တွင်းစီး ဖိနပ်ကို သီးသန့်ထားပါ။ အပြင်ကဖိနပ်တွေ အိမ်တွင်းကို စီးလာတဲ့အခါ အညစ်အကြေးတွေ၊ ပိုးမွှားတွေကို သယ်ဆောင်လာတတ်တာမို့ အိမ်တွင်းစီးဖိနပ် သီးသန့်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

– ကြာရှည်နေတဲ့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ အလှပြင် Cosmetic တွေမှာ ပိုးမွှားတွေ အပြည့်မို့ အများကြီး ကျန်နေသေးတောင် စွန့်ပစ်ပါ။

ဒါလေးတွေကို လိုက်နာဆောင်ရွက်ပြီး မိမိအိမ်လေးကို သဘာဝကျကျ အဆိပ်အတောက်ကင်းအောင် လုပ်ဆောင်နိုင်ပြီပေါ့နော်။

Credit – ဂျီပီငှက် (ဆေး/မန်း),

www.drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *