ဗဟုတုသ

စတော်ဘယ်ရီကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

 

====================
====================

စတော်ဘယ်ရီကို အစိမ်းစား လို့ရသလို ဖျော်ရည်ဖျော်သောက်တာ၊ သစ်သီးစုံသုပ်တွေထဲ ထည့်စားတာမျိုး လုပ်လို့ ရပါတယ်။ စားလို့အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးတွေက ဘယ်လို များကျန်းမာရေးအတွက် အကျိုးပြုပေး နေလဲ ဆက်ကြည့်လိုက်ရအောင်ပါ။

စတော်ဘယ်ရီမှာ အာဟာရတွေ၊ ဗီ တာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါ ဝင်နေသလို ဗီတာမင် စီ ၊folate၊ ပိုတက် ဆီယမ်၊ manganese၊ မဂ္ဂနီဆီယမ်၊အမျှင် ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေက မျက်လုံးကျန်းမာစေနိုင်ပါတယ်

စားသုံးလိုက်တဲ့ အစားအသောက် တွေထဲမှာ အာဟာရဓာတ်မပြည့်ဝတာ၊ free radicals တွေကြောင့် မျက်လုံးတွေ ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ စတော်ဘယ်ရီသီးက မျက် ရည်ခန်းခြောက်တာ၊ မျက်လုံးအမြင်ဝါး တာ၊ အာရုံကြောထိခိုက်တာ၊ မျက်စိပိုးဝင် တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါ တယ်။ ပိုတက်ဆီယမ် ပါဝင်တာကြောင့် စတော်ဘယ်ရီက သွေးမတိုးအောင်လည်း ကာကွယ်ပေးပါသေးတယ်။

ကိုယ်ခံအားကောင်းစေတယ်

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ကိုယ်ခံ အားကအရေးကြီးပါတယ်။ စတော်ဘယ်ရီ မှာ ဗီတာမင် စီ လိုမျိုးဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေတာကြောင့် တွေကြောင့် အသားအရေတွေ ထိခိုက် ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ် ပေးပါတယ်။

အဆစ်အမျက်နာကျင်တာတွေကို သက်သာစေနိုင်ပါတယ်

ကြွက်သားနဲ့ တစ်သျှူးတွေမှာ ရေဓာတ်ခန်းခြောက်တာကြောင့် အဆစ်တွေ လှုပ်ရှားမှုကို ထိခိုက်စေတာမျိုး မဖြစ် အောင် ရေဓာတ်ဖြည့်တင်းပေးပါတယ်။ စတော်ဘယ်ရီမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေကို လျော့ပါးသက်သာစေ နိုင်တဲ့အာနိသင်တွေကြွယ်ဝတာကြောင့် ဂေါက်ရောဂါနဲ့ အဆစ်အမျက်ရောင်ရမ်း တာတွေကို လျော့ပါးသက်သာစေနိုင်မှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးကို နေ့စဉ် စားသုံးပေးမယ်ဆိုရင် အဆစ်အမျက်တွေ ရောင်ရမ်းတာကို လျော့ပါးသက်သာစေ နိုင်မှာ ဖြစ်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

စတော်ဘယ်ရီမှာပါတဲ့ဗီတာမင် စီ၊ folate, anthocyanins, quercetin နဲ့ kaempferol တို့က ခန္ဓာကိုယ်ကို ကျန်း မာစေနိုင်သလို ကင်ဆာရောဂါမဖြစ် အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီကို နေ့စဉ်စားသုံးပေးမယ် ဆိုရင် ကင်ဆာမဖြစ်နိုင်အောင် ကာကွယ် ပေးနိုင်မှာပါ။

ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်တယ်

အသက်အရွယ်ရလာတာနဲ့အမျှ မှတ်ဉာဏ်အားတွေက နည်းလာတတ်ပါ တယ်။ ဒါတင်မဟုတ်ပါဘူး။ လှုပ်ရှားမှု တွေ၊ ကြွက်သားတွေ၊ခြေလက်လှုပ်ရှား မှုတွေကို ထိန်းချုပ်နိုင်စွမ်းကလည်း လျော့ကျလာတတ်ပါတယ်။ စတော်ဘယ်ရီက ဦးနှောက်နဲ့ အာရုံကြောစနစ်တွေကို ကောင်းမွန်စေပြီး အသက်အရွယ်ကြောင့် ဖြစ်တဲ့ မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်ပါတယ်

စတော်ဘယ်ရီမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်သလို သွေတိုးကြောင့် သွေးကြောတွေ ထိခိုက်မှုကို လျော့ပါး သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အ စိတ်အပိုင်းတွေဆီကို သွေးမျှတစွာရောက် ရှိအောင် ကူညီပေးပြီး ကျန်းမာသန်စွမ်း နေစေအောင် အထောက်အကူပြုပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

စတော်ဘယ်ရီမှာ အဆီဓာတ်လုံးဝ ပါဝင်မှုမရှိဘဲ အမျှင်ဓာတ်နဲ့ ဗီတာမင် စီ လိုမျိုး ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတဲ့ ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သွေဒတွင်းကိုလက်စထရောကို ကျ ဆင်းစေပြီး နှလုံးကျန်းမာစေပါ တယ်။ သွေးကြောတွေထဲ မှာ ကိုလက်စထရောစုပုံမှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်

စတော်ဘယ်ရီမှာ အစားစားချင်စိတ် ကိုလျော့ကျစေတဲ့ ဓာတ်တွေပါဝင်နေ တာကြောင့် ကိုယ်အလေးချိန်ကျအောင် အထောက်အကူပြုပေးပါတယ်။

မွေးရာပါချို့ယွင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်

စတော်ဘယ်ရီမှာ ဖောလစ်အက် ဆစ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ် ဝန်ဆောင်မိခင်တွေစားသုံးပေးမယ်ဆို ရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင် မှာ ဖြစ်ပါတယ်။

Author:
မအေးသီမွန်

==========

Leave a Reply

Your email address will not be published. Required fields are marked *