ဗဟုတုသ

င႐ုတ္ေကာင္းမႈန႔္ရဲ႕ လူသိနည္းတဲ့ ထူးထူးျခားျခား အသုံးဝင္ပုံမ်ား

[Zawgyi version]

င႐ုတ္ေကာင္းမႈန႔္ရဲ႕ လူသိနည္းတဲ့ ထူးထူးျခားျခား အသုံးဝင္ပုံမ်ား

င႐ုတ္ေကာင္းဆိုတာ ဟင္းလ်ာခ်က္ျပဳတ္တဲ့အခါ အသုံးျပဳတဲ့ ဟင္းခတ္ အေမႊးအႀကိဳင္ တမ်ိဳးပါ။ င႐ုတ္ေကာင္းကို ေရွးေခတ္ကတည္းက ေဆးဝါးအျဖစ္ေရာ ဟင္းလ်ာခ်က္ျပဳတ္တဲ့အခါမွာပါ အသုံးျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ င႐ုတ္ေကာင္းေစ့မွာ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္၊သံဓာတ္၊ ဗီတာမင္ေကနဲ႔ ဗီတာမင္စီတို႔ပါဝင္ၿပီး အခုေဖာ္ျပေပးမွာကေတာ့ င႐ုတ္ေကာင္းေစ့ရဲ႕ လူသိနည္းတဲ့ အသုံးဝင္ပုံေတြပဲ ျဖစ္ပါတယ္။

(၁) င႐ုတ္ေကာင္းေစ့ဟာ သဘာဝ ပိုးသတ္ေဆးတမ်ိဳးျဖစ္ၿပီး အိမ္မွာစိုက္ထားတဲ့ အလွ ပန္းပင္ေတြကို ပိုးမႊားေတြ ဖ်က္ဆီးစားသုံးတဲ့အခါ င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ င႐ုတ္သီးမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔နဲ႔ ေရတို႔ကို ေရာစပ္ၿပီး အပင္ေတြေပၚ ပက္ျဖန္းေပး႐ုံနဲ႔ ပိုးမႊားေတြ အႏၲရာယ္ကေန လြတ္ကင္းေစမွာ ျဖစ္ပါတယ္။

(၂) ခံတြင္းထဲမွာ အပူနာလို အနာမ်ိဳးေပါက္တဲ့ အခါေတြနဲ႔ လည္ေခ်ာင္းနာတဲ့ အခါမ်ိဳးေတြမွာ ဆားလက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ေရခပ္ေႏြးေႏြးတို႔ကို ေရာစပ္ၿပီး ပလုတ္က်င္းေပး႐ုံနဲ႔ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၃) အေရာင္ေတာက္ေတာက္ အက်ႌေတြကို ေလွ်ာ္ဖြပ္တဲ့အခါ အေရာင္ေတြ အလြယ္တကူ မကြၽတ္သြားေစဖို႔နဲ႔ အသစ္အတိုင္း ေတာက္ပေနေစဖို႔အတြက္ င႐ုတ္ေကာင္းမႈန႔္ အနည္းငယ္ကို ဆပ္ျပာနဲ႔ ေရာစပ္ၿပီး ေလွ်ာ္ဖြပ္ေပးႏိုင္ပါတယ္။

(၄) မီးဖိုေခ်ာင္နဲ႔ သင့္အိမ္တြင္းမွာ ပု႐ြက္ဆိတ္ေတြ ေသာင္းက်န္းေနၿပီဆိုရင္ေတာ့ ပု႐ြက္ဆိတ္ေတြ လာတတ္တဲ့ လမ္းတေလွ်ာက္မွာ င႐ုတ္ေကာင္းမႈန႔္ အနည္းငယ္ ျဖဴးေပးထား႐ုံနဲ႔ ပု႐ြက္ဆိတ္ေတြ ထပ္မလာေအာင္ ျပဳလုပ္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

(၅) င႐ုတ္ေကာင္းမႈန႔္ကို သဘာဝ ေခ်ာင္းဆိုးရင္က်ပ္ ေပ်ာက္ေဆးအျဖစ္ ေရွးယခင္တည္းက အသုံးျပဳခဲ့ၾကတာျဖစ္ၿပီး င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း တဝက္ခန႔္၊ ဂ်င္းအနည္းငယ္၊ ပ်ားရည္ အနည္းငယ္နဲ႔ ေရေႏြးတို႔ကို ေရာစပ္ၿပီး ေသာက္သုံးေပးျခင္းအားျဖင့္ ေခ်ာင္းဆိုး ရင္က်ပ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

Ref : theindianspot.com

Credit – ဟယ္လ္သင္ (ဧရာဝတီ) , The Irrawaddy-Burmese Edition

[Unicode version]

ငရုတ်ကောင်းမှုန့်ရဲ့ လူသိနည်းတဲ့ ထူးထူးခြားခြား အသုံးဝင်ပုံများ

ငရုတ်ကောင်းဆိုတာ ဟင်းလျာချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ ဟင်းခတ် အမွှေးအကြိုင် တမျိုးပါ။ ငရုတ်ကောင်းကို ရှေးခေတ်ကတည်းက ဆေးဝါးအဖြစ်ရော ဟင်းလျာချက်ပြုတ်တဲ့အခါမှာပါ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ငရုတ်ကောင်းစေ့မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊သံဓာတ်၊ ဗီတာမင်ကေနဲ့ ဗီတာမင်စီတို့ပါဝင်ပြီး အခုဖော်ပြပေးမှာကတော့ ငရုတ်ကောင်းစေ့ရဲ့ လူသိနည်းတဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။

(၁) ငရုတ်ကောင်းစေ့ဟာ သဘာဝ ပိုးသတ်ဆေးတမျိုးဖြစ်ပြီး အိမ်မှာစိုက်ထားတဲ့ အလှ ပန်းပင်တွေကို ပိုးမွှားတွေ ဖျက်ဆီးစားသုံးတဲ့အခါ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့နဲ့ ရေတို့ကို ရောစပ်ပြီး အပင်တွေပေါ် ပက်ဖြန်းပေးရုံနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ လွတ်ကင်းစေမှာ ဖြစ်ပါတယ်။

(၂) ခံတွင်းထဲမှာ အပူနာလို အနာမျိုးပေါက်တဲ့ အခါတွေနဲ့ လည်ချောင်းနာတဲ့ အခါမျိုးတွေမှာ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေခပ်နွေးနွေးတို့ကို ရောစပ်ပြီး ပလုတ်ကျင်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) အရောင်တောက်တောက် အင်္ကျီတွေကို လျှော်ဖွပ်တဲ့အခါ အရောင်တွေ အလွယ်တကူ မကျွတ်သွားစေဖို့နဲ့ အသစ်အတိုင်း တောက်ပနေစေဖို့အတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဆပ်ပြာနဲ့ ရောစပ်ပြီး လျှော်ဖွပ်ပေးနိုင်ပါတယ်။

(၄) မီးဖိုချောင်နဲ့ သင့်အိမ်တွင်းမှာ ပုရွက်ဆိတ်တွေ သောင်းကျန်းနေပြီဆိုရင်တော့ ပုရွက်ဆိတ်တွေ လာတတ်တဲ့ လမ်းတလျှောက်မှာ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးထားရုံနဲ့ ပုရွက်ဆိတ်တွေ ထပ်မလာအောင် ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) ငရုတ်ကောင်းမှုန့်ကို သဘာဝ ချောင်းဆိုးရင်ကျပ် ပျောက်ဆေးအဖြစ် ရှေးယခင်တည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ခန့်၊ ဂျင်းအနည်းငယ်၊ ပျားရည် အနည်းငယ်နဲ့ ရေနွေးတို့ကို ရောစပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် ချောင်းဆိုး ရင်ကျပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Ref : theindianspot.com

Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *