ဗဟုတုသ

တိုက်ခန်း၊ အိမ်၊ ခြံ၊ မြေ ဝယ်ပါက တောင်းယူရမည့် စာရွက်စာတမ်းများ

[Unicode version]

အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ

အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင်.

အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။ ဒါကြောင့် အိမ်ခြံမြေအရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။

-စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။-

ဝယ်ယူသူတွေအနေနဲ့ မြေနဲ့တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။ ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။ ကိုယ်ဝယ်မယ့်မြေကို ဝယ်မယ့် တိုက်ခန်း စာရွက်စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။ တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့် ပါတယ်။

-စာရွက်စာတမ်းကျွမ်းကျင်သူ-

ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေး ပြီးစလွယ် လုပ်တတ်ကြပါတယ်။ ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။

-ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း-

ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။ တိုက်ခန်း အပြီးအပိုင် ဝယ်မှာဖြစ်တဲ့အတွက် သက်သေခံ အထောက်အထား ရထားဖို့အတွက် ကန့်ကွက်တာတွေ ရှိမရှိ သတင်းစာမှာ ကြော်ငြာသင့်ပါတယ်။ ခုနစ်ရက်ပြည့်လို့ ကန့်ကွက်သူမရှိမှ အပြီးအပိုင် စာချုပ်ချုပ်သင့်ပါတယ်။

-မြေရှင်လက်မှတ်ယူပါ။-

တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။ အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ်။ မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။

Author: မေသက်

Credit -Kumudra

[Zawgyi version]

အိမ္ၿခံေျမ ဝယ္ေတာ့မယ္ဆိုရင္ ေတာင္းယူရမည့္ စာ႐ြက္စာတမ္းမ်ား

အိမ္ၿခံေျမ ဝယ္ေတာ့မယ္ဆိုရင္

အိမ္ၿခံေျမတိုက္ခန္း အေရာင္းအဝယ္လုပ္တဲ့အခါ ဝယ္ယူသူေတြအေနနဲ႔ ပိုၿပီးခိုင္မာမႈရွိေအာင္ ေတာင္းယူရမယ့္ စာ႐ြက္စာတမ္းတခ်ိဳ႕ကို မျဖစ္မေန ေတာင္းယူသင့္ပါတယ္။ အိမ္ၿခံေျမအေရာင္းအဝယ္ လုပ္တဲ့အခါ ေရာင္းသူနဲ႔ ပြဲစားေတြရဲ႕ ေျပာစကားေတြကိုသာ ဝယ္သူေတြက ယုံၾကည္ၾကရပါတယ္။ ဒါေၾကာင့္ အိမ္ၿခံေျမအေရာင္းအဝယ္ လုပ္တဲ့အခါ ပိုၿပီးစိတ္ခ်ႏိုင္ေအာင္ လုပ္သင့္တာေတြ ရွိပါတယ္။

-စရန္ေပးရင္ ပိုင္ဆိုင္မႈ မိတၱဴေတာင္းပါ။-

ဝယ္ယူသူေတြအေနနဲ႔ ေျမနဲ႔တိုက္ခန္းနဲ႔ ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြ မွန္ကန္ေအာင္ ျပည့္စုံေအာင္ ေသခ်ာမသိၾကဘူး။ ေဈးတန္ရင္ ေဈးဆစ္ဝယ္ၾကတာပါပဲ။ ကိုယ္ဝယ္မယ့္ေျမကို ဝယ္မယ့္ တိုက္ခန္း စာ႐ြက္စာတမ္းေတြကလည္း စရန္ေျမေပး စာခ်ဳပ္ခ်ဳပ္ေတာ့မွ ထုတ္ျပၾကတာပါ။ တစ္ခါတရံေရာင္းသူေတြက က်န္ေငြေခ်တဲ့အခါမွသာ မူရင္းေပးမယ္လို႔ ေျပာတတ္ၾကၿပီး ဒါေတြကို သတိထားသင့္ပါတယ္။

-စာ႐ြက္စာတမ္းကြၽမ္းက်င္သူ-

ဝယ္သူေတာ္ေတာ္မ်ားမ်ားက စရန္ေပး စာခ်ဳပ္ခ်ဳပ္တဲ့အခါ ေရွ႕ေနေခၚဖို႔ မလိုဘူးထင္ၿပီး ပြဲစားေတြ ယူလာတဲ့ အိမ္ၿခံေျမအေရာင္းအဝယ္စာခ်ဳပ္ေတြ တိုက္ခန္းအေရာင္းအဝယ္ စာခ်ဳပ္ေတြနဲ႔ပဲ စရန္ေငြေပး ၿပီးစလြယ္ လုပ္တတ္ၾကပါတယ္။ ဒါေၾကာင့္ဝယ္တဲ့အခါ ခိုင္မာေအာင္ စာ႐ြက္စာတမ္း ကြၽမ္းက်င္သူေတြကို ေခၚယူသင့္ပါတယ္။

-ေရာင္းသူထံက ေတာင္းယူမယ့္ စာ႐ြက္စာတမ္း-

ကန္ထ႐ိုက္ထံက တိုက္ခန္း တိုက္႐ိုက္ဝယ္ယူတဲ့အခါ ေျမရွင္နဲ႔ ကန္ထ႐ိုက္တို႔ အခန္းအေပးအယူ သေဘာတူစာခ်ဳပ္ခ်ဳပ္ထားတဲ့ ကတိစာခ်ဳပ္ (မိတၱဴ)၊ ေရာင္းသူနဲ႔က်န္ ကန္ထ႐ိုက္တာႏွစ္ဦး အခန္းခြဲေဝတဲ့ သေဘာတူစာခ်ဳပ္(မူရင္း)၊ BCC လူေနထိုင္ခြင့္ လက္မွတ္ (မိတၱဴ)ေတြကို ေရာင္းသူထံက ေတာင္းယူဖို႔ လိုအပ္ပါတယ္။ ၿပီးမွ ေရာင္းသူထံက မွတ္ပုံတင္မိတၱဴနဲ႔ အိမ္ေထာင္စု စာရင္းမိတၱဴ ေတာင္းယူသင့္ ပါတယ္။ တိုက္ခန္း အၿပီးအပိုင္ ဝယ္မွာျဖစ္တဲ့အတြက္ သက္ေသခံ အေထာက္အထား ရထားဖို႔အတြက္ ကန႔္ကြက္တာေတြ ရွိမရွိ သတင္းစာမွာ ေၾကာ္ျငာသင့္ပါတယ္။ ခုနစ္ရက္ျပည့္လို႔ ကန႔္ကြက္သူမရွိမွ အၿပီးအပိုင္ စာခ်ဳပ္ခ်ဳပ္သင့္ပါတယ္။

-ေျမရွင္လက္မွတ္ယူပါ။-

တိုက္ခန္းအေရာင္းအဝယ္ စာခ်ဳပ္ၿပီး အခြန္မေဆာင္ရင္ေတာ့ မိမိဝယ္တဲ့တိုက္ခန္းနဲ႔ ေျမရွင္လက္မွတ္ယူသင့္ပါတယ္။ အရင္ဆုံး ေျမရွင္လက္မွတ္ထိုးခအျဖစ္ ေျမနဲ႔အိမ္တန္ဖိုးေပၚမူတည္ၿပီး တစ္ရာခိုင္ႏႈန္း ေပးရပါတယ္။ ေျမရွင္လက္မွတ္ ထိုးေပးတဲ့အတြက္ အေရာင္းအဝယ္ ေကာင္းစြာျပဳလုပ္ႏိုင္ပါတယ္။

Author: ေမသက္

Credit -Kumudra

Leave a Reply

Your email address will not be published. Required fields are marked *