ဗဟုတုသ


[Zawgyi version]






[Unicode version]
ဆီးအောင့် ဆီးနည်း ဆီးတော်တော်နဲ့ မထွက်တာတွေအတွက် ဆေးနည်း

ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့်မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။

ကျွန်တော်ကိုယ်တိုင် ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့ မထွက်တာ ဆီးအိမ်မှာ အောင့်နေတာ ဆီးနည်းတာ စတာတွေသက်သာပြီး ကောင်းသွားလို့ အခုအဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့ တိုက်ဆိုင်သူများရှိရင်ပေါ့ ခင်ဗျာ။

အဘဦးဆန်းဝေကို နှာခေါင်းပိုက် ထည့်ထားရလို့ ပြုတ်ရည်ကိုပဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာ အချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။

လူအများအတွက်မို့ ရှယ်ပါဗျာ။ ငြုပ်သီးစားပြီး ဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်း ဝမ်းသာအားရ ဖုန်းဆက်လာတယ်။ ကျန်နေတဲ့ ငှက်ပျောသီး ဂွေးတောက်ရွက်ပြုတ်တစ်လုံး စားလိုက်တော့ သုံးညဆက်တိုက် ဆီးသုံးကြိမ် ထသွားရပြီး အခု ဆီးအောင့်နေတာပျောက်သွားသတဲ့ ခင်ဗျာ။

Credit : Maung Ukywut Maung

Leave a Reply

Your email address will not be published. Required fields are marked *