ဗဟုတုသ

ခေါင်းကိုက်ခြင်း ဝေဒနာကို သက်သာစေမဲ့ အိမ်တွင်းသဘာဝ နည်းလမ်းများ

ခေါင်းကိုက်ခြင်း ဝေဒနာကို သက်သာစေမဲ့ အိမ်တွင်းသဘာဝ
နည်းလမ်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ လူသားအားလုံးနီးပါး ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ခံစားရလျှင်သင့်အနေနဲ့ သေချင်လောက်အောင် စိတ်ညစ်ဖူးကြမှာပါ။ ဒီလိုခေါင်းကိုက်ခြင်းဟာ များသောအားဖြင့် ဖိအားများအလွန်များပြားခြင်း၊ ခန္ဓာကိုယ်တွင် ရေဓါတ်ကုန်ဆုံးခြင်း၊ မျက်စိနဲ့ အလုပ်လုပ်မှုများပြားခြင်း၊ ပုံမှန်မဟုတ်သော အာရုံကြောစနစ် ချိ့ယွင်းခြင်း၊ လည်ပင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်ရခြင်း၊ ဆေးလိပ် အလွန်အကျွံ သောက်ခြင်း အစရှိတဲ့အကြောင်းအရာတွေကြောင့် ဖြစ်တယ်။ ကျွန်တော်တို့တွေ ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံးသတိရမိတာကတော့ ဆေးသောက်ရမယ်ဆိုတာပါဘဲ။ ဒါပေမဲ့လည်း ဆေးမရှိတဲ့အချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ စိတ်ထပ်ပြီးညစ်ရပါပြီ။ ဆေးတွေကလည်း တခါတလေ ခေါင်းကိုက်တဲ့ ဝေဒနာအပေါ် မသက်ရောက်ပါဘူး။ ဒါပေမဲ့လည်း စိတ်မပူပါနဲ့ ကျွန်တော်တို့ အနီးနားမှာရှိတဲ့ ပစ္စည်းလေးတွေက ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့က သင်တို့ ခေါင်းကိုက်လျှင် သက်သာအောင် ပြုလုပ်နိုင်တဲ့ အိမ်တွင်းသဘာဝ ဆေးနည်းများကို ဖော်ပြပေးချင်ပါတယ်။

ပူစီနံ ဖျော်ရည်
မြန်မာနိုင်ငံမှာတော့ ပူစီနံဆိုတာ ပေါများသလို အိမ်တိုင်းမှာရှိနေတတ်တဲ့ အရာပါ။ Menthone နဲ့ Menthol တို့ဟာ ခေါင်းကိုက်ပျောက်စေတဲ့ အကြောင်းရင်းဟာ ပူစီနံပါဝင်လို့ ဖြစ်ပါတယ်။ သင်ခေါင်းကိုက်လာလျင် ပူစီနံကို လက်တဆုပ်စာလောက်ယူပြီး ဖျော်သောက်လိုက်ပါ။ မကြာခင်အချိန်အတွင်း သက်သာသွားပါလိမ့်မယ်။ ထို့နောက် ပူစီနံပါဝင်တဲ့ လက်ဖက်ရည်ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ခေါင်းကိုက်ခြင်း ဝေဒနာကို သက်သာစေပါတယ်။

ပန်းသီး

ပန်းသီးစားခြင်း နဲ့ ပန်းသီးCider ရှာလကာရည် သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အက်ဆစ်ဓါတ်နဲ့ Alkaline ဓါတ်တွေကို ထိန်းညှိ့ထားနိုင်ပြီး ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ သင့်အနေနဲ့ ခေါင်းကိုက်လာပြီဆိုပါ ဆားအနည်းငယ်နဲ့ ပန်းသီးကိုစားရောပြီးတော့ စားသင့်ပါတယ်။ ဒါမှမဟုတ် ရေတခွက်ထဲမှာ ပန်းသီး Cider ရှာလကာရည် ၂ ဇွန်းတို့ကို ရောစပ်ပြီးသောက်သုံးပေးပါက ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

ဂျင်း
ဂျင်းကတော့ သွေးကြောရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်ပြီး ခေါင်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သင်အနေနဲ့ ခေါင်းကိုက်လာပြီဆိုပါက ဂျင်းနဲ့ သံပုရာရည်တို့ကို အချိုးကျရောစပ်ပြီး တနေ့ကို တကြိမ် နှစ်ကြိမ်သောက်သုံးပေးပါ။ ထို့နောက် သီးသန့်ရောင်းတဲ့ ဂျင်းအမှုန့် ၂ ဇွန်းကို ဖျော်သောက်ပေးပါက ခေါင်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဂျင်းကတော့ အိမ်တိုင်းမှာ ရှိတဲ့ မီးဖိုးချောင်သုံး ပစ္စည်းလို့ ထင်ပါတယ်။

ပင်စိမ်း
ပင်စိမ်းကတော့ တင်းမာနေတဲ့ ကြွက်သားတွေကို ဖြေလျော့ပေးတဲ့ နေရာမှာ အသုံးဝင်ပါတယ်။ ခေါင်းကိုက်တာကလည်း ခေါင်းတွင်း ကြွက်သားတွေတင်းမာမှုကြောင့် ဖြစ်လာရတဲ့ လက္ခဏာ ဖြစ်တယ်။ ဒါကြောင့် ပင်စိမ်းကတော့ ခေါင်းကိုက်ခြင်း ဝေဒနာကို သက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဆူပွက်နေသော ရေနွေးထဲကိုတော့ လတ်ဆတ်တဲ့ ပင်စိမ်းရွက် ၂ ရွက် ၃ ရွက်လောက်ထည့်ပေးပြီး ၅ မိနစ်ခန့် ပြုတ်ထားပေးပါ။ ထို့နောက် ပူပူလေးဖြစ်နေတဲ့ အချိန်မှာ သောက်သုံးပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း ဝေဒနာကို သက်သာစေပါတယ်။

ရေခဲ
ရေခဲကတော့ ခေါင်းကိုက်ရာတွင် သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ရေခဲဟာ ရောင်ရမ်းခြင်းတွေကို လျော့ချစေနိုင်ပြီး ခေါင်းကိုက်ကိုလည်း သက်သာစေပါတယ်။ ပြီးတော့ နာကျင်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ သင့်အနေနဲ့ ခေါင်းကိုက်လာပြီဆိုပါက ရေခဲထည့်ထားသော အထုပ်ကို လည်ပင်းနောက်မှာ ကပ်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။ ထို့နောက် ရေခဲရေထဲကို အဝတ်စ နစ်ပြီး နဖူးပေါ်ကို ၅ မိနစ်လောက် တင်ထားပေးခြင်းဖြင့်လည်း သက်သာပျောက်ကင်း စေပါတယ်။

#credit

Leave a Reply

Your email address will not be published. Required fields are marked *