ဗဟုတုသ

အမျိုးသားတွေ သုတ်လွတ် မြန်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသားတွေရဲ့ ပထမပြဿနာဖြစ်တဲ့ ကြာရှည်မစွမ်းနိုင်တာဖြစ်ပြီး လျှင်မြန်စွာ ပြီးသွားတတ်တာဖြစ်ပါတယ်။ဒီပြဿနာဟာ ကျန်းမာရေးဆိုင်ရာ မေးခွန်းတခုဖြစ်လာပြီး စီးပွားရေးသမားတွေလက်ချက်နဲ့ တရားမဝင်ဆေးဝါးတွေပါ မှောင်ခိုဈေးကွက်ဝင်လာပါတယ်။

ဒါတွေဟာ စိတ်ချရတာမဟုတ်ပဲ ကျန်းမာရေးကို ပျက်စီးစေတဲ့အတွက် ဆရာဝန်များညွှန်ကြားတဲ့ နည်းစနစ်အမှန်ဖြစ်တဲ့ အချက်တွေကိုသာ ဖော်ပြပေးလိုက်ပါတယ်။

1.အမျိုးသားတွေ တကိုယ်ရည်အာသာဖြေတဲ့အခါ မသန်တဲ့ လက်ကို အသုံးပြုသင့်ပါတယ်။ဒီလို အသုံးပြုခြင်းက ခက်ခဲပေမယ့် ဒါဟာ ဖနီးမယားနဲ့ နေတဲ့အခါ သင့်ကို ကောင်းမွန်ကြာရှည်တဲ့ အတွေ့အကြုံကို ရရှိစေပါတယ်။

2.နည်းလမ်းဟောင်း ပုံစံဟောင်းတွေ အသုံးပြုခြင်းက ဆက်ဆံချိန်ကို တိုတောင်းစေပါတယ်။အကြောင်းအရင်းကတော့ လွယ်ကူချောမွေ့တဲ့အတွက် သင့်ရဲ့ ခန္ဓာကိုယ်ဟာ အားစိုက်ထုတ်မှုမပြုရလို့ လျင်မြန်စွာ ပြီးသွားတတ်ပါတယ်။

3.ကြာရှည်စွာ ကိုယ်ဇနီးမယားကို နူးနပ်ခြင်းမျိုး အလုပ်သင့်ပါဘူး။အာရုံခံစားအားပြင်းထန်နေချိန်မှ အတူနေရင်ရင် လွယ်ကူစွာ ပြီးမြောက်သွားတတ်သွားတတ်တာမို့ ကို ခံစားမှုအာရုံကို သတိထားစောင့်ကြည့်သင့်ပါတယ်။

4.အနမ်းကတော့ ကောင်းခြင်းတွေ များစွာရှိပါတယ်။အနမ်းပေးခြင်းဟာ သင့်ရဲ့ စိတ်ကို ကြာရှည်ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။

5.ရိုးရင်းစွာ ပြောရရင်တော့ ပေးသူနဲ့ ယူသူဆိုတာ အချိန်တခုထဲ ထပ်တူကျဖို့လိုပါတယ်။ဒီလို ထပ်တူကြနိုင်ဖို့ဆို အိမ်ထောင်တခုမှာ အမျိုးသားဟာ ဦးဆောင်သူဖြစ်ရမှာဖြစ်ပါတယ်။

6.အမျိုးသမီးကို ဆက်ဆံချိန်အတွင်းမှာ အပေါ်ဘက်မှာ နေခိုင်းပါ။ဒါဟာ အချိန်ပိုင်းသာဖြစ်ပါတယ်။အမြဲတမ်းအတွက်မဟုတ်ပါဘူး။ဒီအချိန်မှာ သင့်အာရုံခံစားမှုက ထုံထိုင်းတတ်ပြီး သူ့အတွက် အာရုံခံစားမှုကောင်းမွန်စေပါတယ်။

7.သာမာန် လိင်စာအုပ်တွေဟာ သင့်ရဲ့ အိမ်ထောင်ရေးကို အထောက်အကူမပြုနိုင်ပါဘူး။ဒါတွေဟာ တချို့သော ဇာတ်လမ်းတွေက စိတ်ကူးယဉ်နယ်ပယ်က ပေါက်ဖွားပြီး လက်တွေ့မဆန်သလို နည်းလမ်းအမှားတွေ ထည့်သွင်းရေးဖွဲ့ထားဖြစ်ပါတယ်။အကောင်းဆုံးကတော့ ကာမသျှတရလို ကောင်းမွန်တဲ့ ကျမ်မးကြီးကျမ်းခိုင်မျိုးကို ဖတ်သင့်ပါတယ်။

8.မဖြစ်မနေ တကိုယ်ရည် အာသာဖြေခဲ့ရတဲ့ အခိုက်အတန့်မှာ စိတ်ကို အပြောင်းအလဲ လုပ်ပေးပါ။ခံစားမှု အထွတ်အထိပ်ရောက်တိုင်း အာရုံပြောင်းလွဲပါ။ဒါမှ သင့်အိမ်ထောင်ရေးအတွက် တချိန်မှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

9.အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ပြီးမြောက်ခါနီးအချိန်မှာ ဆန္ဒလွှဲခိုင်းတာမျိုး လုပ်ဖို့ တယောက်နဲ့ တယောက် သတိပေးထားပါ။ကြာရှည်တဲ့ ဆက်ဆံချိန်ရဖို့ ဒါဟာလည်း အကောင်းမွန်ဆုံးနည်းဖြစ်ပြီး တကြိမ်ထဲတော့ မအောင်မြင်တတ်ပါဘူး။

10.လိင်ပိုင်းဆိုင်ရာ အမျိုးသားကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေဟာ အရေးကြီးပါတယ်။သာမာန်လေ့ကျင့်ခန်းမျိုးကို တနေ့ကို အနည်းဆုံး နာရီဝက်လောက် ခံယူသင့်ပါတယ်။သွေးလည်ပတ်မှုစနစ်ကောင်းပြီး လိင်တံကို ကြံ့ခိုင်စေပါတယ်။

11.နေရာပြောင်းလဲ လုပ်ဆောင်ပါ။ဇနီးသည်နဲ့ အတူနေတဲ့အခါ နေရာတသတ်မှတ်ထဲမထားပဲ နေရာပြောင်းရွှေ့လုပ်ဆောင်ခြင်းက သင့်ရဲ့ စွမ်းဆောင်ချက်ကို မြင့်မားစေပါတယ်။

12.လင်မယားအတူနေတဲ့အခါ အသက်ရှုသံပြင်းတာ မြန်တာဖြစ်ပါတယ်။ဒါဟာ စိတ်လှုပ်ရှားမှုကို ပြသမှုဖြစ်ပြီး ဒီအခြေအနေကို ထိန်းချုပ်ဖို့ အသက်ကို ဖြေးညှင်းစွာ ရှုသွင်းပါ။ဒါဟာ သင့်ရဲ့ စွမ်းဆောင်ရည်ကို ကြာမြှင့်စေပါတယ်။

creid;Sex Knowledge

Leave a Reply

Your email address will not be published. Required fields are marked *