ဗဟုတုသ

ဒီေခတ္ၾကီးထဲမွာ ငါးခ်ဥ္၊ ပုဇြန္ခ်ဥ္ ကိုယ္တိုင္လုပ္ၿပီးပဲ စားၾကမယ္။

[Zawgyi version]
ငါးခ်ဥ္၊ ပုဇြန္ခ်ဥ္ ကိုယ္တိုင္လုပ္ၿပီးပဲ စားၾကမယ္။

ငါးခ်ဥ္၊ ပုဇြန္ခ်ဥ္ လုပ္နည္း

ပုဇြန္ေက်ာ့ရရ.ထုတ္ရရေပါ့။ ပုဇြန္ကို ေခါင္းခ်ိဳး ေရေဆးပါ။ ပုဇြန္ထုတ္ဆိုရင္ေတာ့ အခြံခြာပါေနာ္။ ပုဇြန္ေက်ာ့ေလးေတြ ဆိုရင္ေတာ့မခြာပါနဲ႔ ၿပီးရင္ ေရစင္စင္ေဆးပါ။ ေရစစ္ထားပါ။ ဆားအေနေတာ္နဲ႔ နယ္ပါမယ္။ ၿပီးရင္တညသိပ္ထားပါ။

ညထဲကဆန္ၾကမ္းကို ထမင္းခပ္မာမာေလး ခ်က္ထားပါေနာ္။ မနက္က်ရင္ ဆားနယ္ထားတဲ့ ပုဇြန္ကိုေရနဲ႔ တခါေလာက္ေဆးလိုက္ပါ။ ၿပီးရင္ညက ခ်က္ထားတဲ့ ထမင္းနဲ႔ေရာနယ္ပါေနာ္။ ၿပီးရင္ေကာ္ဘူးဆို ပိုေကာင္းပါတယ္။ အဲ့ထဲကို သိပ္ထည့္ပါ။ ၾကပ္ၾကပ္ေလး သိပ္ပါ။ ၿပီးရင္လုံေအာင္ပိတ္ၿပီး ထားလိုက္ပါ။။ သုံးရက္ေလာက္ဆို ခ်ဥ္ပါၿပီ။

အဲ့အခါမွာအဖုံးဖြင့္ၿပီး ဘူးကိုဇကာေလးခံလို. ေမွာက္ထားလိုက္ပါ။ အရည္ေတြ စစ္သြားေအာင္လို.ပါ။ ေန႔တဝက္ေလာက္ ေမွာက္ထားလိုက္ရင္ ရပါၿပီ။ ၿပီးရင္ေတာ့ ဖန္ပုလင္းျဖစ္ျဖစ္ ႏွစ္သက္ရာဘူးနဲ႔ လွယ္ထည့္ၿပီး ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္။ လိုသေလာက္ ယူသုတ္စားေပါ့။ နံနံပင္၊ ပင္စိမ္း၊ ရွမ္းနံနံ၊ တစ္မ်ိဳးမ်ိဳးနဲ႔ ၾကက္သြန္ျဖဴ နီ၊ င႐ုပ္စိမ္းေလးနဲ႔ ဆီေလးဆမ္း။ ၿပီးသုတ္။ ထမင္းၿမိန္ပါ့ရွင္။

ငါးဆိုရင္လဲ ကိုယ္လုပ္ခ်င္တဲ့ ငါးကိုလိုသလို တုံးျဖတ္ၿပီး ဒီနည္းအတိုင္းပဲ လုပ္ေနာ္။

ခ်စ္သူငယ္ခ်င္း အားလုံးကို ခင္မင္ေလးစားတဲ့

မနီ

ေနာ္ေဝး

Credit – မနီ (ေနာ္ေဝး)

[Unicode version]

ငါးချဉ်၊ ပုဇွန်ချဉ် ကိုယ်တိုင်လုပ်ပြီးပဲ စားကြမယ်။

ငါးချဉ်၊ ပုဇွန်ချဉ် လုပ်နည်း

ပုဇွန်ကျော့ရရ.ထုတ်ရရပေါ့။ ပုဇွန်ကို ခေါင်းချိုး ရေဆေးပါ။ ပုဇွန်ထုတ်ဆိုရင်တော့ အခွံခွာပါနော်။ ပုဇွန်ကျော့လေးတွေ ဆိုရင်တော့မခွာပါနဲ့ ပြီးရင် ရေစင်စင်ဆေးပါ။ ရေစစ်ထားပါ။ ဆားအနေတော်နဲ့ နယ်ပါမယ်။ ပြီးရင်တညသိပ်ထားပါ။

ညထဲကဆန်ကြမ်းကို ထမင်းခပ်မာမာလေး ချက်ထားပါနော်။ မနက်ကျရင် ဆားနယ်ထားတဲ့ ပုဇွန်ကိုရေနဲ့ တခါလောက်ဆေးလိုက်ပါ။ ပြီးရင်ညက ချက်ထားတဲ့ ထမင်းနဲ့ရောနယ်ပါနော်။ ပြီးရင်ကော်ဘူးဆို ပိုကောင်းပါတယ်။ အဲ့ထဲကို သိပ်ထည့်ပါ။ ကြပ်ကြပ်လေး သိပ်ပါ။ ပြီးရင်လုံအောင်ပိတ်ပြီး ထားလိုက်ပါ။။ သုံးရက်လောက်ဆို ချဉ်ပါပြီ။

အဲ့အခါမှာအဖုံးဖွင့်ပြီး ဘူးကိုဇကာလေးခံလို. မှောက်ထားလိုက်ပါ။ အရည်တွေ စစ်သွားအောင်လို.ပါ။ နေ့တဝက်လောက် မှောက်ထားလိုက်ရင် ရပါပြီ။ ပြီးရင်တော့ ဖန်ပုလင်းဖြစ်ဖြစ် နှစ်သက်ရာဘူးနဲ့ လှယ်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ လိုသလောက် ယူသုတ်စားပေါ့။ နံနံပင်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ တစ်မျိုးမျိုးနဲ့ ကြက်သွန်ဖြူ နီ၊ ငရုပ်စိမ်းလေးနဲ့ ဆီလေးဆမ်း။ ပြီးသုတ်။ ထမင်းမြိန်ပါ့ရှင်။

ငါးဆိုရင်လဲ ကိုယ်လုပ်ချင်တဲ့ ငါးကိုလိုသလို တုံးဖြတ်ပြီး ဒီနည်းအတိုင်းပဲ လုပ်နော်။

ချစ်သူငယ်ချင်း အားလုံးကို ခင်မင်လေးစားတဲ့

မနီ

နော်ဝေး

Credit – မနီ (နော်ဝေး)

Leave a Reply

Your email address will not be published. Required fields are marked *