ဗဟုတုသ

ခရမ်းချဉ်သီးတစ်လုံးနဲ့ ဝက်ခြံကင်းတဲ့ အသားအရေကို အရယူကြမယ်

မျက်နှာပေါ်မှာ ပုံမှန် ဝက်ခြံပေါက်တာက အသက်အရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နီရဲနေတဲ့ ၀က်ခြံတွေကတော့ ထိလိုက်ရင်ကို အသည်းခိုက်မတတ်နာကျင်ရပါတယ်။ ဒါဟာ အရေပြားရောဂါဖြစ်ပြီး စိတ်ပျက်စရာ၊ စိတ်မသက်သာစရာဖြစ်ပေမဲ့ အန္တရာယ်တော့ မရှိပါဘူး။

ဟော်မုန်းဓါတ် မညီမျှတာကြောင့် ၀က်ခြံပေါက်တာမဟုတ်လို့ ဝက်ခြံကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားလို့ ရနိုင်ပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေ သုံးစရာမလိုပါဘူး။ ခရမ်းချဉ်သီး တစ်လုံးရှိရင် လုံလောက်ပါပြီ။

ခရမ်းချဉ်သီး နဲ့ ပေါင်းတင်မယ်
ပထမဆုံး ခရမ်းချည်သီးတစ်လုံးကိုယူပြီး ထိတ်မှာ X ပုံသဏ္ဍန်လိုမျိုး ဓါးနဲ့ လှီးလိုက်ပါ။ အဲဒီနောက် ရေနွေးနဲ့ အပူပေးပြီး အခွံကိုခွါချပါ။ ဆက်လက်ပြီး ခရမ်းချည်သီးက အစေ့တွေကို ဖယ်ပြီး အနှစ်တွေကို မျက်နှာပေါ်လိမ်းပါ။ အဲဒီနောက် တစ်နာရီလောက်ထားပြီး ရေနဲ့ ဆေးချပါ။ ဝက်ခြံတွေကို ဖယ်ရှားချင်ရင်တော့ ဒိန်ချည်ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ခရမ်းချဉ်သီးနဲ့ မျက်နှာသစ်မယ်
ခရမ်းချဉ်သီးအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပုရာရည် တစ်စက်ကို ရောပြီး မွှေပါ။ အဲဒီနောက် ဝက်ခြံပေါက်နေတဲ့ နေရာကို လိမ်းပေးပြီး မိနစ်အနည်းငယ်ထားကာ မျက်နှာသစ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *