အလွစိုက္ပ်ိဳးေသာ ႐ြက္က်ပင္ေပါက္၏ ေဆးအစြမ္းမ်ားစြာ သိႏိုင္ပါေစ။

အလွစိုက္ပ်ိဳးေသာ ႐ြက္က်ပင္ေပါက္၏ ေဆးအစြမ္းမ်ားစြာ သိႏိုင္ပါေစ။

(Zawgyi)
“႐ြက္က်ပင္ေပါက္”

အခ်ိဳ႕က ပန္းအိုးတို႔ျဖင့္ အလွစိုက္ပ်ိဳးေသာ ႐ြက္က် ပင္ေပါက္တြင္ ေဆးအစြမ္း မ်ားစြာရွိပါ၏။ အိမ္တြင္ရွိေနပါက ေဆးအသုံးသိေစရန္ ျပန္လည္မွ်ေဝ လိုက္ပါသည္။ ယင္းေဆးပင္သည္ နတ္ေဆးသဖြယ္ျဖစ္၏။ ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန႔္ထိန္းခ်ဳပ္ေသာေနရာ၌ အလြန္အစြမ္းႀကီးေၾကာင္း ေဆးက်မ္းတြင္ ဆိုပါသည္။

အသုံးျပဳပုံမွာ

(၁) ထိခိုက္ရွနာႏွင့္ ေသြးစိမ္းထြက္ေသာ အနာမ်ားကို ႐ြက္က်ပင္ေပါက္႐ြက္ကို မီးကင္၍ ကပ္ေပးပါက ေသြးမ်ားရပ္စဲ၍ အနာက်က္လြယ္၏။

(၂) အ႐ြက္ကို ႀကိတ္ညစ္၍ရေသာ အရည္ျဖင့္ အနာစက္၊ အနာမီးလွ်ံႏွင့္ ေမြးကြၽတ္နာမ်ားတြင္ လိမ္းေပးက ေပ်ာက္ကင္း၏။

(၃) ႐ြက္က်ပင္ေပါက္ကို အ႐ြက္ကိုမီးကင္ၿပီး ထိခိုက္ေရာင္ရမ္းေသာ ဒဏ္ရာမ်ားကို ကပ္ေပးပါက ေရာင္ရမ္းျခင္းက်ဆင္းၿပီး ဒဏ္ရာမ်ားသက္သာ ေပ်ာက္ကင္း၏။

(၄) ႐ြက္က်ပင္ေပါက္႐ြက္(၁)႐ြက္(၂)႐ြက္ကို င႐ုတ္ေကာင္းအနည္းငယ္ ထည့္၍ ညက္ေအာင္ႀကိတ္ၿပီး ေသာက္သုံးပါက ဆီးပူ၊ ဆီးခ်ဳပ္၊ ေသြးျမင္း သ႐ိုက္ႏွင့္ လူပ်ိဳနာေၾကာင့္ျဖစ္ေသာ အနာမ်ား ေပ်ာက္ကင္း၏။

(၅) အ႐ြက္ကိုႀကိတ္၍ အရည္ကိုေသာက္ပါက ကာလဝမ္းေရာဂါ ေပ်ာက္၏။ အ႐ြက္ရည္ကို အဆစ္လြဲ၊ အေၾကာထုံးေနရာမ်ားႏွင့္ မီးေလာင္နာတို႔ တြင္ လိမ္းေပးပါကေပ်ာက္ကင္း၏။

(၆) အ႐ြက္ကိုညက္စြာ ႀကိတ္၍လည္းေကာင္း၊ အေအးလြန္၍ျဖစ္ေသာ မ်က္စိနာအတြက္ အ႐ြက္ကိုႀကိတ္ၿပီး နႏြင္းစစ္စစ္ အနည္းငယ္ ထည့္ကာ ခပ္ေႏြးေႏြးအုံ ေပးပါက မ်က္စိနာေပ်ာက္၏။

(၇) အနာမ်ားမေပါက္ဘဲ အေညႇာ္မိ၊ ငန္းမန္းလိုက္၍ ေရာင္တင္းလာပါက အ႐ြက္ကို ႀကိတ္၍ အုံေပးပါက အေညႇာ္မ်ားက်ဆင္းၿပီး အနာႏုလွ်င္ပိန္၍ ရင့္လွ်င္ေပါက္သြားေစသည္။

(၈) အ႐ြက္ရည္ကို သၾကားျဖင့္ ေရာေသာက္ပါကဆီး၌ ေသြးပါျခင္းႏွင့္ ေသြးဝမ္းသြားျခင္းကို ေပ်ာက္ကင္း၏။

(၉) အ႐ြက္ကို မီးကင္၍ ေဖါေရာင္ေသာေနရာမ်ားကို ကပ္ေပးပါက အေဖါက်၏။ အ႐ြက္ကို ဆားျဖင့္ႀကိတ္ၿပီး ကင္းကိုက္ေသာ ေနရာသို႔ သိပ္ေပးပါက ကင္းဆိပ္ ေျပသည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
“ရွက်ကျပင်ပေါက်”

အချို့က ပန်းအိုးတို့ဖြင့် အလှစိုက်ပျိုးသော ရွက်ကျ ပင်ပေါက်တွင် ဆေးအစွမ်း များစွာရှိပါ၏။ အိမ်တွင်ရှိနေပါက ဆေးအသုံးသိစေရန် ပြန်လည်မျှဝေ လိုက်ပါသည်။ ယင်းဆေးပင်သည် နတ်ဆေးသဖွယ်ဖြစ်၏။ သွေးယိုစီးကျဆင်းခြင်းကို ရပ်တန့်ထိန်းချုပ်သောနေရာ၌ အလွန်အစွမ်းကြီးကြောင်း ဆေးကျမ်းတွင် ဆိုပါသည်။

အသုံးပြုပုံမှာ

(၁) ထိခိုက်ရှနာနှင့် သွေးစိမ်းထွက်သော အနာများကို ရွက်ကျပင်ပေါက်ရွက်ကို မီးကင်၍ ကပ်ပေးပါက သွေးများရပ်စဲ၍ အနာကျက်လွယ်၏။

(၂) အရွက်ကို ကြိတ်ညစ်၍ရသော အရည်ဖြင့် အနာစက်၊ အနာမီးလျှံနှင့် မွေးကျွတ်နာများတွင် လိမ်းပေးက ပျောက်ကင်း၏။

(၃) ရွက်ကျပင်ပေါက်ကို အရွက်ကိုမီးကင်ပြီး ထိခိုက်ရောင်ရမ်းသော ဒဏ်ရာများကို ကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများသက်သာ ပျောက်ကင်း၏။

(၄) ရွက်ကျပင်ပေါက်ရွက်(၁)ရွက်(၂)ရွက်ကို ငရုတ်ကောင်းအနည်းငယ် ထည့်၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ၊ ဆီးချုပ်၊ သွေးမြင်း သရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများ ပျောက်ကင်း၏။

(၅) အရွက်ကိုကြိတ်၍ အရည်ကိုသောက်ပါက ကာလဝမ်းရောဂါ ပျောက်၏။ အရွက်ရည်ကို အဆစ်လွဲ၊ အကြောထုံးနေရာများနှင့် မီးလောင်နာတို့ တွင် လိမ်းပေးပါကပျောက်ကင်း၏။

(၆) အရွက်ကိုညက်စွာ ကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သော မျက်စိနာအတွက် အရွက်ကိုကြိတ်ပြီး နနွင်းစစ်စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေးအုံ ပေးပါက မျက်စိနာပျောက်၏။

(၇) အနာများမပေါက်ဘဲ အညှော်မိ၊ ငန်းမန်းလိုက်၍ ရောင်တင်းလာပါက အရွက်ကို ကြိတ်၍ အုံပေးပါက အညှော်များကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွားစေသည်။

(၈) အရွက်ရည်ကို သကြားဖြင့် ရောသောက်ပါကဆီး၌ သွေးပါခြင်းနှင့် သွေးဝမ်းသွားခြင်းကို ပျောက်ကင်း၏။

(၉) အရွက်ကို မီးကင်၍ ဖေါရောင်သောနေရာများကို ကပ်ပေးပါက အဖေါကျ၏။ အရွက်ကို ဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သော နေရာသို့ သိပ်ပေးပါက ကင်းဆိပ် ပြေသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top