ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် သဘာဝဖျာ်ရည်ပြုလုပ်နည်း

အခုပြောပြမဲ့ သဘာဝဖျော်ရည်ကို တစ်ခွက်သောက်ရုံနဲ့ ခန္ဓာကိုယ်အတွင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဒါ့အပြင် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်လာစေမှာဖြစ်လို့ မလိုအပ်တဲ့ ရောဂါတွေဝင်ရောက်တာကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ ပြုလုပ်နည်းကတော့ လွယ်လွယ်လေးပါပဲ။

ပါဝင်ပစ္စည်း
သံပုယိုသီး ၁ လုံး
ပန်းသီး ၄ လုံး
ရေ ၁ ခွက်
နုတ်နုတ်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်း
အော်ဂဲလ်နစ်သီးနှံတွေကိုသာ အသုံးပြုဖို့ အကြံပြုလိုပါတယ်။
ပြင်ဆင်ခြင်း
ပထမဆုံး သံပုယိုသီး နဲ့ ပန်းသီးတွေကို လှီးပါ။
ပြီးရင်ဖျော်စက်ထဲထည့်ပါ။ ရေနဲ့ ဂျင်းထပ်ထည့်ပြီး ဖျော်စက်နဲ့ ဖျော်ပါ။
သောက်သုံးခြင်း
မနက်စာမစားခင်တိုင်းမှာ တစ်ခွက် သောက်ပေးတာက အကောင်းဆုံးပါပဲ။ အဆိပ်အတောက်တွေကင်းစင်လို့ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို သဘာဝနည်းလမ်းနဲ့ ရရှိနိုင်ကြပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *