ဗဟုတုသ

မျက်နှာမှာ ဝက်ခြံလုံးဝမညှစ်သင့်တဲ့နေရာ

အဲဒီနေရာတွေကို ညှစ်ရင် သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။

 

သင့်ရဲ့မျက်နှာမှာ အန္တရာယ်ရှိတဲ့ တြိဂံဧရိယာမှာ အဖုအပိန့်၊ ဝက်ခြံတွေ ပေါက်ရင် လက်နဲ့ ညှစ်တာမျိုး မလုပ်သင့်ဘူးလို့ အရေပြားရောဂါအထူးကုများက ဆိုပါတယ်။

ဝက်ခြံညှစ်တာဟာ အမာရွတ်တွေ ကျန်တယ်လို့ ကြာဖူးပေမဲ့ အခုဟာက အသက်တောင် ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။

 

နှုတ်ခမ်းထောင့်စွန်းတွေနဲ့ နှာခေါင်းထိပ်ကြားက တြိဂံဧရိယာဟာ သတိထားရမယ့်နေရာဖြစ်ပါတယ်။

ယင်းတြိဂံဧရိယာက သွေးကြောတွေဟာ သင့်ရဲ့ဦးနှောက်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက် ယင်းဧရိယာက အဖုအပိန့်တွေ၊ ဝက်ခြံတွေကို ညှစ်ရင် အန္တရာယ်ရှိတာ ဖြစ်ပါတယ်။

ဝက်ခြံညှစ်လိုက်လို့ ပိုးဝင်သွားရင် အဲဒီပိုးတွေက အာရုံကြောဗဟိုအထိ တိုက်ရိုက်ရောက်ရှိသွားနိုင်လို့ ဆိုပါတယ်။

 

ဖြစ်တော့ဖြစ်ခဲပေမဲ့ ပိုးဝင်သွားရင် အမြင်အာရုံဆုံးရှုံးခြင်း၊ အကြောသေခြင်း၊ သေဆုံးခြင်းတို့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယင်းဧရိယာအတွင်းမှာ ပိုးဝင်သွားတယ်လို့ သိရှိတာနဲ့ ဆရာဝန်ကို ပြသင့်တယ်လို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

Source & Photos : Metro

Leave a Reply

Your email address will not be published. Required fields are marked *