ဗဟုတုသ

ထိုင်းကလေးများခြုံထားသည့် အရေးပေါ်အာကာသခြုံစောင်အကြောင်း

(Zawgyi)

ထိုင္းကေလးမ်ားၿခဳံထားသည့္ အေရးေပၚအာကာသၿခဳံေစာင္

လႈိဏ္ဂူအတြင္းမွ ထိုင္းကေလးမ်ား၏ အေျခအေနႏွင့္ပတ္သက္၍ ဒုတိယေျမာက္ ႐ုပ္သံဗီဒီယိုကို ထိုင္းေရတပ္ အထူးတပ္ဖြဲ႕က ယေန႔( ဇူလိုင္ ၄) နံနက္တြင္၎တို႔ ၏ FB မွ ထုတ္ျပန္ေပးခဲ့သည္။

ကေလးမ်ားမွာ ဂူအျပင္မွ ေစာင့္ဆိုင္းေနသူမ်ားအား ႏႈတ္ဆက္စကား ေျပာခြင့္ရခဲ့ၾကၿပီး ကေလးမ်ား၏ က်န္းမာေရး အေျခအေနကလည္း ေကာင္းမြန္ေနေၾကာင္းသိရသည္။ ေရတပ္အထူးတပ္ဖြဲ႕မ်ားႏွင့္ အတူ ေရငုပ္ကြၽမ္းက်င္သည့္ စစ္တပ္ဆရာဝန္မ်ားလည္း လိုက္ပါသြားကာ ကေလးမ်ား၏ က်န္းမာေရး အေျခအေနကို စစ္ေဆးေပးခဲ့ျခင္းျဖစ္သည္။

ထိုင္း Navy Seal မွ ဒုတိယေျမာက္ တရားဝင္ထုတ္ျပန္ေပးခဲ့သည့္ ဗီဒီယိုတြင္ ကေလးမ်ားက Space Emergency Blanket အေရးေပၚ အာကာသၿခဳံေစာင္မ်ားကို ဝတ္ဆင္ ထားၾကသည္ကို ေတြ႕ရသည္။

အဆိုပါ အေရးေပၚအာကာသဝတ္စုံႏွင့္ ပတ္သက္သည့္ သတင္းအေၾကာင္းအရာအား ကေလးမ်ားကို ျပန္လည္မေတြ႕ခင္ ဇူလိုင္ ၂ နံနက္ပိုင္းကတည္းက ထိုင္းသတင္း မီဒီယာတစ္ခုမွ အယ္ဒီတာတစ္ဦးက ၎၏ ကိုယ္ပိုင္ FB တြင္ တင္ထားခဲ့ျခင္းျဖစ္သည္။

အဆိုပါ အေရးေပၚအာကာသၿခဳံေစာင္ကို အေရးေပၚေစာင္ဟုလည္း ေခၚဆိုၾကေၾကာင္း အေမရိကန္နာဆာမွ ပထမဆုံး တီထြင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး ၁၉၆၄ခုႏွစ္တြင္ စတင္ထုတ္လုပ္ခဲ့ကာ လကမာၻသို႔ သြားသည့္ အပိုလို အာကာသ ခရီးစဥ္တစ္ခုတြင္ အသုံးျပဳခဲ့ေၾကာင္း အာကာသယာဥ္မႉး၏ ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းခ်ဳပ္ေပးႏိုင္သည့္ ဝတ္စုံျဖစ္ကာ ပလပ္စတစ္အပါအဝင္ အလူမီနီယံေလာင္းထားသည့္ သတၱဳမ်ားျဖင့္ ထည့္သြင္းခ်ဳပ္လုပ္ထားေၾကာင္း ၎က ေရးသားထားသည္။

ထို႔အတူ ခႏၶာကိုယ္တြင္းမွ အပူခ်ိန္က်ဆင္းမႈ႕ကို ၈၀ ရာခိုင္ႏႈန္းအထိ ကာကြယ္ေပးႏိုင္သည့္ အေရးေပၚ ၿခံေစာင္ ျဖစ္ေၾကာင္းကိုလည္း ကေလးမ်ားအား ရွာေဖြ မေတြ႕မီ ဇူလိုင္ ၂ နံနက္ပိုင္းကတည္းက အဆိုပါ သတင္းအယ္ဒီတာက ၎၏ FB တြင္ ထိုင္းဘာသာျဖင့္ေရးတင္ခဲ့ျခင္းျဖစ္သည္။

ယေန႔( ဇူလိုင္ ၄ ) နံနက္က ထိုင္း Navy Seal မွ ထုတ္ျပန္သည့္ ဒုတိယေျမာက္ ႐ုပ္သံဗီဒီယိုတြင္ အဆိုပါ Space Emergency Blanket မ်ားကို ထိုင္းကေလးမ်ား ဝတ္ဆင္ ထားျခင္းအား ေတြ႕ျမင္ခဲ့ရျခင္းျဖစ္သည္။

Ref : Thai Navy Seal Video
Credit – The Ladies News

(Unicode)

ထိုင်းကလေးများခြုံထားသည့် အရေးပေါ်အာကာသခြုံစောင်

လှိုဏ်ဂူအတွင်းမှ ထိုင်းကလေးများ၏ အခြေအနေနှင့်ပတ်သက်၍ ဒုတိယမြောက် ရုပ်သံဗီဒီယိုကို ထိုင်းရေတပ် အထူးတပ်ဖွဲ့က ယနေ့( ဇူလိုင် ၄) နံနက်တွင်၎င်းတို့ ၏ FB မှ ထုတ်ပြန်ပေးခဲ့သည်။

ကလေးများမှာ ဂူအပြင်မှ စောင့်ဆိုင်းနေသူများအား နှုတ်ဆက်စကား ပြောခွင့်ရခဲ့ကြပြီး ကလေးများ၏ ကျန်းမာရေး အခြေအနေကလည်း ကောင်းမွန်နေကြောင်းသိရသည်။ ရေတပ်အထူးတပ်ဖွဲ့များနှင့် အတူ ရေငုပ်ကျွမ်းကျင်သည့် စစ်တပ်ဆရာဝန်များလည်း လိုက်ပါသွားကာ ကလေးများ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။

ထိုင်း Navy Seal မှ ဒုတိယမြောက် တရားဝင်ထုတ်ပြန်ပေးခဲ့သည့် ဗီဒီယိုတွင် ကလေးများက Space Emergency Blanket အရေးပေါ် အာကာသခြုံစောင်များကို ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။

အဆိုပါ အရေးပေါ်အာကာသဝတ်စုံနှင့် ပတ်သက်သည့် သတင်းအကြောင်းအရာအား ကလေးများကို ပြန်လည်မတွေ့ခင် ဇူလိုင် ၂ နံနက်ပိုင်းကတည်းက ထိုင်းသတင်း မီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ၎င်း၏ ကိုယ်ပိုင် FB တွင် တင်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရေးပေါ်အာကာသခြုံစောင်ကို အရေးပေါ်စောင်ဟုလည်း ခေါ်ဆိုကြကြောင်း အမေရိကန်နာဆာမှ ပထမဆုံး တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၄ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ကာ လကမ္ဘာသို့ သွားသည့် အပိုလို အာကာသ ခရီးစဉ်တစ်ခုတွင် အသုံးပြုခဲ့ကြောင်း အာကာသယာဉ်မှူး၏ ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်ပေးနိုင်သည့် ဝတ်စုံဖြစ်ကာ ပလပ်စတစ်အပါအဝင် အလူမီနီယံလောင်းထားသည့် သတ္တုများဖြင့် ထည့်သွင်းချုပ်လုပ်ထားကြောင်း ၎င်းက ရေးသားထားသည်။

ထို့အတူ ခန္ဓာကိုယ်တွင်းမှ အပူချိန်ကျဆင်းမှု့ကို ၈၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည့် အရေးပေါ် ခြံစောင် ဖြစ်ကြောင်းကိုလည်း ကလေးများအား ရှာဖွေ မတွေ့မီ ဇူလိုင် ၂ နံနက်ပိုင်းကတည်းက အဆိုပါ သတင်းအယ်ဒီတာက ၎င်း၏ FB တွင် ထိုင်းဘာသာဖြင့်ရေးတင်ခဲ့ခြင်းဖြစ်သည်။

ယနေ့( ဇူလိုင် ၄ ) နံနက်က ထိုင်း Navy Seal မှ ထုတ်ပြန်သည့် ဒုတိယမြောက် ရုပ်သံဗီဒီယိုတွင် အဆိုပါ Space Emergency Blanket များကို ထိုင်းကလေး များဝတ်ဆ င်ထားခြင်းအား တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

Ref : Thai Navy Seal Video
Credit – The Ladies News

Leave a Reply

Your email address will not be published. Required fields are marked *