ဗဟုတုသ

ပူစပ္စပ္ အရသာကို တခဏအတြင္း ေျပေပ်ာက္ေစမယ့္ အရည္ ၃ မ်ိဳး

[Zawgyi version]
ပူစပ္စပ္ အရသာကို တခဏအတြင္း ေျပေပ်ာက္ေစမယ့္ အရည္ ၃ မ်ိဳး

အစပ္အရသာကို ႀကိဳက္လို႔ပဲျဖစ္ျဖစ္၊ စိတ္ဖိစီးမႈ ေျပေပ်ာက္ေစခ်င္လို႔ပဲျဖစ္ျဖစ္ မၾကာခဏ စားျဖစ္ၾကပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြဟာ အစပ္အရသာကို ခုံမင္ႏွစ္သက္ၾကသလို စပ္တယ္လို႔ ခံစားမိရင္ေတာင္ ဆက္စားမိေနတတ္ၾကသူေတြပါ။

အစပ္ေတြစားၿပီး ပါးစပ္ထဲ မီးေတာက္သလို ခံစားမိတဲ့အခါ အစပ္ေျပေအာင္ ေရေသာက္ တတ္ၾကပါတယ္။ ဒါဟာ မွားယြင္းတဲ့ အယူအဆပါပဲ။ ဒါဆို ဘယ္လိုအစပ္ေျပေအာင္ လုပ္ႏိုင္မလဲ။ အေျဖကေတာ့ အရမ္း႐ိုးရွင္းပါတယ္။ ပါးစပ္တခုလုံး ထူပူစပ္ေနတာကို ေျပေပ်ာက္ေစမယ့္ အေကာင္းဆုံး အရည္ေတြ ရွိပါတယ္။

(၁) ႏြားႏို႔
ကိုယ္မခံႏိုင္ေလာက္တဲ့ အစပ္မ်ိဳး စားမိတဲ့အခါ၊ အစပ္ေတြ အမ်ားႀကီးစားလိုက္မိလို႔ ေရဘယ္ေလာက္ ေသာက္ေသာက္ အစပ္မေျပတဲ့အခါ ႏြားႏို႔ဟာ အေကာင္းဆုံး အေျဖတခုပါ။ အနည္းငယ္ ေသာက္လိုက္႐ုံနဲ႔ ခံစားေနရတဲ့ ပူစပ္စပ္အရသာကို တခဏတြင္း ေလ်ာ့က်သြားတာကို ခံစားမိမွာပါ။
စပ္တဲ့အစား အစာေတြမွာပါတဲ့ အဓိက ကြန္ေပါင္းတမ်ိဳး Capsaicin ေၾကာင့္ စားလိုက္တာနဲ႔ နပ္ဗ့္အေၾကာေတြက တဆင့္ အာ႐ုံေၾကာထိေအာင္ ေရာက္သြားၿပီး ဦးေႏွာက္ကို ပူေလာင္တဲ့ ခံစားခ်က္ကို သတင္းပို႔ပါေတာ့တယ္။ ဒီအခ်ိန္မွာပါတဲ့ casein ဓာတ္ကေတာ့ စပ္တဲ့ခံစားခ်က္ကို ေရဖ်န္းလိုက္သလို ေျပေပ်ာက္သြားေစပါတယ္။

(၂) ဒိန္ခ်ဥ္
ဒိန္ခ်ဥ္ကလည္းႏို႔ကို အခ်ဥ္ေဖာက္ထားတာမို႔ သက္သာေစတဲ့ နည္းလမ္းက တူညီပါတယ္။ ဒါ့အျပင္ အစပ္ေၾကာင့္ ပူေလာင္သြားတဲ့ လွ်ာအေပၚယံကိုပါ အလႊာတခုအေနနဲ႔ ျပန္လည္ ဖုံးအုပ္ ေပးလိုက္တာမို႔ စပ္တဲ့အရသာကို အခ်ိန္တိုအတြင္း သက္သာေစသလို ေနာက္ထပ္ မခံစားရေအာင္ တားဆီးေပးလိုက္ႏိုင္ပါတယ္။

(၃) ေရေႏြးၾကမ္း
ျမန္မာလူမ်ိဳးေတြက အရင္တည္းက စပ္တဲ့အစာေတြစားမိခဲ့ရင္ ေရေႏြးပူပူေလး ေသာက္တတ္ၾကပါတယ္။ ဘာလို႔ ေရေႏြးပူပူေတြက အစပ္ကို သက္သာေစရတာလဲ။ ေရေႏြးၾကမ္းက ပူတယ္ဆိုေပမယ့္ အပူစာ မဟုတ္ပါဘူး။ ေသာက္လိုက္တဲ့အခါမွာ ကိုယ္တြင္းအပူခ်ိန္ ေအးျမသြားေအာင္ အေအးဓာတ္ကို သိုေလွာင္ထားတာမို႔ ပူစပ္တဲ့ အရသာကို ေျပေပ်ာက္ေစတာပါ။

ႏြားႏို႔၊ ဒိန္ခ်ဥ္နဲ႔ ေရေႏြးၾကမ္းေတြအျပင္ ထမင္းအျဖဴထည္၊ ခရက္ကာနဲ႔ ေပါင္မုန႔္ေတြကလည္း ပူစပ္တဲ့အရသာကို ေျပေလ်ာ့ေစတဲ့ အစားအစာေတြပါ။

Ref: Tips and Tricks
Credit – Aurora (ဧရာဝတီ), The Irrawaddy-Burmese Edition

[Unicode version]
ပူစပ်စပ် အရသာကို တခဏအတွင်း ပြေပျောက်စေမယ့် အရည် ၃ မျိုး

အစပ်အရသာကို ကြိုက်လို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု ပြေပျောက်စေချင်လို့ပဲဖြစ်ဖြစ် မကြာခဏ စားဖြစ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဟာ အစပ်အရသာကို ခုံမင်နှစ်သက်ကြသလို စပ်တယ်လို့ ခံစားမိရင်တောင် ဆက်စားမိနေတတ်ကြသူတွေပါ။

အစပ်တွေစားပြီး ပါးစပ်ထဲ မီးတောက်သလို ခံစားမိတဲ့အခါ အစပ်ပြေအောင် ရေသောက် တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါပဲ။ ဒါဆို ဘယ်လိုအစပ်ပြေအောင် လုပ်နိုင်မလဲ။ အဖြေကတော့ အရမ်းရိုးရှင်းပါတယ်။ ပါးစပ်တခုလုံး ထူပူစပ်နေတာကို ပြေပျောက်စေမယ့် အကောင်းဆုံး အရည်တွေ ရှိပါတယ်။

(၁) နွားနို့
ကိုယ်မခံနိုင်လောက်တဲ့ အစပ်မျိုး စားမိတဲ့အခါ၊ အစပ်တွေ အများကြီးစားလိုက်မိလို့ ရေဘယ်လောက် သောက်သောက် အစပ်မပြေတဲ့အခါ နွားနို့ဟာ အကောင်းဆုံး အဖြေတခုပါ။ အနည်းငယ် သောက်လိုက်ရုံနဲ့ ခံစားနေရတဲ့ ပူစပ်စပ်အရသာကို တခဏတွင်း လျော့ကျသွားတာကို ခံစားမိမှာပါ။
စပ်တဲ့အစား အစာတွေမှာပါတဲ့ အဓိက ကွန်ပေါင်းတမျိုး Capsaicin ကြောင့် စားလိုက်တာနဲ့ နပ်ဗ့်အကြောတွေက တဆင့် အာရုံကြောထိအောင် ရောက်သွားပြီး ဦးနှောက်ကို ပူလောင်တဲ့ ခံစားချက်ကို သတင်းပို့ပါတော့တယ်။ ဒီအချိန်မှာပါတဲ့ casein ဓာတ်ကတော့ စပ်တဲ့ခံစားချက်ကို ရေဖျန်းလိုက်သလို ပြေပျောက်သွားစေပါတယ်။

(၂) ဒိန်ချဉ်
ဒိန်ချဉ်ကလည်းနို့ကို အချဉ်ဖောက်ထားတာမို့ သက်သာစေတဲ့ နည်းလမ်းက တူညီပါတယ်။ ဒါ့အပြင် အစပ်ကြောင့် ပူလောင်သွားတဲ့ လျှာအပေါ်ယံကိုပါ အလွှာတခုအနေနဲ့ ပြန်လည် ဖုံးအုပ် ပေးလိုက်တာမို့ စပ်တဲ့အရသာကို အချိန်တိုအတွင်း သက်သာစေသလို နောက်ထပ် မခံစားရအောင် တားဆီးပေးလိုက်နိုင်ပါတယ်။

(၃) ရေနွေးကြမ်း
မြန်မာလူမျိုးတွေက အရင်တည်းက စပ်တဲ့အစာတွေစားမိခဲ့ရင် ရေနွေးပူပူလေး သောက်တတ်ကြပါတယ်။ ဘာလို့ ရေနွေးပူပူတွေက အစပ်ကို သက်သာစေရတာလဲ။ ရေနွေးကြမ်းက ပူတယ်ဆိုပေမယ့် အပူစာ မဟုတ်ပါဘူး။ သောက်လိုက်တဲ့အခါမှာ ကိုယ်တွင်းအပူချိန် အေးမြသွားအောင် အအေးဓာတ်ကို သိုလှောင်ထားတာမို့ ပူစပ်တဲ့ အရသာကို ပြေပျောက်စေတာပါ။

နွားနို့၊ ဒိန်ချဉ်နဲ့ ရေနွေးကြမ်းတွေအပြင် ထမင်းအဖြူထည်၊ ခရက်ကာနဲ့ ပေါင်မုန့်တွေကလည်း ပူစပ်တဲ့အရသာကို ပြေလျော့စေတဲ့ အစားအစာတွေပါ။

Ref: Tips and Tricks
Credit – Aurora (ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *