အချိန်တိုအတွင်း အမာရွတ် များကို လျော့ပါးပျောက်ကင်းသွားစေမယ့် နည်းလမ်း ၄သွယ်

အချိန်တိုအတွင်း အမာရွတ် များကို လျော့ပါးပျောက်ကင်းသွားစေမယ့် နည်းလမ်း ၄သွယ်

အချိန်တိုအတွင်း အမာရွတ် များကို လျော့ပါးပျောက်ကင်းသွားစေမယ့်
နည်းလမ်း ၄သွယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မီးပူလောင်၊ချော်လဲ၊ခွဲစိတ်ဒဏ်ရာ စသဖြင့် အကြောင်းအမျိုးမျိုးတွေကြောင့် အမာရွတ် ဆိုတာ ကျန်ရှိနိုင်ပါတယ်။ အမာရွတ်တွေက အရုပ်ဆိုးတဲ့ အရာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ အမာရွတ်ပျောက်ဆေးတွေ ရှိသော်ငြား စရိတ်စကများပြီး ထင်သလောက် မထိရောက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမာရွတ်တွေကို မိမိကိုယ်တိုင် ပြုလုပ်နိုင်တဲ့ အိမ်တွင်းကုသနည်းများဖြင့် ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ သံပုယိုသီး

သံပုယိုသီးမှာပါဝင်တဲ့ AHA ဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေပြန်ပြီး ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးပါတယ်။ အရေပြားကိုလည်း သဘာဝအတိုင်း ဖြူဖွေးစေပြီး အမာရွတ်တွေကို လျော့ပါးသွားစေနိုင်ပါတယ်။ ပထမဦးစွာ အမာရွတ်ပတ်ဝန်းကျင်တဝိုက်ကို သန့်ရှင်းပါ။ ထို့နောက် သံပုယိုရည် လက်ဖက်ရည်တစ်ဇွန်းစာခန့်ကို ဂွမ်းဖြင့်တို့ပြီး အမာရွတ်တဝိုက်ကို ပွတ်ပေးပါ။ ၁၀မိနစ်ခန့်ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ။ သံပုယိုဟာ နေရောင်နှင့်တွေ့လျှင် အသားအရေကို ထိခိုက်စေနိုင်တာမို့ ဒီနည်းလမ်းကို အသုံးပြုပြီး အပြင်ထွက်မယ်ဆိုလျှင် နေရောင်ကာခရင်မ်လိမ်းပြီးမှသာ အပြင်ထွက်သင့်ပါတယ်။

၂။ရှားစောင်းလက်ပက်

ထိခိုက်မှုကြောင့် ဖြစ်လာတဲ့ အရေပြားပေါ်က ဆဲလ်သေ များကို ရှားစောင်းလက်ပက်ဖြင့်လည်း သေစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားရောင်ရမ်းခြင်းကိုသက်သာစေခြင်း၊ ပျက်စီးနေသောအသားအရေကို ပြန်လည်ပြုပြင်ပေးခြင်း၊ ဆဲလ်သစ်ပြန်လည်တည်ဆောက်ပေးခြင်း စသည့်စွမ်းအင်များလည်း ပိုင်ဆိုင်ထားပါတယ်။ ရှားစောင်းလက်ပက်၏အနှစ်ကို အမာရွတ်ရှိသော အရေပြားပေါ်သုတ်လိမ်းပေးထားရုံပါပဲ။ ယခုနောက်ပိုင်းတွင် ရှားစောင်းလက်ပက်ပါဝင်သော လိုးရှင်း၊ဂျယ်လ်၊ointments စသည်တို့လည်း ပေါ်ထွက်နေပြီး ဒါတွေကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

၃။Cocoa Butter

Cocoa Butter ဟာ သံပုယိုရည်ကဲ့သို့ပင် ကောင်းကျိုးတွေရှိပါတယ်။ cocoa butter ဖြင့် အမာရွတ်တဝိုက်ကို ပွတ်ပေးပါက တဖြေးဖြေး သက်သားလျော့ပါးသွားမှာပါ။ ရေပြန်ဆေး စရာမလိုပါဘူး။ အရေပြားထဲကို စိမ့်ဝင်သွားအောင် ထားလိုက်ပါ။ cocoa butter ဟာ အကြောပြတ်ရာများကိုလည်း ကုသနိုင်ပြီး တက်တူးထိုးပြီးစသူများလည်း အသုံးပြုလို့ရပါတယ်။ ကုန်တိုက်တွေမှာ ရှာဝယ်လို့ရသလို vasleline cocoa butter ကိုလည်း အသုံးပြုနိုင်ပါတယ်။

၎။ပျားရည် နှင့် Baking Soda

အရောအနှောမပါသော ပျားရည်သန့်သန့် နှင့် baking soda ကို လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်စီ ဆတူရောစပ်ပါ။ ထို့နောက် အမာရွတ်ပေါ် ၃မိနစ်ခန့် ညှင်သာစွာ ပွတ်လိမ်းပါ။ ထို့နောက် ရေနွေးနွေးစိမ်ထားသော အဝတ်သန့်ဖြင့် အပေါ်မှ အုတ်ပတ်ထားလိုက်ပါ။ အဝတ်အေးသွားလျှင် ထိုအဝတ်ဖြင့်ပင် သန်စင်သုတ်သင်လိုက်ပါ။

မှတ်ချက် ။ ဝက်ခြံအမာရွတ်အတွက်ဆိုလျှင် ပျားရည် ၂ဇွန်းနှင့် Baking Soda ၁ဇွန်းသာ ထည့်ပါ။

Credit : CHAN (ရွှေအင်းလေး)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top