ဗဟုတုသ

အသည်းရောဂါ၊ အဆစ်အမြစ်ကိုက်ခဲတာတွေနဲ့ သွေးတိုးတာတွေအတွက် ကြက်သွန်ဖြူကို ရမ်အရက်စိမ်သောက်မယ်

ဒီဆေးနည်းကို ကမ္ဘာပေါ်က လူမျိုးစုတွေရဲ့ တိုင်းရင်းဆေးအဖြစ် လွန်ခဲ့တဲ့ နှစ် ထောင်ချီကတည်းက သုံးစွဲလာကြပါတယ်။ဆေးနည်းမှာ အဓိကပါဝင်တာကတော့ ကြက်သွန်ဖြူဘဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ ၃၅၀ ဂရမ်

ရမ် အရက် 200 ml

ဒီမှာ အသုံးပြုတဲ့အရက်က Methanol သို့ Benzalkonium Chloride ပါဝင်တဲ့ အရက်မဖြစ်ရပါဘူး

ပြုလုပ်နည်း
ကြက်သွန်ဖြူကို အခွံခွာပြီး ကြက်သွန်ဖြူဥတွေကို ကြိတ်လိုက်ပါ။ ပြီးရင် ပုလင်းတစ်လုံးထဲထည့်ပြီး အရက်ကို ကြက်သွန်ဖြူတွေ မြှပ်အောင်ထည့်ပါ။ ၁၀ ရက်လောက်ပိတ်ထားပြီး ကြက်သွန်ဖြူကို ချန်ထားပြီး အရက်တွေကို ဖယ်လိုက်ပါ

ပုလင်းထဲ ခုနက စိမ်ထားတဲ့ ကြက်သွန်ဖြူတွေ ထည့်လိုက်ပြီး အရက်ပြန်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၂ရက်လောက်ထားပါ

အဲ့ဒီ အရည်ကို ၁၂ ရက်အတွင်း သောက်သုံးပါ။ မနက်စာမစားခင်မှာ အဲ့ဒီအရည် တစ်စက်ကို ရေတစ်ခွက်နဲ့ရောပြီးသောက်သုံးပါ

နေ့လည်စာ မစားခင်မှာ အရည် ၂ စက်၊ ညစာ မစားခင်မှာ အရည် ၃ စက်ကို ရေတစ်ခွက်နဲ့ ရောပြီး သောက်သုံးပါ

ဒီကြက်သွန်ဖြူနဲ့ ရမ်အရက်စိမ်ထားတဲ့ သဘာဝဆေးရည်ဟာ အဆုတ်၊ နှလုံးသွေးကြောကျဉ်း၊ စိတ်ဓာတ်ကျ၊ အသက်ရှူလမ်းကြောင်း၊ သွေးတိုး၊ အဆစ်အမြစ်ရောင်၊ ရောင်ရမ်းတာတွေကို သက်သာပျောက်ကင်းစေပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
crd ;mym

Leave a Reply

Your email address will not be published. Required fields are marked *