ကျန်းမာရေးဗဟုသုတ

ေညာင္းတာ ညာတာေတြအတြက္ အနွိပ္အနယ္ ကင္းလြတ္တဲ႔ လက္ေတြ႔ အိမ္တြင္းေဆးေကာင္း

(Zawgyi)
ႏွိပ္တာ နင္းတာ ကင္းေစရာ (မယုံလွ်င္လက္ေတြ႕စမ္း)

“ေညာင္းတယ္ညာတယ္ပဲ မင္းအၿမဲေျပာေနတယ္။” “ငါေျပာတာကိုမင္းလက္ေတြ႕လုပ္ၾကည့္ မဟုတ္ရင္ မင္းႀကိဳက္သလိုေျပာ..”။ “လုပ္ရမွာက မင္းတာဝန္. ခ်က္ခ်င္းေပ်ာက္ကင္းတယ္မေျပာဘူးကြ.. သက္သာရာက ေပ်ာက္ကင္းတယ္လို႔ပဲငါေျပာမယ္…။ အေဖေျပာေသာ အေၾကာင္းသာျဖစ္၏။”

အၿမဲတမ္း ေညာင္းညာကိုက္ခဲသည္က စိတ္ပ်က္စရာေကာင္းလွၿပီး၊ အက်င့္ပါလွသည္။ ေညာင္းညာမည္ေပါ့…တစ္ေန႔လုံး ႐ုံးစားပြဲ၊ ကြန္ျပဴတာ၊ ဖုံးတို႔ႏွင့္ ကြာသည္မရွိ၊တစ္ခါတစ္ရံ စားခ်ိန္ ေသာက္ခ်ိန္မမွန္…။ ဒီၾကားထဲ မ်က္မွန္တပ္သည့္ၾကား မ်က္ရည္ပူတို႔က စီး၍က်ျပန္သည္။
ထိုျပင္အႏွိပ္သမားက အေတာ္ႏွင့္အေညာင္းအညာ မေျပ အေၾကာေတြ ေတာင့္တင္းလွ၍ ခပ္ၾကမ္းၾကမ္း ႏွိပ္နင္းျပန္ရာ ဇက္ေၾကာ၊ ေပါင္ေၾကာႏွင့္ ေျခသလုံးသားမ်ား အညိဳ အမည္းပင္ စြဲေနေတာ့သည္။ ဒါလည္းအေညာင္းေျပသည္မဟုတ္ခဲ့။

“ဒါျဖင့္ နည္းသာေပးပါအေဖရာ…ကြၽန္ေတာ္အေသအခ်ာလုပ္ပါမယ္” “လုပ္ပါကြာ…တကယ္ထိေရာက္ၿပီး..တစ္ပတ္တိတိသာ စမ္းလုပ္ပါ..။ မထူးျခားဘဲမေနပါဘူး။ အပန္းလည္းမႀကီးပါဘူးကြာ”

ညအိပ္ရာဝင္ခါနီးတိုင္း ေရဇလုံထဲေရေႏြးႏွင့္ ဆား(၃၀) သား ေရာစပ္ၿပီး ဆားေပ်ာ္ရည္ပူ ေႏြးေႏြးေလးထဲသို႔ ေျခႏွစ္ဖက္အား ေျခမ်က္စိအုပ္႐ုံ နာရီဝက္ေလာက္ ထည့္စိမ္ေပးရန္ျဖစ္ပါသည္။ အပူေလ်ာ့ပါက ေရေႏြးအနည္းငယ္ထပ္မံစပ္ ေပးရပါမည္။ ေရခ်ိဳးစဥ္ေျခဖဝါး အလယ္ႏွင့္ ခါးကိုဆားျဖင့္ ပြတ္ေပးပါက အႏွိပ္အနင္း လြတ္သူျဖစ္လာမည္ကမလြဲ အမွန္ဧကန္ပင္ျဖစ္ေပလိမ့္မည္။ ဆားသည္ကား သက္ရွိ သတၱဝါတို႔အတြက္ မရွိမျဖစ္ေသာ အရာျဖစ္ေလသည္။ ထိုျပင္ ဆီးမွန္ဝမ္းမွန္ ပိုမိုအဆင္ေျပေစရန္ကား ဆင္တုံး မႏြယ္မႈန႔္အား ေန႔စဥ္ေကာ္ဖီဇြန္းေလး(၁)ဇြန္းသာ စားၿပီးေနၾကည့္ပါ။ ဆီးမွန္ဝမ္းမွန္အေညာင္းအညာေျပၿပီးက်န္းမာေရး အတြက္ အားလုံးအိုေကျဖစ္ရကာ မ်က္ရည္ပူမ်ားယိုစီးျခင္း ဘဝက လြတ္ေျမာက္မည္မွာ ေသခ်ာေနပါေတာ့သည္။ ပုံမွန္ျဖစ္သြားပါက အနည္းဆုံးတစ္ပတ္လွ်င္(၂)ႀကိမ္ ျပဳလုပ္ေပးရမည္ျဖစ္သည္။

လိုသူတို႔သုံး ေစတနာအၿပဳံးျဖင့္ ႐ႊင္လန္းႏိုင္ၾကပါေစ…

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

နှိပ်တာ နင်းတာ ကင်းစေရာ (မယုံလျှင်လက်တွေ့စမ်း)

“ညောင်းတယ်ညာတယ်ပဲ မင်းအမြဲပြောနေတယ်။” “ငါပြောတာကိုမင်းလက်တွေ့လုပ်ကြည့် မဟုတ်ရင် မင်းကြိုက်သလိုပြော..”။ “လုပ်ရမှာက မင်းတာဝန်. ချက်ချင်းပျောက်ကင်းတယ်မပြောဘူးကွ.. သက်သာရာက ပျောက်ကင်းတယ်လို့ပဲငါပြောမယ်…။ အဖေပြောသော အကြောင်းသာဖြစ်၏။”

အမြဲတမ်း ညောင်းညာကိုက်ခဲသည်က စိတ်ပျက်စရာကောင်းလှပြီး၊ အကျင့်ပါလှသည်။ ညောင်းညာမည်ပေါ့…တစ်နေ့လုံး ရုံးစားပွဲ၊ ကွန်ပြူတာ၊ ဖုံးတို့နှင့် ကွာသည်မရှိ၊တစ်ခါတစ်ရံ စားချိန် သောက်ချိန်မမှန်…။ ဒီကြားထဲ မျက်မှန်တပ်သည့်ကြား မျက်ရည်ပူတို့က စီး၍ကျပြန်သည်။

ထိုပြင်အနှိပ်သမားက အတော်နှင့်အညောင်းအညာ မပြေ အကြောတွေ တောင့်တင်းလှ၍ ခပ်ကြမ်းကြမ်း နှိပ်နင်းပြန်ရာ ဇက်ကြော၊ ပေါင်ကြောနှင့် ခြေသလုံးသားများ အညို အမည်းပင် စွဲနေတော့သည်။ ဒါလည်းအညောင်းပြေသည်မဟုတ်ခဲ့။

“ဒါဖြင့် နည်းသာပေးပါအဖေရာ…ကျွန်တော်အသေအချာလုပ်ပါမယ်” “လုပ်ပါကွာ…တကယ်ထိရောက်ပြီး..တစ်ပတ်တိတိသာ စမ်းလုပ်ပါ..။ မထူးခြားဘဲမနေပါဘူး။ အပန်းလည်းမကြီးပါဘူးကွာ”

ညအိပ်ရာဝင်ခါနီးတိုင်း ရေဇလုံထဲရေနွေးနှင့် ဆား(၃၀) သား ရောစပ်ပြီး ဆားပျော်ရည်ပူ နွေးနွေးလေးထဲသို့ ခြေနှစ်ဖက်အား ခြေမျက်စိအုပ်ရုံ နာရီဝက်လောက် ထည့်စိမ်ပေးရန်ဖြစ်ပါသည်။ အပူလျော့ပါက ရေနွေးအနည်းငယ်ထပ်မံစပ် ပေးရပါမည်။ ရေချိုးစဉ်ခြေဖဝါး အလယ်နှင့် ခါးကိုဆားဖြင့် ပွတ်ပေးပါက အနှိပ်အနင်း လွတ်သူဖြစ်လာမည်ကမလွဲ အမှန်ဧကန်ပင်ဖြစ်ပေလိမ့်မည်။ ဆားသည်ကား သက်ရှိ သတ္တဝါတို့အတွက် မရှိမဖြစ်သော အရာဖြစ်လေသည်။

ထိုပြင် ဆီးမှန်ဝမ်းမှန် ပိုမိုအဆင်ပြေစေရန်ကား ဆင်တုံး မနွယ်မှုန့်အား နေ့စဉ်ကော်ဖီဇွန်းလေး(၁)ဇွန်းသာ စားပြီးနေကြည့်ပါ။ ဆီးမှန်ဝမ်းမှန် အညောင်းအညာပြေပြီးကျန်းမာရေး အတွက် အားလုံးအိုကေဖြစ်ရကာ မျက်ရည်ပူများယိုစီးခြင်း ဘဝက လွတ်မြောက်မည်မှာ သေချာနေပါတော့သည်။ ပုံမှန်ဖြစ်သွားပါက အနည်းဆုံးတစ်ပတ်လျှင်(၂)ကြိမ် ပြုလုပ်ပေးရမည်ဖြစ်သည်။

လိုသူတို့သုံး စေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ကြပါစေ…

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *