ဗဟုတုသ

“ဆေးဘဲဥကြိုက်သူများအတွက် ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း”

“ဆေးဘဲဥကြိုက်သူများအတွက် ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း”

ဆေးဘဲဥကို”Century egg”ဟု အမည်ပေးထားပြီး တနည်းအားဖြင့် Thousand -year-egg”ဟူ၍လည်း ခေါ်ဝေါ်ကြပါတယ်။
တရုတ်ရိုးရာအစားအစာဖြစ်ပြီး ရှေးခေတ်တရုတ်လူမျိုးတွေဟာ ဆေးဘဲဥကို သေချာပြုလုပ်ပြီး နှစ်ပေါင်းရာချီ ထောင်ချီကြာမှ ချက်ပြုပ်စားသုံးကြပါတယ်။

ယနေ့ခေတ်ကာလမှာတော့ တစ်လခန့် ကြာရုံမျှ ထားရှိပြီး ချက်ပြုပ်​ စားသုံးကြပါတယ်။

ပါဝင်သည့် ပစ္စည်းများကတော့

(1)clay~ရွံစေး
(2)salt ~ဆား
(3)lime~ထုံးမှုန့်
(4)ash~ထင်းမီးပြာ

ဤ (၄)မျိုးကို ရောစပ်ပြီး သေချာနှံ့စပ်အောင်နယ်၍ ဘဲဥကိုယ်ပေါ်သို့ အနည်းငယ်ထူအောင် သုတ်လိမ်းပြီးပါက ဖွဲကြမ်းခွံ(သို့)စပါးခွံ(rice husks)ဖြင့် အပေါ်ယံမှ ထပ်ဆင့်ဖုံးအုပ်ပေးပါ။

အားလုံးပြီးစီးသွားပါက ခြင်းတောင်းထဲသို့ သေချာစီထည့်ပြီး ခြောက်သွေ့သန့်ရှင်းသောနေရာ၌ (၄)ပတ်မှ (၅)ပတ်လောက်ကြာအောင် ထားရှိပြီးမှ ချက်ပြုပ် စားသုံနိုင်ပါသည်။

ဆေးဘဲဥဟာ vitamin A and B ,B12ဓာတ်ပါရှိပြီး စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျဆင်းသူများ သွေးပေါင်ချိန်မှန်ကန်မှု့ရရှိခြင်း..

ချောင်းဆိုးသွေးပါ ပန်းနာ ရင်ကြပ် အဆုတ်ရောဂါနှင့် တီဘီရောဂါပျောက်ကင်းသက်သာစေခြင်း
အသည်းအားကောင်းစေခြင်း နှင့် အစာ စားချင်စိတ်ပျက်ပြားနေသော လူနာများ အစားစားချင်စိတ်ဖြစ်ပေါ်လာစေပြီး များစွားသော အားအင်များတိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

ကြက်ဥဖြင့်လည်း ဒီအတိုင်း ပြုလုပ်လို့ ရပါတယ်။

ကျေးဇူးတင်ပါတယ် ။

ဘ၀ခါးခါး

Leave a Reply

Your email address will not be published. Required fields are marked *