ဗဟုတုသ

လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို သက်သာစေမယ့် သဘာဝဆေးနည်း

လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို သက်သာစေမယ့် သဘာဝဆေးနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစာအိမ်က ခန္ဓာကိုယ်ထဲမှာ အမှားမခံတဲ့ အစိတ်အပိုင်းတစ်ခုဘဲဖြစ်ပါတယ်။ အစာတစ်ခုခု မှားသွားရင် လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေပါတယ်။

ဇီးသီးနဲ့ ပန်းသီး ဖျော်ရည်

ကောင်းမွန်တဲ့ အစာခြေစနစ်တွေအတွက် အမျှင်ဓာတ်က အရမ်းအရေးကြီးပါတယ်။ ဇီးသီးနဲ့ ပန်းသီး ဖျော်ရည် က ၀မ်းချုပ်ခြင်း၊ လေပွခြင်းနဲ့ အစာအိမ် လေထိုးတာကြောင့် အောင့်တာတွေကို သက်သာစေပါတယ်။

ပါဝင်ပစ္စည်းများ

ဇီးသီး ၅ လုံး (အမည်းရောင် သို့ နီညိုရောင် ဇီးသီး)
ပန်းသီး အခွံနဲ့ တစ်ခြမ်း
apple.png

ရေ တစ်ခွက် (250ml)
ပျားရည်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲကို ထည့်ပြီး ကြေအောင်မွှေလိုက်ပါ။ ဖျော်ပြီးတာနဲ့ ချက်ခြင်းသောက်ပါ။
အစာမစားခင် မိနစ် ၄၀ အလိုမှာ သောက်ရင် အာနိသင်ပိုကောင်းပါတယ်။

နာနတ်သီး၊ Grapefruit နဲ့ Green Tea ဖျော်ရည်

အူထဲမှာ စွန့်ပစ်ပစ္စည်းတွေ ရှိနေရင် အစာခြေရတာ ပိုခက်လာပါလိမ့်မယ်။ ဒါကြောင့် အစာအိမ်မှာလေပွ၊ လေထိုးတာနဲ့ သက်တောင့်သက်သာ မရှိတာတွေ ဖြစ်လာပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

ချေထားတဲ့ နာနတ်သီး ၁၁၆ ဂရမ်၊ ခွက်တစ်ခွက်ရဲ့ ၃ ပုံ ၄ ပုံ
သံပုရာသီး ၁ လုံး
Grapefruit ၁ လုံး
Green Tea တစ်ခွက် (250 ml)
ပျားရည်

ပြုလုပ်နည်း

နာနတ်သီး၊ Green Tea၊ ပျားရည်တို့ကို ဖျော်စက်ထဲထည့်ပြီး Grapefruit တို့ကိုလည်း ဖျော်စက်ထဲကိုညှစ်ထည့်လိုက်ပါ။

စက္ကန့် အနည်းငယ်လောက် ညက်အောင် မွှေလိုက်ပါ။ ရလာတဲ့ ဖျော်ရည်ကို သံပုရာသီးညှစ်ကာ ၂၁ ရက် သောက်ပေးပါ။

MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *