ဗဟုတုသ

ကန်စွန်းရွက် တစ်ခါဝယ်ပြီး တစ်သက်လုံး စိတ်သန့်သန့်နဲ့ စားမကုန်အောင် ဒီလိုလုပ်ပါ

(Unicode)

ကန်စွန်းရွက်အသန့် အိုးထဲတွင် ကိုယ်တိုင်စိုက်နည်း

ကန်စွန်းရွက် နှစ်သက်သူများ မိမိ၏ နေအိမ်တွင် အိုးနှင့် သန့်ရှင်းစွာ စိုက်၍ ဘေးကင်းစွာ စားသုံးနိုင်ရန် ကန်စွန်းရွက် စိုက်နည်းကို မျှဝေလိုက်ပါတယ်။ ရန်ကုန်တွင် ကန်စွန်းခင်းမှ ခူး၍ ကန်စွန်းရွက် ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင်စီးပြီး ရောင်းသူများ ရှိပါသည်။ရေဆိုးမြောင်းထဲတွင် စက်ရုံမှ စွန့်ပြစ်သည့် ဓါတုဗေဒ ရေဆိုးများ၊ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ်အကြေးများ ရှိပြီး ထိုအနီးအနားတွင်ပေါက်သော ကန်စွန်းရွက်များတွင် လူကို ဥပဒ်ပေးသော ပိုးမွှားများပါရှိ၍ စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည်။ မိတ်ဆွေ ကန်စွန်းရွက်ဝယ်လျင် သတိထား၍ ဝယ်ယူ စားသုံးသင့်ပါသည်။

ကန်စွန်းရွက်ကို ဒီလိုလည်း စိုက်ပျိုးနိုင်ပါတယ်။ ရိုးရိုး ကန်စွန်းရွက် စည်အိုးထဲ ထည့်ထားတာ။ စိုက်ပင်ဆို ဒီလို တညီတည်း အတိုအရှည် မညီရေအိုး တစ်ဘက်တည်း စုမနေပါ။ စိုက်လိုပါက အိုးအတွင်း

၁ – သဲ တစ်ဆ၊ မြေဆွေး နှစ်ဆ၊ ပြာတဆ သမမွှေပြီး အိုးတွင်း သုံးပုံ နှစ်ပုံ ထည့်ပါ။

၂ – မြေညှိ ကန်စွန်းစေ့ ၁၀၀ခန့်ဖြူး၊

၃ – အပေါ်မှ သဲမြုတ်အောင် ဖြူး၊

၄ – ရေလောင်းပေး၊ ၅ ရက်ခန့်တွင် အပင်၂လက်မခန့် ရှည်လာလျှင် ရေ ၁လက်မ အမြဲမြှပ်ထားပါ။

၅ – ၂၀ရက် ကြာလျင် ခူးစားပါ။

နောက်တနည်းမှာ ၁ – သဲ တဆ၊ မြေဆွေး တဆ၊ ပြာ တစ်ဆုပ် ရောပြီး အိုးတွင်းထည့် ။ ၂ – ထိုမြေပေါ် ရေ လက်လေးသစ်ခန့် ထည့်။ ၃ – ဈေးမှ ကန်စွန်းရွက် တစ်စည်းဝယ်။ ကန်စွန်းညွန့်ကို ၃လက်မလောက် မြေမြှပ်၍ တစ်ပင်ခြင်းစိုက်။ ၄ – ၁၀ ရက် အတွင်း အညွန့် ခူးစား။ ၅ – ၇ ရက် တစ်ကြိမ်ခန့် နွားချေးဆွေး လက်တစ်ဆုပ်ခန့် ထည့်ပေး။သို့မဟုတ် အညွန့် ခူးပြီးတိုင်း နွားချေး မြေဆွေးထည့်။ ၆ – နေပူ တိုက်ရိုက်ကျရာမှာထား၊ ၇ ရက် တကြိမ် ကြော်စားလို့ ရ၏။

Credit – MyFood Myanmar

(Zawgyi)

ကန္စြန္း႐ြက္အသန႔္ အိုးထဲတြင္ ကိုယ္တိုင္စိုက္နည္း

ကန္စြန္း႐ြက္ ႏွစ္သက္သူမ်ား မိမိ၏ ေနအိမ္တြင္ အိုးႏွင့္ သန႔္ရွင္းစြာ စိုက္၍ ေဘးကင္းစြာ စားသုံးႏိုင္ရန္ ကန္စြန္း႐ြက္ စိုက္နည္းကို မွ်ေဝလိုက္ပါတယ္။ ရန္ကုန္တြင္ ကန္စြန္းခင္းမွ ခူး၍ ကန္စြန္း႐ြက္ ေရာင္းသူမ်ား ရွိသကဲ့သို႔ အခ်ိဳ႕ကလည္း ေရဆိုးေျမာင္းေဘးတြင္ အေလ့က် ေပါက္ေနေသာ ကန္စြန္း႐ြက္မ်ားကို တႏိုင္တပိုင္စီးၿပီး ေရာင္းသူမ်ား ရွိပါသည္။ေရဆိုးေျမာင္းထဲတြင္ စက္႐ုံမွ စြန႔္ျပစ္သည့္ ဓါတုေဗဒ ေရဆိုးမ်ား၊ လူေနအိမ္မ်ားမွ စြန႔္ျပစ္သည့္ အညစ္အေၾကးမ်ား ရွိၿပီး ထိုအနီးအနားတြင္ေပါက္ေသာ ကန္စြန္း႐ြက္မ်ားတြင္ လူကို ဥပဒ္ေပးေသာ ပိုးမႊားမ်ားပါရွိ၍ စားသုံးမိပါက ေရာဂါဆိုးမ်ား ရရွိႏိုင္ပါသည္။ မိတ္ေဆြ ကန္စြန္း႐ြက္ဝယ္လ်င္ သတိထား၍ ဝယ္ယူ စားသုံးသင့္ပါသည္။

ကန္စြန္း႐ြက္ကို ဒီလိုလည္း စိုက္ပ်ိဳးႏိုင္ပါတယ္။ ႐ိုး႐ိုး ကန္စြန္း႐ြက္ စည္အိုးထဲ ထည့္ထားတာ။ စိုက္ပင္ဆို ဒီလို တညီတည္း အတိုအရွည္ မညီေရအိုး တစ္ဘက္တည္း စုမေနပါ။ စိုက္လိုပါက အိုးအတြင္း

၁ – သဲ တစ္ဆ၊ ေျမေဆြး ႏွစ္ဆ၊ ျပာတဆ သမေမႊၿပီး အိုးတြင္း သုံးပုံ ႏွစ္ပုံ ထည့္ပါ။

၂ – ေျမညႇိ ကန္စြန္းေစ့ ၁၀၀ခန႔္ျဖဴး၊

၃ – အေပၚမွ သဲျမဳတ္ေအာင္ ျဖဴး၊

၄ – ေရေလာင္းေပး၊ ၅ ရက္ခန႔္တြင္ အပင္၂လက္မခန႔္ ရွည္လာလွ်င္ ေရ ၁လက္မ အၿမဲျမႇပ္ထားပါ။

၅ – ၂၀ရက္ ၾကာလ်င္ ခူးစားပါ။

ေနာက္တနည္းမွာ ၁ – သဲ တဆ၊ ေျမေဆြး တဆ၊ ျပာ တစ္ဆုပ္ ေရာၿပီး အိုးတြင္းထည့္ ။ ၂ – ထိုေျမေပၚ ေရ လက္ေလးသစ္ခန႔္ ထည့္။ ၃ – ေဈးမွ ကန္စြန္း႐ြက္ တစ္စည္းဝယ္။ ကန္စြန္းၫြန႔္ကို ၃လက္မေလာက္ ေျမျမႇပ္၍ တစ္ပင္ျခင္းစိုက္။ ၄ – ၁၀ ရက္ အတြင္း အၫြန႔္ ခူးစား။ ၅ – ၇ ရက္ တစ္ႀကိမ္ခန႔္ ႏြားေခ်းေဆြး လက္တစ္ဆုပ္ခန႔္ ထည့္ေပး။သို႔မဟုတ္ အၫြန႔္ ခူးၿပီးတိုင္း ႏြားေခ်း ေျမေဆြးထည့္။ ၆ – ေနပူ တိုက္႐ိုက္က်ရာမွာထား၊ ၇ ရက္ တႀကိမ္ ေၾကာ္စားလို႔ ရ၏။

Credit – MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *