ဗဟုတုသ

ဘယ်အစားအစာတွေကို ဘယ်အချိန်မှာ စားသုံးသင့်သလဲ

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က အစာခြေစနစ်ကို အားကောင်းစေပြီး အစာအိမ်စနစ်ကိုကောင်းစေတာကြောင့် မနက်စာမှာ စားသုံးသင့်ပါတယ်။

ခရမ်းချဉ်သီးမှာ Oxalic အက်ဆစ်ပါဝင်တာကြောင့် ညဘက်စားသုံးရင် ရောင်ရမ်းတာတို့ ဖြစ်စေပါတယ်။

အာလူး
အာလူးမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ သတ္တုဓာတ်တွေပါဝင်ပြီး အာလူးမှာပါတဲ့ ကစီဓာတ်က သွေးအတွင်း ကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။

ဒါကြောင့် မနက်စာမှာ စားသုံးသင့်ပါတယ်။
အာလူးက တခြား ဟင်းသီးဟင်းရွက်တွေထက်စာရင် ကယ်လိုရီပါဝင်မှုပမာဏက ၂ ဆ၊ ၃ ဆလောက်များတာကြောင့် ညစာမှာတော့ မစားသုံးသင့်ပါဘူး။

ငှက်ပျောသီး
ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေပါဝင်တာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်က အချဉ်ရည်တွေ အထက်ဆန်တက်တဲ့ ရောဂါ (Heartburn) ကိုကုသရာမှာလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် နေ့လယ်ခင်း စားသုံးသင့်ပါတယ်။
ညဘက်မှာတော့ အစာခြေစနစ်ကိုထိခိုက်နိုင်တာကြောင့် မစားသင့်ပါဘူး။

ပန်းသီး
ပန်းသီးမှာပါဝင်တဲ့ Pectin က အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းမွန်စေတာကြောင့် မနက်စာအဖြစ်စားသုံးသင့်ပါတယ်။

ညဘက်မှာဆိုရင်တော့ ပန်းသီးက အက်ဆစ်ပမာဏကိုတိုးစေပြီး Pectin ကအစာကြေဖို့ခက်ခဲတာကြောင့် မစားသုံးသင့်ပါဘူး။
crd;copy

Leave a Reply

Your email address will not be published. Required fields are marked *