ဗဟုတုသ

ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?

ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?

ယနေ့ခေတ် မှာ ခေါက်ဆွဲပြုတ် ဆိုတာကလည်း နိုင်ငံတကာ က အသိအမှတ်ပြု လာတဲ့ အသင့်စားအစားအစာတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော် တို့ မြန်မာနိုင်ငံ မျာလည်း တော်တော် လေးတွင်ကျယ်လာတဲ့ အစားအစာတစ်မျိုးပါ။အခုတလော ဆိုရှယ်မီဒီယာ တွေ မှာ နာမည်ကြီး နေတာကတော့ ကိုးရီးယား က လာတဲ့ ခေါက်ဆွဲ ပြုတ် အထုပ်တွေပါ။ ကိုးရီးယား ခေါက်ဆွဲ ပြုတ် ဆိုလို့ မြန်မာပြည်က ခေါက်ဆွဲ ပြုတ်တွေ ကော မပါဘူးလား ဆိုတော့ အကုန်အကျုံးဝင်ပါတယ်။
ပထမဆုံးပြောချင်တာက တော့ တော်တော်များများ သိကြတဲ့ အတိုင်း ခေါက်ဆွဲ ပြုတ်စားရင် ပထမ ပြုတ်ရည် ကို သွန်ပစ်ကြတဲ့ အလေ့အကျင့် ပါ။ ဒါလည်းကောင်းပါတယ်။ မလွဲသာ မရှောင် သာ စားရတော့မယ့် အခြေအနေမှာ ခေါက်ဆွဲ ကို ပထမဆုံး အရင် ပြုတ်ပြီး ထွက်လာတဲ့ ပထမပြုတ်ရည် မှာ ဓါတု ပစ္စည်း များစွာပါဝင်နေတဲ့အတွက် သွန်ပစ်ခြင်း ပြုလုပ်သင့်ပါတယ်။

ဒါပေမယ့် အများ ပြည်သူတွေ သိထားကြတဲ့ ခေါပ်ဆွဲခြောက်တွေ စားရင် ဖယောင်းတွေပါတယ်။ အဲ့ဒီ ဖယောင်းတွေ က အူထဲ မှာ ကပ်နေပြီး ကင်ဆာဖြစ်စေတယ် ဆိုတာ ကတော့ မှားယွင်းနေတဲ့ ယူဆချက်တွေပါ။ ခေါက်ဆွဲ ခြောက်တွေ မှာ ဖယောင်းပါတာ မှန်ပါတာ်။ ဒါပေမယ့် ဒီဖယောင်းတွေ ဟာ edible wax လို့ခေါ်တဲ့ စားလို့ရတဲ့ ဖယောင်းတွေ ဖြစ်ပြီး သူက တော်ရုံ အပူချိန်မှာ ဆိုရင် ပျော်ကျသွားပ့တယ်။ ဒီဖယောင်း ကို မစားချင်ဘူးဆိုရင်တော့ ပထမပြုတ် ရည် ကို သွန်လိုက်လို့ရပါတယ်။ ဒါဆို အဲ့ဒီ ဖယောင်းတွေ က မပါသလောက်ဖြစ်သွားပါပြီ။

ဒီဖယောင်း က ခေါက်ဆွဲခြောက် စားခြင်းရဲ့ အဓိက ပြဿနာ မဟုတ်ပါဘူး။ အဓိက ကတော့
အချိုမှုန့် နှင့် ဆား များစွာ ပါဝင်ခြင်း – ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ်တွေ မှာ အချိုမှုန့် လွန်စွာ ပါဝင်ပါတယ်။ ပြောရရင် sodium ဆားဓါတ် အရမ်းများပါတယ်။ ခေါက်ဆွဲပြုတ် တစ်ထုပ်မှာ sodium ဆားဓါတ်ပမာဏ 800 mg ပါဝင်ပါတယ်။ လူတစ်ဦး အတွက် တနေ့တာ ကို Sodium ဆားဓါတ် ပမာဏ 2400 mg (အိမ်သုံးဆား လက်ဖက်ဇွန်း တစ်ဇွန်းစာ) သာ စားသုံးသင့်ပါတယ်။

ကယ်လိုရီ ပမာဏ များခြင်း- ကယ်လိုရီ တော်တော်များပါတယ်။ ကိုးရီးယား ခေါက်ဆွဲ ပြုတ်လို့ခေါ်နေကြတဲ့ ခေါက်ဆွဲ အထုပ်တွေ မှာ ကယ်လိုရီ ၅၀၀ ကနေ ၇၀၀ အထိပါနိုင် ပြီး ပုံမှန်ခေါက်ဆွဲ အထုပ်တွေ မှာ ကယ်လိုရီ ၂၅၀ ကနေ ၄၀၀ အထိ ပါနိုင်ပါတယ်။

ကယ်လိုရီ များတယ် ဆိုပြီး ဝချင်တဲ့ သူတွေ လိုက်စားမှာ လည်း စိုးရပါတယ်။ သူက ကယ်လိုရီ သာများတာပါ။ အာဟာရ မပြည့်ဝ ပါ။ ဆိုလိုချင်တာက ကာဗိုဟိုက်ဒရိတ် နှင့် အဆီဓါတ် သာ အဓိက ပါပြီး အသားဓါတ်က မပါသလောက် ဖြစ်တဲ့ အတွက် ဝချင်လို့ဆိုပြီး စားမယ် ဆိုရင်တော့ ဗိုက်ပူ ပြီး ကြာလာ ရင် ဆီးချို နှင့် သွေးတိုး ရောဂါ ဖြစ်ရုံမှ အပ တခြားကောင်းကျိုး မရှိပါဘူး။

သွေးတိုး ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဆားဓါတ်ပမာဏ အရမ်း တဲ့ အတွက်ကြောင့်ပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့ အတွက် ဆီးချို ရောဂါ ဖြစ်စေနိုင်တဲ့ အပြင် ဆီဓါတ် များတဲ့လအတွက်လည်း သွေးတွင်း အဆီ ဓါတ်ကို များစေတာ ကို လေ့လာတွေ့ရှိချက် တွေမှာ ဖော်ပြထားပါတယ်။

အမျှင်ဓါတ် အလွန်နည်းခြင်း- ဝမ်းချုပ်နေတဲ့ သူအတွက်ကတော့ ခေါက်ဆွဲ ပြုတ်စားတာဟာ လုံးဝ မှားယွင်းပါတယ်။ ဝမ်းကို ပိုချုပ်စေပါတယ်။

ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ချို့တဲ့လာစေပါတယ်။ ခေါက်ဆွဲ ခြောက် ထုပ်တွေ မှာ ဗီတာမင် နှင့် သတ္တုဓါတ်ပါတာ နည်းပါတယ်။ ပါရင် လည်း အရမ်းများများ စား မပါပြန်ပါဘူး။ သာမာန်လူ တစ်ယောက် က ပုံမှန်နေ့လည်စာ စားရင် အာဟာရပြည့်ဝပြီး ဗီတာမင် နှင့် သတ္တုဓါတ် ကြွယ်ဝ စွာ ရနိုင်ပေမယ့် နေ့လည်စာဂကို ခေါက်ဆွဲ ခြောက် ပြုတ်စားလိုက်ရင်တော့ အာဟာရ မပြည့်ဝ တော့တဲ့ အပြင် ဗီတာမင် နှင့် သတ္တု ဓါတ်ပါ ပြည့်ပြည့်ဝဝ မရနိုင်တော့ပါဘူး။ ဒါကြောင့် မဖြစ်မနေ ခေါက်ဆွဲခြောက် ပြုတ်စားတော့မယ် ဆိုရင် အသားတစ်မျိုးမျိုး သို့မဟုတ် ကြက်ဥထည့်ပြုတ်ခြင်း၊ အသီးအရွက်များ ထည့် ပြုတ်စားခြင်း လုပ်သင့်ပါတယ်။

အသင့်စားခေါက်ဆွဲပြုတ် အစား အိမ်လုပ် ခေါက်ဆွဲ ပြုတ် ကို ဆားလျှော့ပြီး အသား နှင့် အရွက်တွေ ထည့်စားမယ်ဆိုရင်တော့ ဒါဟာလည်း ကျန်းမာရေး နှင့် ညီညွှတ်တဲ့ အစားအစာဂတစ်ခုလို့ပြောနိုင်ပါတယ်။ မဖြစ်မနေ အသင့်စား ခေါက်ဆွဲပြုတ် ကို ရံဖန်ရံခါ စားမယ်ဆိုရင်လည်း ကျွန်တော် ပြောပြထားတဲ့ဘအချက်လေးတွေ အတိုင်း လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

လေစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *