ဗဟုတုသ

နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးကို ကာကွယ်ပေးသောအစားအစာ များ

လူသားတွေပိုင်ဆိုင်တဲ့ နှလုံး ဆိုတဲ့အရာဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာအရေးကြီးဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်လို မကျန်းမာစေသောအစားအသောက်များ၊ အပြိုင်အဆိုင်များပြီး၊ စိတ်ဖိစီးမှုတွေ မလျော့နိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ လူသားတွေဟာ နှလုံးရောဂါဖြစ်ုနိုင်ခြေတွေများလာကြပါတယ်။ ဒါကြောင့် နှလုံးကိုကာကွယ်ပေးပြီး ၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချ ပေးတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁- အဆီပါသောငါး

ဆော်လမွန်ငါး၊ ပင်လယ်ငါး၊ မြောက်အတ္တလန်တိတ်ရှိစားကောင်းသော ငါး နဲ့ အခြားသော အဆီပါတဲ့ငါးတွေဟာ အဆီပိတ်ရောဂါနဲ့၊ နှလုံးခုန်မမှန်ခြင်းဖြစ်ပွားနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၃ ကြိမ်လောက်စားပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

၂- Oatmeal

Oatmeal ဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုလက်စထောပါဝင်မှုကိုလျော့ချပြီး အစာချေခြင်းကို ကောင်းမွန်စေပါတယ်။

၃- ဘယ်ရီသီးများ

ဘဘူဘယ်ရီ၊ စတော်ဘယ်ရီသီးတွေဟာသွေးကြောကျယ်ခြင်းနဲ့ သွေဖိအားနည်းမှုအတွက် အရမ်းကောင်းမွန်တဲ့အစား တွေဖြစ်ပါတယ်။

၎- အနက်ရောင်ချောကလက်

အနက်ရောင်ချောကလက်တွေဟာ သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး ယောင်ယမ်းခြင်းနဲ့ သွေးကြောထုံးခြင်းကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

၅- အစေ့အဆံများ

အမျှင်ဓာတ်ပါဝင်တဲ့အစေ့အဆံတွေဟာ နှလုံးကို ကူညီပေးတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။ သူတို့တွေမှာ ဗီတာမင် အီး ပါဝင်တာကြောင့် မကောင်းသော ကိုလက်စထောပါဝင်မှု ကိုလျော့ကျစေနိုင်ပါတယ်။

၆- ဝိုင်အနီ

ဝိုင်အနီ ဟာ သွေးထဲမှာ အဆီစုနေခြင်းကိုလျော့ချနိုင်ပြီး အဆိပ်အတောက်ဖယ်ရှားပေးခြင်းကိုကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဝိတ်ကျစေတာမို့ သင့်တင့်တဲ့ပမာဏနဲ့မှီဝဲသင့်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။

၇- လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်ကို တစ်နေ့တစ်ခွက်သောက်ရုံနဲ့ ကိုလက်စထော ဖြစ်ပေါ်ခြင်းကို ရပ်တန့်စေပြီး ကိုယ်တွင်းဖြစ်စဉ်တွေကို အားကောင်းစေကာ ဝိတ်ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။

From  MM

Leave a Reply

Your email address will not be published. Required fields are marked *