ဗဟုတုသ

ကင္ပြန္းခ်ဥ္ရဲ့အံ့မခမ္း အစြမ္း ဒီေလာက္စြမ္းမွန္း ခုသိရျပီဗ်ာ

[Zawgyi version]
ေက်ာက္ကပ္၊ ႏွလုံး၊ အသည္းေရာဂါေတြေတာင္ ေပ်ာက္ေစလို႔ သိမ္းထားပါ။

ပူျပင္းေျခာက္ေသြ႕ေသာ ေႏြကာလႏွင့္ လိုက္ဖက္ေသာ အစာလည္းေဆး၊ ေဆးလည္း အစာ တစ္မ်ိဳးမွာ ကင္ပြန္းခ်ဥ္ ျဖစ္သည္။ က်န္းမာသူအတြက္ အာဟာရျဖစ္ၿပီး မက်န္းမာသူအတြက္ ေဆးဝါးဓာတ္စာ ျဖစ္သည့္ ကင္ပြန္းခ်ဥ္ကို အဖိုးနည္းဝန္ပါ သူသူငါငါ လြယ္ကူစြာ စားသုံးႏိုင္သည္။

ကင္ပြန္းခ်ဥ္ပင္သည္ ႏြယ္ေယာင္ပင္ေယာင္ခ်ဳံပင္မ်ိဳးျဖစ္သည္။ ေပ်ာ့ေပ်ာင္းေသာ ပင္စည္ႏွင့္ အ႐ြက္တံတို႔တြင္ ဆူးရွိသည္။ အခက္စိမ္းမ်ား၌ နီမႈိင္းမႈိင္း အေရာင္အဆင္း ရွိသည္။ အ႐ြက္ ေသးငယ္ၿပီး ႐ြက္ထိပ္ ဝိုင္းသည္။ အသီးမွာ သီးေတာင့္ရွည္ မ်ိဳးျပား၍ ေျဖာင့္သည္။ အေစ့မ်ား ၾကားတြင္ အဆစ္မ်ား ျဖစ္ကာ ခ်ိဳင့္ဝင္ေနသည္။ ျမန္မာႏိုင္ငံ အႏွံ႔အျပား သဘာဝ အေလ်ာက္ အေလ့က် ေပါက္ေသာ စားသုံးပင္ ျဖစ္သည္။

ကင္ပြန္းခ်ဥ္သည္အသည္းအတြက္ အစြမ္းထက္အသုံးဝင္သည္။ ကင္ပြန္းခ်ဥ္ကို ဟင္းခ်ိဳ ခ်က္ေသာက္ျခင္း၊ အခ်ဥ္ခ်က္ျပဳတ္ စားျခင္း၊ ေၾကာ္စားျခင္း၊ မီးကင္စားျခင္းမ်ား ျပဳႏိုင္သည္။ အ႐ြက္ႏုကို င႐ုတ္ေကာင္း အရည္တြင္စိမ္၍ ဆား၊မန္းက်ည္းသီး၊ င႐ုတ္သီးႏွင့္ ေရာေထာင္းၿပီး တိုက္ေကြၽးလွ်င္
အသည္းေရာင္ အသားဝါေရာဂါ၊ သည္းေျခ ေရာဂါတို႔ကို သက္သာေစသည္။

အ႐ြက္ႏုကို ႀကိတ္ၿပီး အသည္းေရာင္သည့္ ေနရာကို စိတ္ရွည္ လက္ရွည္ လိမ္းေပးပါက ေရာဂါ သက္သာသည္။

အ႐ြက္ႏုကိုညက္ေအာင္ေထာင္း တစ္ညသိပ္ၿပီးသၾကားအနည္းငယ္ ထည့္၍ ေရက်က္ ေအးႏွင့္ ေန႔စဥ္မွန္မွန္ေသာက္ေပးလွ်င္ အဖ်ဥ္း(ေရဖ်ဥ္း)ေရာဂါ ေပ်ာက္သည္။ကိုယ္ေဖာ ကိုယ္ေရာင္ အူေရာင္ ျမင္းသ႐ိုက္ ေလနာျမစ္ေျခာက္နာ စသည္ တို႔ကိုလည္း ႏိုင္သည္။

ကင္ပြန္းခ်ဥ္႐ြက္ကို ေရေႏြးေဖ်ာၿပီး ေသာက္က ဝမ္းခ်ဳပ္ ေလခ်ဳပ္ ေပ်ာက္ကင္း၍ ဝမ္းေပ်ာ့ ဝမ္းမွန္ ေစသည္။ ဝမ္းဗိုက္ေလပြ ေလထျခင္းကို တန႔္ေစသည္။ေလနာ ေလေအာင့္ေလထိုး ေလစူး သက္သာသည္။

ကင္ပြန္း႐ြက္ ဟင္းခ်ိဳသည္ လူႏွင့္ အခါခပ္သိမ္း တည့္သည္။ ကိုယ္တြင္း အပူကို ၿငိမ္းေစသည္။ေက်ာက္ကပ္ကို အားေပးသျဖင့္ ဆီး႐ႊင္သည္။ ဆီးပူ၊ ဆီးေအာင့္၊ ေညာင္းက်၊ ပန္းေသ ပန္းညႇိဳးမွ အစေကာင္းမြန္သည္။ ေသြးသားကို သန႔္စင္ေစသျဖင့္ ႐ုပ္ဆင္းအဂၤါႏုပ်ိဳၾကည္လင္ကာ အဆီက် ေပါ့ပါးေစပါသည္။

ငွက္ဖ်ားေရာဂါ၊ အစာအိမ္ေရာဂါ၊ ေသြးႏွင့္ ဆိုင္ေသာ ေရာဂါ၊ အျဖဴကြက္ထ ေရာဂါရွိသူတို႔ အေနျဖင့္ ကင္ပြန္းခ်ဥ္ အၿမဲစားသုံးသင့္သည္။ ႏွလုံးေရာဂါ ရွိသူအား ကင္ပြန္းခ်ဥ္ ငါးက်ပ္သား၊ ထန္းလ်က္၁ဝ က်ပ္သား၊ ဆားအသင့္အတင့္ႏွင့္ က်ိဳ၍ တစ္ေန႔သုံးႀကိမ္မွီဝဲ ေစသင့္သည္။

နာလန္ထစ လူမမာအား ကင္ပြန္း႐ြက္ဟင္းခ်ိဳႏွင့္ထမင္းပူပူတြင္ ႏွပ္ထားေသာ ငါးပုပ္ေျခာက္တို႔ အတူ ေကြၽးပါက စားရသူ လူမမာ အလြန္အဆင္ေျပသည္။
ကင္ပြန္း႐ြက္ကို အသားငါး တစ္မ်ိဳးမ်ိဳးႏွင့္ေရာေႏွာ၍ ေၾကာ္စားလွ်င္ ထမင္းၿမိန္ပါသည္။ အစာလမ္းေၾကာင္း မေကာင္းသူမ်ား၊ အစာမေၾက ေရာဂါ ရွိသူမ်ားႏွင့္ အူေရာင္ေရာဂါ ရွိသူမ်ား အတြက္ ကင္ပြန္းခ်ဥ္ကို အခ်ဥ္ခ်က္ျပဳတ္ စားေပးရန္ လိုသည္။

ကင္ပြန္း႐ြက္ႏုကို အမႈန႔္ရေအာင္ လွီးၿပီး ၾကက္သြန္ျဖဴ၊ ဆိတ္ဖူး၊ နႏြင္း၊ ဆား၊ ငါးပိ၊ ပုစြန္ ေျခာက္မႈန႔္၊ သီဟိုဠ္ေစ့ သင့္႐ုံထည့္၍ ဆီျဖင့္ ႏွံ႔ေအာင္နယ္ပါ။ ဂ်ဳံမႈန႔္ႏွင့္ အေနေတာ္ ဆုပ္နယ္၍ မီးျပထားေသာ ရဲယို႐ြက္ႏွင့္ ထုပ္ပါ။ငွက္ေပ်ာ႐ြက္ျဖင့္ ထပ္မံ ထုပ္ၿပီးေနာက္ ညႇပ္ျဖင့္ အထက္ေအာက္လွန္ မီးကင္လွ်င္ အနံ႔သင္းသင္း ကင္ပြန္း႐ြက္ကင္ကို ရသည္။ ေနမေကာင္းသူမ်ား၊ ခံတြင္း ပ်က္သူမ်ားကို ဓာတ္စာေဆးဝါး အျဖစ္ စားသုံး ေစႏိုင္သည္။

ျပန္လည္မွ်ေဝပါသည္။

Credit-

မန္မာ့ေဆးစြမ္းႏွင့္ အိမ္တြင္းေဆးၿမီးတိုမ်ား

မတၱာမ်ားစြာျဖင့္

Chaw Lay Su

[Unicode version]
ကျောက်ကပ်၊ နှလုံး၊ အသည်းရောဂါတွေတောင် ပျောက်စေလို့ သိမ်းထားပါ။

ပူပြင်းခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။ ကျန်းမာသူအတွက် အာဟာရဖြစ်ပြီး မကျန်းမာသူအတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံးနိုင်သည်။

ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေးငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။

ကင်ပွန်းချဉ်သည်အသည်းအတွက် အစွမ်းထက်အသုံးဝင်သည်။ ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။ အရွက်နုကို ငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်အသည်းရောင် အသားဝါရောဂါ၊ သည်းခြေ ရောဂါတို့ကို သက်သာစေသည်။

အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။

အရွက်နုကိုညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြားအနည်းငယ်ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန်သောက်ပေးလျှင် အဖျဉ်း(ရေဖျဉ်း)ရောဂါ ပျောက်သည်။ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ်ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။

ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ် လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။ ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။

ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်းတည့်သည်။ ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။ ဆီးပူ၊ ဆီးအောင့်၊ ညောင်းကျ၊ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါးစေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံးသင့်သည်။ နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက်၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်မှီဝဲ စေသင့်သည်။

နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါက စားရသူ လူမမာ အလွန်အဆင်ပြေသည်။
ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့်ရောနှော၍ ကြော်စားလျှင် ထမင်းမြိန်ပါသည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများအတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။ ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။ နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

ပြန်လည်မျှဝေပါသည်။

Credit-

မန်မာ့ဆေးစွမ်းနှင့် အိမ်တွင်းဆေးမြီးတိုများ

မတ္တာများစွာဖြင့်

Chaw Lay Su

Leave a Reply

Your email address will not be published. Required fields are marked *