ဗဟုတုသ

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ငွေကြေးများအကြောင်း ဗဟုသုတ

(Zawgyi)

ကမာၻ႔ တန္ဖိုးအႀကီးဆုံး ေငြေၾကးမ်ား

ကမာၻ႔တန္ဖိုးအႀကီးဆုံးေငြေၾကးလို႔ ေျပာလိုက္တာနဲ႔ အားလုံးရဲ႕ အေတြးထဲဝင္လာတာက အဂၤလန္ရဲ႕ ေငြေၾကးျဖစ္တဲ့ Pound ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္က အဲ့လို မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီတခါမွာ ကမာၻေပၚမွာ တန္ဖိုးအျမင့္ဆုံး ေငြေၾကးေတြကို ေဖာ္ျပခ်င္ပါတယ္။

(၁) Kuwait Dinar (ကူ၀ိတ္ ဒိုင္နာ)

KWD ( Kuwait Dinar) ဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံး ျဖစ္ပါတယ္။ 1KWD ဟာ အေမရိကန္ေဒၚလာ ၃ ဒႆမ ၃၃ ေဒၚလာ နဲ႔ ညီမွ်ပါတယ္။ ကူဝိတ္ဟာ ႏိုင္ငံေသးေပမယ့္ တကမာၻလုံးမွာ ရွိတဲ့ ေရနံေဈးကြက္ေတြထဲ ေရနံတင္ပို႔မႈျမင့္မားတာေၾကာင့္ ေငြေၾကးက တန္ဖိုးရွိေနတာ ျဖစ္ပါတယ္။

(၂) Bahrian Dinar (ဘာရိန္း ဒိုင္နာ)

BHD လို႔ေခၚတဲ့ ဒီပိုက္ဆံဟာ ပါရွန္းပင္လယ္ေကြ႕မွာရွိတဲ့ Bahrain ႏိုင္ငံရဲ႕ ေငြေၾကး ျဖစ္ပါတယ္။ ဒီႏိုင္ငံဟာ လူဦးေရ ၁ မီလီယံသာရွိၿပီး တိုင္းျပည္ဝင္ေငြ အားလုံးနီးပါးကို ေရနံတင္ပို႔မႈက ရရွိပါတယ္။ 1BHD ဟာ အေမရိကန္ေဒၚလာ ၂ ဒႆမ ၆၅ ေဒၚလာနဲ႔ ညီမွ်ပါတယ္။

(၃) Oman Rial (အိုမန္ ရီယယ္)

OMR လို႔ အတိုေကာက္ေခၚတဲ့ ဒီပိုက္ဆံကေတာ့ 1OMR ဟာ အေမရိကန္ေဒၚလာ ၂ ဒႆမ ၆၀ နဲ႔ ညီမွ်ပါတယ္။ Oman ဟာ အာေရဗီယန္ ကြၽန္းဆြယ္မွာ တည္ရွိတဲ့ ႏိုင္ငံ ျဖစ္ပါတယ္။ ဒီႏိုင္ငံဟာ ဖြံ႕ၿဖိဳးတဲ့ စီးပြားေရးနဲ႔ ျမင့္မားတဲ့ လူေနမႈ အဆင့္အတန္းရွိတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။

(၄) Jordan Dinar (ေဂ်ာ္ဒန္ ဒိုင္နာ)

JOD လို႔ အတိုေကာက္ေခၚတဲ့ ဒီပိုက္ဆံကေတာ့ အေမရိကန္ေဒၚလာထက္ ဘာလို႔ ပိုတန္ဖိုးႀကီးေနမွန္း ဘယ္သူမွ မသိၾကပါဘူး။ ဒီႏိုင္ငံဟာ စီးပြားေရးအရ တိုးတက္ျခင္းလည္း သိပ္မရွိသလို သယံဇာတေတြလည္း ကုန္သေလာက္ရွိ ေနၿပီ ျဖစ္ေပမယ့္ 1 JOD ဟာ ၁ ဒႆမ ၄၁ ေဒၚလာ တန္ဖိုးရွိပါတယ္။

(၅) British Pound

လူေတာ္ေတာ္မ်ားမ်ားက အဂၤလန္ေပါင္ဟာ တန္ဖိုးအျမင့္ဆုံး ေငြေၾကးလို႔ ထင္ၾကေပမယ့္ တကယ္တမ္းမွာေတာ့ နံပတ္ ၅ ေနရာမွာသာ ရွိပါတယ္။ ကိုလိုနီေခတ္ရဲ႕ က်န္ရွိခဲ့တဲ့ စနစ္ေတြအရ Pound ကို အသုံးျပဳတဲ့ ႏိုင္ငံအမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ အဂၤလန္ ႏိုင္ငံသားေတြကေတာ့ တျခားႏိုင္ငံေတြကေငြေၾကးျဖစ္တဲ့ တျခား Pound ေငြကို ေငြေပးေခ်မႈမွာ လက္ခံျခင္း မရွိပါဘူး။ 1GBP ဟာ ၁ ဒႆမ ၂၉ ေဒၚလာနဲ႔ ညီမွ်ပါတယ္။

ဒီေနရာမွာ စံသတ္မွတ္ခ်က္အေနနဲ႔ အသုံးျပဳထားတဲ့ USD ဟာ အေမရိကန္ေဒၚလာကို ရည္ၫႊန္းတာျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁ ေဒၚလာဟာ ျမန္မာက်ပ္ေငြ ၁၅၀၀ က်ပ္ ပတ္ဝန္းက်င္ ေပါက္ေဈး ရွိေနပါတယ္။

Ref; fxssi.com

ေရဗန္ (ဧရာဝတီ)

Credit – The Irrawaddy – Burmese Edition

(Unicode)

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ငွေကြေးများ

ကမ္ဘာ့တန်ဖိုးအကြီးဆုံးငွေကြေးလို့ ပြောလိုက်တာနဲ့ အားလုံးရဲ့ အတွေးထဲဝင်လာတာက အင်္ဂလန်ရဲ့ ငွေကြေးဖြစ်တဲ့ Pound ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က အဲ့လို မဟုတ်ပါဘူး။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး ငွေကြေးတွေကို ဖော်ပြချင်ပါတယ်။

(၁) Kuwait Dinar (ကူဝိတ် ဒိုင်နာ)

KWD ( Kuwait Dinar) ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖြစ်ပါတယ်။ 1KWD ဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၃ ဒေါ်လာ နဲ့ ညီမျှပါတယ်။ ကူဝိတ်ဟာ နိုင်ငံသေးပေမယ့် တကမ္ဘာလုံးမှာ ရှိတဲ့ ရေနံဈေးကွက်တွေထဲ ရေနံတင်ပို့မှုမြင့်မားတာကြောင့် ငွေကြေးက တန်ဖိုးရှိနေတာ ဖြစ်ပါတယ်။

(၂) Bahrian Dinar (ဘာရိန်း ဒိုင်နာ)

BHD လို့ခေါ်တဲ့ ဒီပိုက်ဆံဟာ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ Bahrain နိုင်ငံရဲ့ ငွေကြေး ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ လူဦးရေ ၁ မီလီယံသာရှိပြီး တိုင်းပြည်ဝင်ငွေ အားလုံးနီးပါးကို ရေနံတင်ပို့မှုက ရရှိပါတယ်။ 1BHD ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၅ ဒေါ်လာနဲ့ ညီမျှပါတယ်။

(၃) Oman Rial (အိုမန် ရီယယ်)

OMR လို့ အတိုကောက်ခေါ်တဲ့ ဒီပိုက်ဆံကတော့ 1OMR ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၀ နဲ့ ညီမျှပါတယ်။ Oman ဟာ အာရေဗီယန် ကျွန်းဆွယ်မှာ တည်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဖွံ့ဖြိုးတဲ့ စီးပွားရေးနဲ့ မြင့်မားတဲ့ လူနေမှု အဆင့်အတန်းရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

(၄) Jordan Dinar (ဂျော်ဒန် ဒိုင်နာ)

JOD လို့ အတိုကောက်ခေါ်တဲ့ ဒီပိုက်ဆံကတော့ အမေရိကန်ဒေါ်လာထက် ဘာလို့ ပိုတန်ဖိုးကြီးနေမှန်း ဘယ်သူမှ မသိကြပါဘူး။ ဒီနိုင်ငံဟာ စီးပွားရေးအရ တိုးတက်ခြင်းလည်း သိပ်မရှိသလို သယံဇာတတွေလည်း ကုန်သလောက်ရှိ နေပြီ ဖြစ်ပေမယ့် 1 JOD ဟာ ၁ ဒဿမ ၄၁ ဒေါ်လာ တန်ဖိုးရှိပါတယ်။

(၅) British Pound

လူတော်တော်များများက အင်္ဂလန်ပေါင်ဟာ တန်ဖိုးအမြင့်ဆုံး ငွေကြေးလို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ နံပတ် ၅ နေရာမှာသာ ရှိပါတယ်။ ကိုလိုနီခေတ်ရဲ့ ကျန်ရှိခဲ့တဲ့ စနစ်တွေအရ Pound ကို အသုံးပြုတဲ့ နိုင်ငံအများကြီး ရှိပါတယ်။ ဒါပေမယ့် အင်္ဂလန် နိုင်ငံသားတွေကတော့ တခြားနိုင်ငံတွေကငွေကြေးဖြစ်တဲ့ တခြား Pound ငွေကို ငွေပေးချေမှုမှာ လက်ခံခြင်း မရှိပါဘူး။ 1GBP ဟာ ၁ ဒဿမ ၂၉ ဒေါ်လာနဲ့ ညီမျှပါတယ်။

ဒီနေရာမှာ စံသတ်မှတ်ချက်အနေနဲ့ အသုံးပြုထားတဲ့ USD ဟာ အမေရိကန်ဒေါ်လာကို ရည်ညွှန်းတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဟာ မြန်မာကျပ်ငွေ ၁၅၀၀ ကျပ် ပတ်ဝန်းကျင် ပေါက်ဈေး ရှိနေပါတယ်။

Ref; fxssi.com

ရေဗန် (ဧရာဝတီ)

Credit – The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *