ဗဟုတုသ

ရှမ်းပြည်နယ်ရဲ့ နာမည်ကျော် လူကြိုက်များတဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း

(Unicode)

ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး အထင်ကရ စေတီပုထိုးတွေပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားပြီး လူကြိုက်များတဲ့ အစားအစာတွေနဲ့လည်း နာမည်ကျော်ပါတယ်။ ဒီတခါမှာတော့ ရှမ်းတိုင်းရင်းသားများရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း-

– ကြက်သား (သို့) ဝက်သား( တောက်တောက်စဉ်း) – ၁၀ ကျပ်သား

– ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)

– ဂျင်း – အနည်းငယ် (နုတ်နုတ်စဉ်း)

– ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ)

– ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

– ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း

– သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

– အရောင်တင်မှုန့် အနည်းငယ်

– မြေပဲလှော် ( မညက်တစ်ညက်ထောင်းပါ)

– ကြက်သွန်ဖြူအနည်းငယ် တောက်တောက်စဉ်းပါ။

– ရှမ်းခေါက်ဆွဲခေါက် – ၁ထုပ်

ပြုလုပ်နည်း-

ရှမ်းခေါက်ဆွဲမှာ အဓိကအရေးကြီးဆုံးက ဟင်းအနှစ်ပဲဖြစ်ပါတယ်။ ဆီပူပူနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ဆီသတ်လိုက်ပါ။ ပြီးရင် အရောင်တင်မှုန့်အနည်း ထည့်ပြီးမွှေပေးပါ။ အဲဒီနောက် ခရမ်းချဉ်သီးထည့်ပြီး ရေထည့်လိုက်ပါ။ ခရမ်းချဉ်သီးပြဲသွားပြီး အနှစ်ရပြီဆိုရင် ကြက်သား (သို့) ဝက်သားထည့်လိုက်ပါ။ အဲဒီနောက် ပဲငံပြာရည်၊ ပဲငပိတို့ကိုထည့်လိုက်ပါ။

အသားနူးဖို့အတွက် ရေနည်းနည်းထည့်ပြီး အုပ်ထားလိုက်ပါ။ အဆီပြန်လာပြီဆိုရင်တော့ အပေါ့အငံမြည်းကြည့်ပြီး မီးဖိုးပေါ်ကချပါ။ ရှမ်းခေါက်ဆွဲအခြောက်ကို ရေနွေးနဲ့ ပျော့လာတဲ့အထိ ပြုတ်ပေးလိုက်ပါ။ ပန်းကန်ထဲထည့်ပြီး ဟင်းအနှစ်ထည့်လိုက်ကာ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ မြေပဲထောင်း တို့ထည့်လိုက်ပြီး သုံးဆောင်လို့ရပါတယ်။

ဝက်ခေါက်ကြော်၊ ရှမ်းမုန်ညှင်းချဉ်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။ အရည်ကြိုက်ရင် ခေါက်ဆွဲပြုတ်ထားတဲ့ အရည်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

Credit – MyFood Myanmar

(Zawgyi)

ရွမ္းျပည္နယ္က ျမန္မာႏိုင္ငံမွာ ဆြဲေဆာင္မႈရွိၿပီး အထင္ကရ ေစတီပုထိုးေတြေပါမ်ားတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ထင္ရွားၿပီး လူႀကိဳက္မ်ားတဲ့ အစားအစာေတြနဲ႔လည္း နာမည္ေက်ာ္ပါတယ္။ ဒီတခါမွာေတာ့ ရွမ္းတိုင္းရင္းသားမ်ားရဲ႕ အစားအစာတစ္ခုျဖစ္တဲ့ ရွမ္းေခါက္ဆြဲ ျပဳလုပ္နည္းကို မွ်ေဝေပးခ်င္ပါတယ္ေနာ္။

ပါဝင္ပစၥည္း-

– ၾကက္သား (သို႔) ၀က္သား( ေတာက္ေတာက္စဥ္း) – ၁၀ က်ပ္သား

– ၾကက္သြန္နီ – ၁လံုး (နွုတ္နွုတ္ဆင္းပါ)

– ဂ်င္း – အနည္းငယ္ (ႏုတ္ႏုတ္စဥ္း)

– ခရမ္းခ်ဥ္သီး – ၄လံုး (ပါးပါးလွီးပါ)

– ပဲငံျပာရည္ (အၾကည္) – စားပြဲတင္ဇြန္း ၂ဇြန္း

– ပဲငပိ – စားပြဲတင္ဇြန္း ၂ဇြန္း

– သၾကား – စားပြဲတင္ဇြန္း ၁ဇြန္း

– အေရာင္တင္မႈန္႕ အနည္းငယ္

– ေျမပဲေလွာ္ ( မညက္တစ္ညက္ေထာင္းပါ)

– ၾကက္သြန္ျဖဴအနည္းငယ္ ေတာက္ေတာက္စဥ္းပါ။

– ရွမ္းေခါက္ဆြဲေခါက္ – ၁ထုပ္

ျပဳလုပ္နည္း-

ရွမ္းေခါက္ဆြဲမွာ အဓိကအေရးႀကီးဆံုးက ဟင္းအႏွစ္ပဲျဖစ္ပါတယ္။ ဆီပူပူနဲ႔ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္းတို႕ကို ဆီသတ္လိုက္ပါ။ ၿပီးရင္ အေရာင္တင္မႈန္႕အနည္း ထည့္ၿပီးေမႊေပးပါ။ အဲဒီေနာက္ ခရမ္းခ်ဥ္သီးထည့္ၿပီး ေရထည့္လိုက္ပါ။ ခရမ္းခ်ဥ္သီးၿပဲသြားၿပီး အႏွစ္ရၿပီဆိုရင္ ၾကက္သား (သို႔) ဝက္သားထည့္လိုက္ပါ။ အဲဒီေနာက္ ပဲငံျပာရည္၊ ပဲငပိတို႕ကိုထည့္လိုက္ပါ။

အသားႏူးဖို႔အတြက္ ေရနည္းနည္းထည့္ၿပီး အုပ္ထားလိုက္ပါ။ အဆီျပန္လာၿပီဆိုရင္ေတာ့ အေပါ့အငံျမည္းၾကည့္ၿပီး မီးဖိုးေပၚကခ်ပါ။ ရွမ္းေခါက္ဆြဲအေျခာက္ကို ေရေႏြးနဲ႔ ေပ်ာ့လာတဲ့အထိ ျပဳတ္ေပးလိုက္ပါ။ ပန္းကန္ထဲထည့္ၿပီး ဟင္းအႏွစ္ထည့္လိုက္ကာ ၾကက္သြန္ၿမိတ္၊ ငရုတ္သီး၊ ေျမပဲေထာင္း တို႕ထည့္လိုက္ၿပီး သံုးေဆာင္လို႕ရပါတယ္။

ဝက္ေခါက္ေႀကာ္၊ ရွမ္းမုန္ညွင္းခ်ဥ္တို႕နဲ႔ တြဲဖက္သံုးေဆာင္ႏိုင္ပါတယ္ေနာ္။ အရည္ႀကိဳက္ရင္ ေခါက္ဆြဲျပဳတ္ထားတဲ့ အရည္ထည့္ၿပီး သံုးေဆာင္ႏိုင္ပါတယ္။

Credit – MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *