ဗဟုတုသ

အရသာရှိပြီး ကွာလတီပြည့်မှီတဲ့ အကောင်းဆုံးဝိုင်ကို ဘယ်လိုရွေးချယ်ရမလဲ

Wine Institute ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ကမ္ဘာပေါ်မှာရှိတဲ့ ဝိုင်ကိုစွဲလန်းနှစ်ခြိုက်စွာ သောက်သုံးသူတွေ ဟာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ၊ ဥရောပနိုင်ငံတွေ မှာ ဝိုင်သောက်တဲ့ ဓလေ့က ပိုမိုထွန်းကားပါတယ်။ ဝိုင်တွေကလည်း တစ်မျိုးပြီးတစ်မျိုး အမျိုးအစား စုံလင်စွာနဲ့ ပိုမိုထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဝိုင်ကောင်းကောင်းကို မြည်းစမ်းချင်တယ်ဆိုရင်တော့ အရည်အသွေးပြည့်မှီပြီး ကွာလတီလည်းကောင်း၊ အရသာလည်းကောင်းမွန်တဲ့ ဝိုင်ကို ရွေးချယ်သောက်သုံးသင့် ပါတယ်။ ဝိုင်ရဲ့ စံနှုန်းအရည်အသွေးနဲ့ မပြည့်မှီတဲ့ ဝိုင်တွေက ဈေးကွက်တွေမှာလည်း များပြားလာတဲ့အတွက် ဝိုင်စစ်စစ်ကို ရရှိဖို့ဆိုတာ သိပ်ကိုခက်ခဲ့လာပါတယ်။ ဒီတော့… အရသာရှိပြီး ကွာလတီကောင်းတဲ့ ဝိုင်ကို ရွေးချယ်တဲ့အခါမှာ အခုဖော်ပြပေးမယ့် အချက်တွေအတိုင်း ဝယ်ယူမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။

ဝိုင်တွေမှာ ကွာလတီလယ်ဗယ်သတ်မှတ်ချက်တွေ အမျိုးမျိုး ရှိတာတွေ့ရပါတယ်။ ဝိုင်ထုတ်လုပ်တဲ့ စက်ရုံတွေက ဝိုင်ပုလင်းအပြင်ဘက်မှာ ကွာလတီလယ်ဗယ်တွေကို ဖော်ပြပေးရပါတယ်။ ဝိုင်ပုလင်းရဲ့ အပြင်ဘက်အညွန်းကို ကြည့်ရုံနဲ့ ဒီဝိုင်ဟာ ကွာလတီအဆင့်ဘယ်လောက် ရှိတယ်ဆိုတာကို ဝိုင်သောက်သုံးနေကျသူတွေကတော့ သိပြီးသားဖြစ်မှာပါ။ AOC, VDQS, VdP, VdT စတာတွေကိုတော့ ပြင်သစ်ဝိုင်ပုလင်းတွေမှာ တွေ့ရတတ်ပြီး၊ DOCG, DOC, IGT, VdT ကိုတော့ အီတလီဝိုင်ပုလင်းတွေမှာ တွေ့မြင်ရတတ်ပါတယ်။ နောက်ပြီး AVA, Varietal, Reserve, Meritage စတဲ့ ကွာလတီဖော်ပြချက်တွေကိုကျတော့ USA made တွေမှာ မြင်တွေ့ရပါလိမ့်မယ်။ ဝိုင်ပုလင်းတွေမှာ ဒီစကားလုံးမျိုးတွေ ပါဝင်နေတယ်ဆိုရင်တော့ ကွာလတီပြည့်မှီတဲ့ ဝိုင်အဖြစ် သတ်မှတ်နိုင်ပြီး ဒီထဲကမှ အကောင်းဆုံးဖြစ်မယ့်ဟာကို ရွေးချယ်ပါဆိုရင်တော့ A စကားလုံးနဲ့ စတာရယ်၊ စကားလုံးရှည်တဲ့ လယ်ဗယ်အညွှန်းတွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

နောက်တစ်ချက်အနေနဲ့ ဝိုင်ကို ဝယ်တော့မယ်ဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲကို မဖြစ်မနေကြည့်သင့်ပါတယ်။ နှစ်ရှည်ကြာတဲ့ ဝိုင်တွေက ကောင်းတယ်လို့ မှတ်ယူကြပေမယ့် ထုတ်လုပ်ရက် လေးနှစ်ထက်ပိုပြီးကြာရှည်စွာ ကျော်လွန်နေတယ်ဆိုရင်တော့ ဝိုင်ရဲ့ စစ်မှန်တဲ့ အရသာကို အပြည့်အဝ ခံစားရနိုင်တော့မှာ မဟုတ်ဘူးလို့ Wine Institute က အကြံပြုထားပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်တဲ့ ရက်စွဲပါဝင်တဲ့ ဝိုင်တွေကိုသာ ကွာလတီကောင်းမွန်တဲ့ ဝိုင်အဖြစ် သတ်မှတ်သင့်ပါတယ်။

ဒါ့အပြင် ဝိုင်ရဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ကြည့်လိုက်ရုံနဲ့ ဝိုင်ကောင်း၊ မကောင်းဆိုတာကိုလည်း စစ်ဆေးနိုင်ပါသေး တယ်။ ဥပမာ.. စပျစ်ဝိုင်ပစ္စည်းဆိုပါစို့။ စပျစ်ဝိုင်ကို ဘယ်နိုင်ငံထုတ်တယ်၊ ဘယ်ကစပျစ်ကိုယူပြီး ပြုလုပ်ထားတယ် စသဖြင့် သေချာတဲ့ အညွှန်းပါဝင်နေတယ်ဆိုရင် ဝိုင်စစ်တယ်လို့မှတ်ယူနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အကောင်းဆုံး စပျစ်သီးနဲ့ ပြုလုပ်ထားတယ် “ the best grapes” လောက်ပဲ ဖော်ပြထားတယ်ဆိုရင်တော့ ကွာကတီအားဖြင့် နည်းနည်းညံ့နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ ဝိုင်ရဲ့ ကွာလတီပြည့်မှီမှု ဆန်းစစ်ချက်တွေအားလုံး အဆင်ပြေနေပေမယ့် ကိုယ်ဝယ်မယ့် ဝိုင်ပုလင်းက နေရောင်ခြည်ဒဏ်နဲ့ တိုက်ရိုက်ထိတွေ့နေတယ်၊ စူးရှတဲ့ အလင်းရောင်အောက်မှာ ရှိနေတယ်ဆိုရင်တော့ ဝယ်ဖို့ မစဉ်းစားပါနဲ့တော့။ ဝိုင်ဆိုတာက အေးတဲ့နေရာ၊ နေရောင်ခြည်ကင်းလွတ်တဲ့နေရာ၊ အလင်းရောင်မရှိတဲ့နေရာတွေမှာပဲ ရှိသင့်ပါတယ်။ ဒီလိုမဟုတ်ရင် ပုလင်းအတွင်းက ဝိုင်ရဲ့ စစ်မှန်တဲ့အရသာတွေ ဆုံးရှုံးသွားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ဝိုင်ကောင်းကောင်းသောက်ချင်တယ်ဆိုရင်တော့ ဖော်ပြပေးခဲ့တဲ့ အချက်တွေအားလုံး ကိုက်ညီနေတယ်ဆိုမှ ရွေးချယ်ဝယ်ယူဖို့ Wine Institute ရဲ့ ဖော်ပြချက်တွေအရ အကြံပြုလိုက်ရပါတယ်။

creid;mpf

Leave a Reply

Your email address will not be published. Required fields are marked *