ဗဟုတုသ

ကျန်းမာရေးအတွက် သိထားသင့်တဲ့ ပလတ်စတစ်ဘူးပေါ်က သင်္ကေတတွေ

[Zawgyi version]
က်န္းမာေရးအတြက္ သိထားသင့္တဲ့ ပလတ္စတစ္ဘူးေပၚက သေကၤတေတြ

ပလတ္စတစ္နဲ႔လုပ္ထားတဲ့ ေရဘူးေတြနဲ႔ ပလတ္စတစ္ပစၥည္းေတြမွာပါတဲ့ သေကၤတေလးကို သတိထားမိၾကမယ္ ထင္ပါတယ္။ ဒါေပမယ့္ အဲဒီသေကၤတေတြရဲ႕အဓိပၸာယ္ကိုေတာ့ သိတဲ့သူ နည္းပါလိမ့္မယ္။
အဲဒီသေကၤတေတြမွာ အဓိပၸာယ္ေတြအသီးသီးရွိပါတယ္။ သုံးစြဲႏိုင္တဲ့ အေနအထားအေပၚ မူတည္ၿပီး အဆင့္ခြဲျခား သတ္မွတ္ေပးထားတာပဲ ျဖစ္ပါတယ္။

ပုံမွာျမင္ရတဲ့အတိုင္း ဒီသေကၤတေလးေတြကို ပလတ္စတစ္ပစၥည္းတိုင္းမွာ ေတြ႕ျမင္ရမွာပါ။ ျမားလက္ယာရစ္ ႀတိဂံေတြထဲမွာ ဂဏန္း ၁ ကေန ၇ အထိ ရွိပါတယ္။ ဒီဂဏန္းေတြရဲ႕ အဓိပၸာယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ PET သို႔မဟုတ္ PETE

ဒီတစ္ခုကိုေတာ့ လူအမ်ား ရင္းႏွီးၿပီးသားျဖစ္မွာပါ။ အစားအေသာက္ ထုတ္ပိုးတဲ့ေနရာမွာသုံးတဲ့ ပလတ္စတစ္ပစၥည္းတိုင္းမွာ ဒီသေကၤတကို ပါရွိပါတယ္။ အထူးသျဖင့္ ေရပုလင္းေတြ၊ အခ်ိဳရည္ပုလင္းေတြနဲ႔ ဘီယာပုလင္းေတြမွာ ဒီသေကၤတ ပါဝင္ပါတယ္။ သေဘာကေတာ့ ဒီသေကၤတပါတဲ့ ပလတ္စတစ္ပစၥည္းေတြဟာ တစ္ခါသုံးေတြျဖစ္ၿပီး ေနာက္တစ္ႀကိမ္သုံးမယ္ဆိုရင္ ဘတ္တီးရီးယားေတြကို ဖယ္ရွားဖို႔ အာမခံဘူးလို႔ ဆိုလိုတာပဲျဖစ္ပါတယ္။

၂။ HDP သို႔မဟုတ္ HDPE

HDPE ေတြကေတာ့ ပိုမိုမာေၾကာတဲ့ ပလတ္စတစ္ပစၥည္းေတြမွာ ေတြ႕ရတတ္ၿပီး ႏို႔ကရား၊ အဝတ္ေလွ်ာ္ဆပ္ျပာဘူး၊ ဆီပုလင္း၊ အ႐ုပ္နဲ႔ တျခားပလတ္စတစ္ပစၥည္းေတြမွာ ဒီသေကၤတ ပါဝင္ေလ့ရွိပါတယ္။ ဒီသေကၤတကေတာ့ အႏၲရာယ္အကင္းဆုံးျဖစ္ၿပီး ေရဘူးလုပ္ဖို႔ဝယ္တဲ့အခါ ဒီသေကၤတပါတဲ့ ပလတ္စတစ္ဘူးကို ဝယ္သင့္ပါတယ္။ ဒီပလတ္စတစ္ဘူးအမ်ိဳးအစားကေန ဓာတုဓာတ္ပစၥည္းထုတ္လႊတ္မႈ နည္းပါးတဲ့အတြက္ လူ႔ရဲ႕က်န္းမာေရးကို အက်ိဳးသက္ေရာက္မႈသိပ္မရွိႏိုင္ဘူးလို႔ ဆိုပါတယ္။

၃။ PVC သို႔မဟုတ္ 3V

ဒီသေကၤတကိုေတာ့ ေပ်ာ့ေျပာင္းတဲ့ ပလတ္စတစ္ပစၥည္းေတြမွာ ေတြ႕ရတတ္ၿပီး အဆိပ္အေတာက္ဓာတ္ပမာဏ အျမင့္မားဆုံး ပါရွိပါတယ္။ မ်ားေသာအားျဖင့္ အစားအေသာက္ ထုပ္ပိုးတဲ့ေနရာေတြ၊ ဆီပုလင္းေတြ၊ ကေလးကစားစရာအ႐ုပ္ေတြနဲ႔ ပစၥည္းေတြအေပၚက အုပ္ထားတဲ့အရာေတြအျဖစ္နဲ႔ သုံးၾကပါတယ္။ ဒီပလတ္စတစ္က ဆိုး႐ြားတဲ့ ဓာတုပစၥည္းေတြကို ထုတ္လႊတ္တာေၾကာင့္ ခႏၶာကိုယ္အတြက္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုပဲ ဆက္တိုက္ျဖစ္ေစႏိုင္ပါတယ္။

၄။ LDPE

ဒီအမ်ိဳးအစားကေတာ့ ေရထဲကို ဓာတုဓာတ္ပစၥည္းေတြ မထုတ္လႊတ္ႏိုင္ေပမယ့္ ေရပုလင္းေတြအေနနဲ႔ ေတြ႕ရမွာ မဟုတ္ပါဘူး။ အစားအစာ ထုပ္ပိုးထားတဲ့ ေနရာေတြမွာေတာ့ ေတြ႕ႏိုင္ပါတယ္။ ဒီသေကၤတပါတဲ့ ပလတ္စတစ္ေတြ ကေတာ့ လူ႔က်န္းမာေရးအတြက္ ဆိုးဆိုး႐ြား႐ြား အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းေတြကိုပဲ ထုတ္လႊတ္တာေၾကာင့္ အစားအေသာက္ထုပ္ပိုးတဲ့ေနရာမွာ လုံးဝေရွာင္ရွားသင့္ပါတယ္။

၅။ PP

ဒီအမ်ိဳးအစားပလတ္စတစ္ကို ဒိန္ခ်ဥ္ကပ္ေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ ေဖာက္ထြင္းျမင္ရတဲ့ ပလတ္စတစ္အၾကည္မ်ိဳးနဲ႔ ေတြ႕ရမွာပါ။ မာေၾကာ၊ ေပါ့ပါးၿပီး အပူဒဏ္ကို ခံႏိုင္ရည္ရွိပါတယ္။ အပူေပးရင္ အလြယ္တကူ အရည္ေပ်ာ္မသြားသလို၊ အစိုဓာတ္ဝင္တာ၊ အဆီေတြ အျပင္ကိုထြက္တာ၊ ဓာတုပစၥည္းေတြ ထုတ္လႊတ္တာမ်ိဳး မရွိတဲ့အတြက္ ဒီအမ်ိဳးအစားကေတာ့ အႏၲရာယ္အကင္းဆုံး အမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။

၆။ PS

ေဈးေပါၿပီး ေပါ့ပါးတဲ့ ပလတ္စတစ္အမ်ိဳးအစားျဖစ္ပါတယ္။ ကုန္ပစၥည္းအမ်ိဳးမ်ိဳးအတြက္ အသုံးျပဳၿပီး မ်ားေသာအားျဖင့္ ေသာက္ေရခြက္၊ ၾကက္ဥထည့္တဲ့ကတ္၊ ပလတ္စတစ္ဇြန္းခက္ရင္းနဲ႔ အစားအေသာက္ ထည့္တဲ့ ေဖာ့ဘူးေတြထုတ္တဲ့ေနရာမွာ သုံးပါတယ္။

၇။ PC သို႔မဟုတ္ တံဆိပ္ကပ္မထားသည့္ ပလတ္စတစ္

ဒီအမ်ိဳးအစားပလတ္စတစ္ကေတာ့ အႏၲရာယ္အရွိဆုံးပါပဲ။ PC လို႔ တပ္ခ်င္တပ္ထားႏိုင္သလို၊ အထက္မွာျပထားတဲ့ သေကၤတေတြ တစ္ခုမွ တပ္မထားတာလဲ ျဖစ္ႏိုင္ပါတယ္။ ဒီပလတ္စတစ္ကေန အရည္ထဲကိုေရာ အစားအစာထဲကိုပါ ဓာတုပစၥည္းေတြ ထုတ္လႊတ္ႏိုင္တဲ့အတြက္ အစားအစာနဲ႔ အရည္ေတြထုတ္ပိုးတဲ့ေနရာမွာ လုံးဝမသုံးသင့္တဲ့ ပလတ္စတစ္အမ်ိဳးအစားပဲ ျဖစ္ပါတယ္။

Credit :
From Wowbox.

[Unicode version]
ကျန်းမာရေးအတွက် သိထားသင့်တဲ့ ပလတ်စတစ်ဘူးပေါ်က သင်္ကေတတွေ

ပလတ်စတစ်နဲ့လုပ်ထားတဲ့ ရေဘူးတွေနဲ့ ပလတ်စတစ်ပစ္စည်းတွေမှာပါတဲ့ သင်္ကေတလေးကို သတိထားမိကြမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီသင်္ကေတတွေရဲ့အဓိပ္ပာယ်ကိုတော့ သိတဲ့သူ နည်းပါလိမ့်မယ်။
အဲဒီသင်္ကေတတွေမှာ အဓိပ္ပာယ်တွေအသီးသီးရှိပါတယ်။ သုံးစွဲနိုင်တဲ့ အနေအထားအပေါ် မူတည်ပြီး အဆင့်ခွဲခြား သတ်မှတ်ပေးထားတာပဲ ဖြစ်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း ဒီသင်္ကေတလေးတွေကို ပလတ်စတစ်ပစ္စည်းတိုင်းမှာ တွေ့မြင်ရမှာပါ။ မြားလက်ယာရစ် တြိဂံတွေထဲမှာ ဂဏန်း ၁ ကနေ ၇ အထိ ရှိပါတယ်။ ဒီဂဏန်းတွေရဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ PET သို့မဟုတ် PETE

ဒီတစ်ခုကိုတော့ လူအများ ရင်းနှီးပြီးသားဖြစ်မှာပါ။ အစားအသောက် ထုတ်ပိုးတဲ့နေရာမှာသုံးတဲ့ ပလတ်စတစ်ပစ္စည်းတိုင်းမှာ ဒီသင်္ကေတကို ပါရှိပါတယ်။ အထူးသဖြင့် ရေပုလင်းတွေ၊ အချိုရည်ပုလင်းတွေနဲ့ ဘီယာပုလင်းတွေမှာ ဒီသင်္ကေတ ပါဝင်ပါတယ်။ သဘောကတော့ ဒီသင်္ကေတပါတဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ တစ်ခါသုံးတွေဖြစ်ပြီး နောက်တစ်ကြိမ်သုံးမယ်ဆိုရင် ဘတ်တီးရီးယားတွေကို ဖယ်ရှားဖို့ အာမခံဘူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။

၂။ HDP သို့မဟုတ် HDPE

HDPE တွေကတော့ ပိုမိုမာကြောတဲ့ ပလတ်စတစ်ပစ္စည်းတွေမှာ တွေ့ရတတ်ပြီး နို့ကရား၊ အဝတ်လျှော်ဆပ်ပြာဘူး၊ ဆီပုလင်း၊ အရုပ်နဲ့ တခြားပလတ်စတစ်ပစ္စည်းတွေမှာ ဒီသင်္ကေတ ပါဝင်လေ့ရှိပါတယ်။ ဒီသင်္ကေတကတော့ အန္တရာယ်အကင်းဆုံးဖြစ်ပြီး ရေဘူးလုပ်ဖို့ဝယ်တဲ့အခါ ဒီသင်္ကေတပါတဲ့ ပလတ်စတစ်ဘူးကို ဝယ်သင့်ပါတယ်။ ဒီပလတ်စတစ်ဘူးအမျိုးအစားကနေ ဓာတုဓာတ်ပစ္စည်းထုတ်လွှတ်မှု နည်းပါးတဲ့အတွက် လူ့ရဲ့ကျန်းမာရေးကို အကျိုးသက်ရောက်မှုသိပ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။

၃။ PVC သို့မဟုတ် 3V

ဒီသင်္ကေတကိုတော့ ပျော့ပြောင်းတဲ့ ပလတ်စတစ်ပစ္စည်းတွေမှာ တွေ့ရတတ်ပြီး အဆိပ်အတောက်ဓာတ်ပမာဏ အမြင့်မားဆုံး ပါရှိပါတယ်။ များသောအားဖြင့် အစားအသောက် ထုပ်ပိုးတဲ့နေရာတွေ၊ ဆီပုလင်းတွေ၊ ကလေးကစားစရာအရုပ်တွေနဲ့ ပစ္စည်းတွေအပေါ်က အုပ်ထားတဲ့အရာတွေအဖြစ်နဲ့ သုံးကြပါတယ်။ ဒီပလတ်စတစ်က ဆိုးရွားတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်တာကြောင့် ခန္ဓာကိုယ်အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပဲ ဆက်တိုက်ဖြစ်စေနိုင်ပါတယ်။

၄။ LDPE

ဒီအမျိုးအစားကတော့ ရေထဲကို ဓာတုဓာတ်ပစ္စည်းတွေ မထုတ်လွှတ်နိုင်ပေမယ့် ရေပုလင်းတွေအနေနဲ့ တွေ့ရမှာ မဟုတ်ပါဘူး။ အစားအစာ ထုပ်ပိုးထားတဲ့ နေရာတွေမှာတော့ တွေ့နိုင်ပါတယ်။ ဒီသင်္ကေတပါတဲ့ ပလတ်စတစ်တွေ ကတော့ လူ့ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကိုပဲ ထုတ်လွှတ်တာကြောင့် အစားအသောက်ထုပ်ပိုးတဲ့နေရာမှာ လုံးဝရှောင်ရှားသင့်ပါတယ်။

၅။ PP

ဒီအမျိုးအစားပလတ်စတစ်ကို ဒိန်ချဉ်ကပ်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ ပလတ်စတစ်အကြည်မျိုးနဲ့ တွေ့ရမှာပါ။ မာကြော၊ ပေါ့ပါးပြီး အပူဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ အပူပေးရင် အလွယ်တကူ အရည်ပျော်မသွားသလို၊ အစိုဓာတ်ဝင်တာ၊ အဆီတွေ အပြင်ကိုထွက်တာ၊ ဓာတုပစ္စည်းတွေ ထုတ်လွှတ်တာမျိုး မရှိတဲ့အတွက် ဒီအမျိုးအစားကတော့ အန္တရာယ်အကင်းဆုံး အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

၆။ PS

ဈေးပေါပြီး ပေါ့ပါးတဲ့ ပလတ်စတစ်အမျိုးအစားဖြစ်ပါတယ်။ ကုန်ပစ္စည်းအမျိုးမျိုးအတွက် အသုံးပြုပြီး များသောအားဖြင့် သောက်ရေခွက်၊ ကြက်ဥထည့်တဲ့ကတ်၊ ပလတ်စတစ်ဇွန်းခက်ရင်းနဲ့ အစားအသောက် ထည့်တဲ့ ဖော့ဘူးတွေထုတ်တဲ့နေရာမှာ သုံးပါတယ်။

၇။ PC သို့မဟုတ် တံဆိပ်ကပ်မထားသည့် ပလတ်စတစ်

ဒီအမျိုးအစားပလတ်စတစ်ကတော့ အန္တရာယ်အရှိဆုံးပါပဲ။ PC လို့ တပ်ချင်တပ်ထားနိုင်သလို၊ အထက်မှာပြထားတဲ့ သင်္ကေတတွေ တစ်ခုမှ တပ်မထားတာလဲ ဖြစ်နိုင်ပါတယ်။ ဒီပလတ်စတစ်ကနေ အရည်ထဲကိုရော အစားအစာထဲကိုပါ ဓာတုပစ္စည်းတွေ ထုတ်လွှတ်နိုင်တဲ့အတွက် အစားအစာနဲ့ အရည်တွေထုတ်ပိုးတဲ့နေရာမှာ လုံးဝမသုံးသင့်တဲ့ ပလတ်စတစ်အမျိုးအစားပဲ ဖြစ်ပါတယ်။

Credit :
From Wowbox.

Leave a Reply

Your email address will not be published. Required fields are marked *