ဗဟုတုသ

မိုးရာသီမှာ စားသင့်တဲ့သစ်သီးတွေနဲ့အကျိုးကျေးဇူးများ

မိုးရာသီမှာ စားသင့်တဲ့သစ်သီးတွေနဲ့အကျိုးကျေးဇူးများ

==================
==================

မိုးရာသီက အရသာရှိတဲ့အစားအစာတွေအားလုံးကို ကျွန်ုပ်တို့ စားချင်အောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။ ဒီရာသီမှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးသော သစ်သီးတွေကို ဈေးတွေမှာ ရရှိနေပြီဖြစ်ပါတယ်။ မိုးရာသီစာ သစ်သီးတွေကို သေချာဆေးဖို့ သတိရပြီး မှည့်ပြီးလား၊ စားလို့ရပြီလားဆိုတာကိုတော့ စစ်ဆေးသင့်ပါတယ်။ မိုးရာသီမှာ စားသင့်တဲ့ သစ်သီးများနဲ့ ထိုသစ်သီးတွေရဲ့ အကျိုးကျေးဇူးကို ဖော်ပြပေးလိုက်ပါတယ်။

မက်မန်းသီး

မက်မန်းသီးကို သရေစာအဖြစ် အမျိုးမျိုးလုပ်စားကြပါတယ်။ မက်မန်းသီးကို ဝယ်ယူတဲ့အခါ လတ်ဆတ်မှုရှိမရှိစစ်ဆေးပြီး သေချာမှသာ ဝယ်ယူလိုက်ပါ။ အခန်းတွင်းအပူချိန်နဲ့ မှည့်အောင် ထားလို့ရပါတယ်။ သို့သော် မှည့်မမှည့် သေချာအောင် ကြည့်ပေးဖို့ လိုအပ်ပါတယ်။ မှည့်တဲ့မက်မန်းသီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားလို့ရပါတယ်။

မက်မန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကတော့ ဗီတာမင်စီ၊ကေ၊ ကော်ပါး၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ်ဓာတ်များကြွယ်ဝပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သံဓာတ်ကို စုပ်ယူတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

အလှအပအကျိုးကျေးဇူးကတော့ သစ်သီးမှာ ပါတဲ့အန်တီအာက်စီဒန့်က အသက်အရွယ်အိုမင်းရင့်ရော်ခြင်းကို ကုသပေးပါတယ်။

ချယ်ရီသီး

ချယ်ရီသီးကို ဒီအတိုင်းစားကြသလို ကော့တေးဖျော်ရည်ထဲတွင် ထည့်ပြီးသောက်ကြပါတယ်။ ဒါပေမဲ့ ဒီအတိုင်းစားတာက အကောင်းဆုံးဖြစ်ပါတယ်။ နီပြီး မှည့်နေတဲ့ချယ်ရီသီးကို ရွေးချယ်ဝယ်ယူရပါတယ်။ ရီရွဲ့နေတဲ့ချယ်ရီသီးတွေကို ရှောင်သင့်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။

ကျန်မာရေးအကျိုးကျေးဇူးကတော့ ပိုတတ်စီယမ်ဓာတ်မြင့်မားပြီး ဆိုဒီယမ်ဓာတ်နည်းပါးပါတယ်။ ချယ်ရီသီးက ကယ်လိုရီဓာတ်လဲ လျော့နည်းပြီး အန်တီအောက်စီဒန့်ဓာတ်မြင့်မားတဲ့အတွက် ကိုလက်စတရော့လျော့နည်းသွားတဲ့အခါ နှလုံးရောဂါကို တိုက်ခိုက်ပေးပါတယ်။ ဒါအပြင့်သွေးဖိအားများခြင်းနဲ့ ဆီးအတွင်းမှ အက်ဆစ်ပမာဏကို လျော့ချပေးပါတယ်။

အလှအပ အကျိုးကျေးဇူးကတော့ အသက်အရွယ်ရင့်ရော်ခြင်းကို နှောင့်နှေးစေပြီး အသားအရေကိုလဲ နူးညံ့စေပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။

မက်မွန်သီး

မက်မွန်သီးကို အခွံမခွာဘဲ စားသင့်ပါတယ်။ မက်မွန်သီးကို ရွေးချယ်တဲ့အခါ အဝါ-လိမ္မော်များတာကို ရွေးသင့်ပါတယ်။ မက်မွန်သီးကို မမှည့်သေးပဲဝယ်ခဲ့မယ်ဆိုရင် အခန်းတွင်းအပူချိန်နဲ့ပဲ စက္ကူအိတ်ဖြင့် သိမ်းဆည်းထားခြင်းအားဖြင့် မှည့်အောင် လုပ်လို့ရပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ဗီတာမင်အေ၊ဘီ၊စီကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကောင်းစေပြီး အမြင်အာရုံလဲ တိုးတတ်စေပါတယ်။ မက်မွန်သီးက စိတ်ကိုတည်ငြိမ်စေတဲ့အတွက် စိတ်ဖိစီးမှုဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းတွေကို ဖြေလျော့ပေးနိုင်ပါတယ်။

အလှအပအကျိုးကျေးဇူးကတော့ မက်မွန်သီးက အသားအရေနုပျိုစေပါတယ်။ မက်မွန်သီးအရည်ကို အသားအရေပေါ်မှာ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ အသားအရေအိုမင်းရင့်ရော်ခြင်းနဲ့ နေလောင်ခြည်ကာကွယ်နိုင်တဲ့အစွမ်းသတ္တိများပါဝင်ပါတယ်။

လိုင်ချီသီး

လိုင်ချီသီးရဲ့အသားက နူးညံ့တဲ့အတွက် အခွံခွာပြီးစားရုံနဲ့ အရသာရှိပြီး ဖျော်ရည်အနေနဲ့ သောက်ရင်လဲ အဆင်ပြေပါတယ်။ ပန်းရောင်သမ်းနေတဲ့(သို့) နီညိုရောင်သမ်းတဲ့ လိုင်ချီသီးကို ရွေးချယ်သင့်ပါတယ်။ လတ်ဆတ်တဲ့လိုင်ချီသီးက အခန်းတွင်းအပူချိန် ၂-၃ရက်အထိ ခံပါတယ်။ သေသေချာချာထုတ်ပိုးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင်တော့ ၅-၆ပတ်ဝန်းကျင်လောက် ခံပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးကတော့ အမျှင်ဓာတ်များစွာပါဝင်ရုံသာမက ဗီတာမင်စီ၊ဘီ၊ ပိုတတ်စီယမ်ဓာတ်တွေလဲ ပါဝင်ပါတယ်။ လိုင်ချီမှာ ပါတဲ့အမျှင်ဓာတ်က အစာခြေစနစ်ကို သန့်စင်ပေးပါတယ်။ အသီးရဲ့ အပွင့်၊ အမြစ်တို့ကို ရေနွေးနဲ့ပြုတ်ပြီး ပလုတ်ကျင်းမယ်ဆိုရင် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

အလှအပအကျိုးကျေးဇူးကတော့ လိုင်ချီသီးက ဝိတ်ချဖို့အတွက် အသုံးဝင်ပြီး နေလောင်ဓာတ်မှာ လဲ ကာကွယ်ပေးပါတယ်။ ဝက်ခြံနဲ့ အသားအရေအစက်အပျောက်ဖြစ်ခြင်းကို လျော့ချခြင်းအားခြင်း အသားအရေကို အာဟာရဓာတ်ဖြည့်ပေးပါတယ်။

From MM

===========

 

Leave a Reply

Your email address will not be published. Required fields are marked *