ဗဟုတုသ

ကိုယ္ထဲက အဆိပ္ေတြ ထုတ္ေပးမယ့္ ၾကက္ရိုးနဲ႔ ေဂြးေတာက္ ဟင္းခ်ိဳ

(Zawgyi)

ေဂြးေတာက္ရြက္ ရဲ႕ ခါးသက္သက္ အရသာနဲ႔ ၾကက္သားရဲ႕ အခ်ိဳဓာတ္နဲ႔ ေရာစပ္ၿပီး ခ်က္ေသာက္တဲ့ ၾကက္ေဂြးလို႔ ေခၚတဲ့ ဟင္းခ်ိဳ တစ္မ်ိဳးဟာ ေသာက္လို႔ေကာင္းမယ့္ ဟင္းတစ္ခြက္ပါ။ အခုအခ်ိန္မွာ ေဂြးေတာက္ရြက္ ႏုႏုနဲ႔ ၾကက္သားကို အရိုးနဲ႔ ခ်က္ရင္ ပိုေကာင္းပါတယ္။ က်န္းမာေရး နဲ႔ ညီညႊတ္တဲ့ ဟင္းတစ္ခြက္လည္း ျဖစ္တာေၾကာင့္ဒီလို ရာသီဥတုနဲ႔ လိုက္ဖက္လည္း ညီပါတယ္။

ေဂြးေတာက္ရြက္ဟာ က်န္းမာေရး နဲ႔ ညီညႊတ္တဲ့ အရြက္ဆိုတာ သတိထားမိခ်င္မွ ထားမိပါလိမ့္မယ္။ ေဂြးေတာက္ရြက္ဟာ ၀မ္းမီးကို ေကာင္းေစၿပီး အစာေၾကလြယ္ေစပါတယ္။ အမ်ိဳးသားေတြ အတြက္ ဒူလာေကာင္းၿပီ အမ်ိဳးသမီးေတြ အတြက္ ေသြးသား မွန္ကန္ေစပါတယ္။ ေလေအာင့္ေလထိုး ေကာင္းမြန္ေစတဲ့ အျပင္ အရက္ၾကာရွည္စြာ ေသာက္သံုးသူေတြကိုေဂြးေတာက္ရြက္နဲ႔ ၾကက္ရိုး ဟင္းခ်ိဳနဲ႔ ကိုယ္အအတြင္းမွာ ရွိတဲ့ အဆိပ္ အေတာက္ေတြကို ေျပေပ်ာက္ေစပါတယ္။ ဒါေၾကာင့္ တစ္ခ်ိဳ႕ အရက္ဆိုင္ေတြမွာဆို ၾကက္ေဂြးကို တမင္ မွာေသာက္ၾကတာ ေနမယ္

ေဂြးေတာက္ရြက္ ရဲ႕ ခါးသက္သက္ အရသာဟာ ခံတြင္းကို ၿမိန္ေစတာေတာ့ အမွန္ပါပဲ။ ေဂြးေတာက္ရြက္ကို ျပဳတ္ၿပီး တို႔စရာ အေနနဲ႔ စားလို႔ ရသလို ေဂြးေတာက္ရြက္ကို ၾကက္ဥနဲ႔ ေၾကာ္စားလို႔လည္း ရပါတယ္။ ေဂြးေတာက္ရြက္နဲ႔ ၾကက္ရိုးး ဟင္းခ်ိဳမွာ အဓိက ပါ၀င္တာကေတာ့

ၾကက္ရိုး

ေဂြးေတာက္ရြက္

ဂ်င္း

ၾကက္သြန္ျဖဴ

ၾကက္သြန္နီ

ဆား

ဟင္းခတ္မႈန္႔ တို႔ ျဖစ္ၿပီး ရိုးရွင္းတဲ့ ဟင္းခ်ိဳ တစ္ခြက္ပါ။

ၾကက္သားထက္ ၾကက္ရိုး နဲ႔ ခ်က္တာဟာ ပိုခ်ိဳေစၿပီး ၾကက္ရိုးေလးပါ ကိုက္လို႔ ေကာင္းေအာင္ပါ။ ၾကက္ရိုးေတြကို ေရေဆးၿပီး ဂ်င္း၊ ၾကက္သြန္ျဖဴေတြနဲ႔ အရင္ ျပဳတ္ထားရပါတယ္။ အရိုးကို ႏူးလာေအာင္ ျပဳတ္ေပးပါ။ အရိုးႏူးလာရင္ ၾကက္သြန္နီကို ေလးစိပ္ျခမ္းၿပီး အဖတ္ေလးေတြ ခြာထားပါ။

အေပါ့အငံ ျမည္းၿပီး ခဏ မီးပိတ္ထားပါ။ ေဂြးေတာက္ရြက္ကို အရြယ္ေတာ္ လွီးၿပီး ဆားနဲ႔ နယ္ၿပီး ေရေဆးပါ။ အခါးပိုသက္သာေအာင္ ဆားနဲ႔ နယ္ၿပီး အခါးရည္ေတြကို ညွစ္ခ်ပစ္ပါ။ အရြက္ကို စိမ္းစိမ္းေလး စားခ်င္ရင္ေတာ့ ေသာက္ခါနီးမွ ၾကက္ျပဳတ္ရည္ ကို ျပန္ေႏႊးၿပီး အရြက္ခတ္ေသာက္ရင္ စိမ္းစိမ္းေလးနဲ႔ အရသာ ရွိတဲ့ ဟင္းခ်ိဳ တစ္ခြက္ရပါၿပီ။

Credit : Myfoodmyanmar

Unicode

ဂွေးတောက်ရွက် ရဲ့ ခါးသက်သက် အရသာနဲ့ ကြက်သားရဲ့ အချိုဓာတ်နဲ့ ရောစပ်ပြီး ချက်သောက်တဲ့ ကြက်ဂွေးလို့ ခေါ်တဲ့ ဟင်းချို တစ်မျိုးဟာ သောက်လို့ကောင်းမယ့် ဟင်းတစ်ခွက်ပါ။ အခုအချိန်မှာ ဂွေးတောက်ရွက် နုနုနဲ့ ကြက်သားကို အရိုးနဲ့ ချက်ရင် ပိုကောင်းပါတယ်။ ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်တာကြောင့်ဒီလို ရာသီဥတုနဲ့ လိုက်ဖက်လည်း ညီပါတယ်။

ဂွေးတောက်ရွက် ဟာ ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အရွက်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဂွေးတောက်ရွက်ဟာ ဝမ်းမီးကို ကောင်းစေပြီး အစာကြေလွယ်စေပါတယ်။ အမျိုးသားတွေ အတွက် ဒူလာကောင်းပြီ အမျိုးသမီးတွေ အတွက် သွေးသား မှန်ကန်စေပါတယ်။ လေအောင့်လေထိုး ကောင်းမွန်စေတဲ့ အပြင် အရက်ကြာရှည်စွာ သောက်သုံးသူတွေကိုဂွေးတောက်ရွက်နဲ့ ကြက်ရိုး ဟင်းချိုနဲ့ ကိုယ်အအတွင်းမှာ ရှိတဲ့ အဆိပ် အတောက်တွေကို ပြေပျောက်စေပါတယ်။ ဒါကြောင့် တစ်ချို့ အရက်ဆိုင်တွေမှာဆို ကြက်ဂွေးကို တမင် မှာသောက်ကြတာ နေမယ်

ဂွေးတောက်ရွက် ရဲ့ ခါးသက်သက် အရသာဟာ ခံတွင်းကို မြိန်စေတာတော့ အမှန်ပါပဲ။ ဂွေးတောက်ရွက်ကို ပြုတ်ပြီး တို့စရာ အနေနဲ့ စားလို့ ရသလို ဂွေးတောက်ရွက်ကို ကြက်ဥနဲ့ ကြော်စားလို့လည်း ရပါတယ်။ ဂွေးတောက်ရွက်နဲ့ ကြက်ရိုးး ဟင်းချိုမှာ အဓိက ပါဝင်တာကတော့

ကြက်ရိုး

ဂွေးတောက်ရွက်

ဂျင်း

ကြက်သွန်ဖြူ

ကြက်သွန်နီ

ဆား

ဟင်းခတ်မှုန့် တို့ ဖြစ်ပြီး ရိုးရှင်းတဲ့ ဟင်းချို တစ်ခွက်ပါ။

ကြက်သား ထက် ကြက်ရိုး နဲ့ ချက်တာဟာ ပိုချိုစေပြီး ကြက်ရိုးလေးပါ ကိုက်လို့ ကောင်းအောင်ပါ။ ကြက်ရိုးတွေကို ရေဆေးပြီး ဂျင်း၊ ကြက်သွန်ဖြူတွေနဲ့ အရင် ပြုတ်ထားရပါတယ်။ အရိုးကို နူးလာအောင် ပြုတ်ပေးပါ။ အရိုးနူးလာရင် ကြက်သွန်နီကို လေးစိပ်ခြမ်းပြီး အဖတ်လေးတွေ ခွာထားပါ။

အပေါ့အငံ မြည်းပြီး ခဏ မီးပိတ်ထားပါ။ ဂွေးတောက်ရွက်ကို အရွယ်တော် လှီးပြီး ဆားနဲ့ နယ်ပြီး ရေဆေးပါ။ အခါးပိုသက်သာအောင် ဆားနဲ့ နယ်ပြီး အခါးရည်တွေကို ညှစ်ချပစ်ပါ။ အရွက်ကို စိမ်းစိမ်းလေး စားချင်ရင်တော့ သောက်ခါနီးမှ ကြက်ပြုတ်ရည် ကို ပြန်နွှေးပြီး အရွက်ခတ်သောက်ရင် စိမ်းစိမ်းလေးနဲ့ အရသာ ရှိတဲ့ ဟင်းချို တစ်ခွက်ရပါပြီ။

Credit : Myfoodmyanmar

Leave a Reply

Your email address will not be published. Required fields are marked *