ဗဟုတုသ

ရှေးဟောင်းယဉ်ကျေးမူလေ့လာသူများကိုယ်တိုင် ရှင်းမပြနိုင်သေးတဲ့ရှာဖွေတွေ့ရှိမူများ

ရှေးကျတဲ့ထူးခြားဆန်းကျယ်မူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ မတိုက်ဆိုင်စွာ ရှင်းပြလို့မရနိုင်ဘဲ ယခုထိတိုင် ရှိနေကြပါတယ်။ ဥပမာ – ရှေးတုန်းက ဗိသုကာပညာ၊ လက်မူပညာ တွေဟာ တစ်ခါတစ်ရံမှာရှင်းမပြနိုင်အောင် ဆန်းကျယ်တဲ့ တီထွင်ဖန်တီးမူတွေ ရှိခဲ့ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရ ယခုတိုင်အဖြေမရှိသေးတဲ့ ရှာဖွေတွေ့ရှိမူတွေမှာ အတိတ်က လျှို့ဝှက်ချက် အချို့ကို ဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမူအချို့ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်

၁- လာဘင်ဒါ လူသား( မက္ကစီကို -၁၉၄၇)

အခုဖော်ပြထားတဲ့ပုံက မက္ကစီကို မှာ ၁၉၄၇ ခုနှစ်ခန့်ကရှာဖွေ့တွေ့ရှိခဲ့တာပါ။ ဒီနေရာမှာခေါင်းစားသွားစေတာက အရွယ်စားကြီးမားတဲ့ဦးခေါင်းပုံစံတွေကို ၁၇ ခုခန့် တွေ့ခဲ့လို့ဖြစ်ပါတယ်။ အဲ့ဒီခေတ်ကလူတွေဟာ ဒီလောက်ကြီးမားတဲ့ဦးခေါင်းပုံကိုထုဆစ်ဖို့ ဘာကိရိယာတွေသုံးခဲ့ကြလဲ၊ ဘယ်လိုနည်းပညာလဲ ၊ ဒီလောက်ကြီးမားပြီးအရေအတွက်များတဲ့ ဦးခေါင်းတွေကို ဘယ်လိုသယ်ယူပို့ဆောင်ကြလဲဆိုတာ အခုထိအဖြေမရှာနိုင်သေးပါဘူး။ ဒါ့အပြင် ရှေးခေတ်က လူတွေဟာ ဒီလောက်ကြီးမားတဲ့ရုပ်တု များစွာကိုဘာအတွက်လိုအပ်ခဲ့တာဆိုတာပါ။

၂- တောင်အာဖရိက ၊ ကာလာဟာရီ သဲကန္တာယ က ပျောက်ဆုံးနေတဲ့မြို့တော်

၁၈၈၅ ခုနှစ်တုန်းက ခရီးသွား၊ စူးစမ်းရှာဖွေသူ သယ်ဂရိတ် ဖာရီနီ ဟာ သဲကန္တာယ ကသူတွေ့ရှိခဲ့တဲ့ ထူးခြားဆန်းပြားတဲ့မြို့တော်တစ်ခုအကြောင်းကိုရေးသားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ရေးသားမူကို ဗြိတိန်တော်ဝင် ရှေးဟောင်းဗိသုကာဆိုင်ရာအဖွဲ့စည်း ကို တင်ပြီး စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဖာရီနီ ပြောပြထားတာက မြို့တော်ဟာ စက်ဝန်းပိုင်းပုံစံ တည်ဆောက်ထားပြီး သဲအောက်မှာ ဝှက်ထားတဲ့အစိတ်ပိုင်းတွေလဲ ရှိတယ်လို့အခိုင်မာပြောထားပါတယ်။

ပေါက္ခ အေဂျေ ဆဲမန့် ရဲ့သုတေသနပြုချက်တွေမှာတော့ အဲ့ဒီမြို့တော်ဟာ ကျောက်တုံးအကြီးစားကြီးတစ်ခုကို နံရံတွေအဖြစ်ထုဆစ် ထားခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မှာတော့ သိပ္ပံပညာရှင်တွေဟာ ဖာရီနီ ရဲ့ တင်ပြချက်စာတွေမှာလဲ အဲ့ဒီကျောက်တုံးကိုဖော်ပြထားကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့မြင်တွေ့ခဲ့ရတဲ့ နံရံဟာ အစစ်လား အတုလားဆိုတာ အခုထိ မသိရသေးပါဘူး။

၃- ဘူဂေးရီးယား က ဂူ

လိပ်ခုံးအမိုးပုံစံရှိတဲ့ ဂူဟာ ရောမတွေ အုပ်စိုးခဲ့တဲ့ ဒေသမှာတည်ရှိပါတယ်။ ဂူဟာ သာရာစီယံ နဲ့ ရောမ တို့ရဲ့ရိုးရာပုံစံအတိုင်း တည်ဆောက်ထားတာဖြစ်ပါတယ်။ တချို့ သုတေသီတွေ ယူဆကြတာက ဂူဟာ သူရဲကောင်းတစ်ဦးအတွက် ဂုဏ်ပြုအမှတ်တရ အဆောက်အုံတစ်ခုဖြစ်မယ်လို့ယူဆကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီဂူရဲ့အကြောင်းပြချက်တွေကို ပိုသိချင်နေကြပေမယ့်လဲ အခုထိတိုင် မေးခွန်းများစွာရှိဆဲ နေရာတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *