ဗဟုတုသ

ကျသွားတဲ့ ကိုယ်အလေးချိန်ကို ဘယ်လို ဆက်ထိန်းကြမလဲ ????

ကျသွားတဲ့ ကိုယ်အလေးချိန်ကို ဘယ်လို ဆက်ထိန်းကြမလဲ ????

ဝိတ်ချရတာ လွယ်ပါတယ် ကျသွားတဲ့ ဝိတ် ကို ဆက်လက် ထိန်းသိမ်းဖို့ က တော်တော် ခက်ပါတယ်။

A. လေ့ကျင့်ခန်း
– Gym မှာ အနည်းဆုံး တစ်နေ့ ၁ နာရီ နဲ့ တပါတ် ငါးကြိမ် ကစားပါ။
– အိမ်မှာ နေရင် တစ်ခုခု စားပြီးတိုင်း လှုပ်ရှား မှု့ တစ်ခုခု အမြဲ လုပ်ပါ။
– တီဗွီ ကြည့်နေရင်း၊ အင်တာနက် သုံးနေရင်ူ free hand exercise တစ်ခုခု လုပ်ပါ။
– အိမ်မှု့ ကိစ္စများ ကို တတ်နိုင်သမျှ ကိုယ်တိုင်လုပ်တဲ့လအကျင့် လုပ်ပါ။
– တစ်နေ့ ကို ခြေလှမ်းပေါင်း ၆၀၀၀ ပြည့်အောင် လမ်းလျှောက်ပါ။
– အိပ်ခါနီးတိုင်း အိပ်ထမတင် အချက် ၂၀ လုပ်ပါ။
– အားလပ်ချိန် မှာ ခါးလှည့်ကွင်း လှည့်ပါ။
– တစ်ပါတ် တစ်ခါ ဝိတ် ပုံမှန်ချိန်ပါ။

B. အစားအသောက် ဆင်ခြင်ခြင်း

– ဘာစားစား ကယ်လိုရီ တွက်စားပါ
– ဘာစားစား သတိလေး နဲ့ စားပါ
– အစားမစားခင် တစ်နေ့တာဂကယ်လိုရီ ဘယ်လောက်စားပြီးပြီလဲ ပြန်စဉ်းစားပါ။
– ဘာစားစား ချမှတ်တတ်တဲ့အကျင့်၊ food Diary လုပ်ပါ
– ရေ မှန်မှန်သောက်ပါ
– ဗိုက်ဆာတယ်လို့ ခံစားရတိုင်း ရေတခွက် အရင်သောက် ပြီး နည်းနည်း ကနေ စစားကြည့်ပါ။
– ဗိုက်အရမ်းဆာတဲ့‭ အထိ အောင့်မထားပါနဗင့်၊ ပိုစားဖြစ်ပြီး ဝလာစေပါတယ်။
– အသီးအနှံ ကို မိမိ လက်လှမ်း မီတဲ့ နေရာ မှာ ထား ပြီး ဆာလျှင် ထုတ်စားပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *