ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်

ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်

ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်

သွေးလွန်တုပ်ကွေးရောဂါဟာ ရာသီ မရွေးဖြစ်ပွားတတ်ပြီး ယခုလို မိုးဦးကျကာလ မှ စတင်၍ မိုးရာသီတွင် အဖြစ်အများဆုံး ဖြစ်တယ်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄ဝဝ နီးပါးရှိကြောင်း ၄င်းတို့အနက် လူကြီး ၁ဝ ရာခိုင်နှုန်းနဲ့ ကလေး ၃ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရတယ်။ ရန်ကုန်တိုင်းဒေသ ကြီးတွင်လည်း ၂ဝ၁၇ ခုနှစ် နှစ်စမှ ဇွန်လ ပထမပတ်အထိ ဖြစ်ပွားသူဦးရေ ၁၅၂ဝ ဦး ရှိခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင်လည်း နှစ်စမှ ဇွန်လပထမပတ်အထိ ရောဂါဖြစ်ပွားသူ ၆ဝဝ ကျော်မျှရှိကာ သေဆုံးသူ ကိုးဦးရှိ ခဲ့ပြီး ရောဂါဖြစ်ပွားသည့် ၂၅ ရာခိုင်နှုန်းမှာ လူကြီးများဖြစ်ကာ ကလေးများတွင် အများဆုံး အဖြစ်များကြောင်း ကျန်းမာရေး ဦးစီးဌာန၏ စစ်တမ်းများအရ သိရပါ တယ်။ သွေးလွန်တုပ်ကွေးဆိုတာ သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိက တရားခံဟာ ခြင်ကျားများဖြစ်တယ်။ ရေအိုင် များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်း တွေမှာ မိုးရွာပြီးနောက် မိုးရေတင်ကျန်ခဲ့ပြီး နေထွက်လာတဲ့အခါ ပိုးလောက်လမ်းတွေ ပေါက်လာကာ ၄င်းမှတစ်ဆင့် ခြင်ကျား ခေါ် ခြင်ပုန်းတွေ ဖြစ်လာပါတော့တယ်။ အဲဒီခြင်ပုန်းတွေက ပေါက်ပွားမှု မြန်ဆန်ပြီး မိုးဦးစ ကျောင်းဖွင့်ချိန် လူဦးရေ ထူထပ်သော မူကြိုကျောင်း၊ စာသင်ကျောင်းများ၊ တရား စခန်းများမှာ သွေးစုပ်ရန် ကျက်စားလာကြ တယ်။ ခြင်ဆိုးများဟာ လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့ မတူညီသော သွေးများ ကို သယ်ဆောင် သွေးစုပ်ခံခြင်းဖြင့် သွေး လွန်တုပ်ကွေးအစ ဖြစ်ပေါ်လာရပါတယ်။ ရှေးကာလများမှာ အသက် သုံးနှစ်နှင့် ၁၅ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များကြပြီး ခုနောက်မှာတော့ တစ်နှစ်အောက်ကလေး များသာမက အသက် ၁၅ နှစ်အထက် ၂၅-၃ဝ နှစ်အရွယ်တွေလည်းဖြစ်လာကြပါတယ်။ ယခုလိုမိုးဦးက ဇွန်လမှစ၍ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတို့တွင် အဖြစ်များဆုံးမို့ သတိနဲ့ ကြိုတင်ကာကွယ် တတ်ဖို့ အရေးကြီး ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ ရောဂါလက္ခဏာများမှာ အပူချိန် ၁ဝဝ ဒီဂရီဖာရင်ဟိုက်နဲ့အထက် အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီဖာရင်ဟိုက်လောက် အထိ ရုတ်တရက် ဆောင့်တက်လာခြင်း၊ ခေါင်းအရမ်းကိုက်ခဲခြင်း၊ နားထင်နာကျင် ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးအဆစ် စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာ ဗိုက်အောင့်ပြီး ဗိုက်ကို အထိမခံနိုင်ခြင်း၊ ခိုက်ခိုက်တုန် ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစင်းကြောင်းများ ပေါ်လာခြင်း၊ မျက်နှာ နီအမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ကာ အချိန်ပြည့် မှိန်းနေတတ်ပြီး အစာစားချင်စိတ် မရှိခြင်း၊ အစား အသောက်အရည် ဝင်တာနဲ့ တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက် မောင်းမှာ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့ တိုင်းကြည့်ရင် Hess Test Positive ဖြစ်နေ ခြင်း စသည်တို့ဖြစ်တယ်။ (အချို့သူများ မှာ ချောင်းဆိုး၊ နှာစေး ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်) သွေးလန့်ခြင်း ရောဂါလက္ခဏာများ အထက်ပါ လက္ခဏာများဟာ သာမန် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဆေးဝါး ကုသမှု ခံယူပါက ပျမ်းမျှ ရက်သတ္တပတ် အတွင်း နေကောင်းသွားမှာပါ။ သို့သော် အဖျားပျောက်သော်လည်း တော်တော်နဲ့ မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်းပြီး မှိန်းနေ ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ခြေလက်များ အေးစက်ခြင်း စသည်တို့ဟာ သွေးလန့်ခြင်း လက္ခဏာများပါပဲ။ အထူးသဖြင့် ကလေးတွေ မှာ သွေးလန့်လေ့ရှိပါတယ်။ သွေးလန့်တယ် ဆိုတာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးသွားလာမှု လျော့သွားတာပါ။ သွေးရည်ကြည်များ ပြင်ပသို့ ခဏထွက်သွားတယ်လို့ ဆေးပညာ မှာပြောလေ့ရှိပြီး အသက်အန္တရာယ် စိုးရိမ် ရလို့ ”အဖျားကျစဉ် မလန်းလျှင် အစဉ် သတိချပ်”လို့ ပြောစမှတ်ပြုကြရပါတယ်။ သွေးလန့်တဲ့ အခြားလက္ခဏာများကတော့ မတ်တတ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက်ကျလိုက်ဖြစ်ခြင်း၊ မောပန်း ခြင်း၊ သွေးခုန်နှုန်းသိသိသာသာကျဆင်းသွား ခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှူ နှုန်းမြန်ဆန်လာခြင်း၊ အသည်းရောင်ကိုင်းခြင်း၊ ကော်ဖီရောင် အန်ခြင်း၊ သွားဖုံးသွေး ထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေး ဖြူဥ နည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်းတို့ ဖြစ်ပါတယ်။ ထိုအခြေ အနေမှာ ဆရာဝန်ရဲ့လက်ဦးမှုကို အရယူနိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ လူနာရဲ့ရောဂါ အခြေအနေနဲ့ ကိုယ်ခံစွမ်းပေါ်မူတည်ပြီး ဆရာဝန်က လိုအပ်သလို တစ်နာရီခြား တစ်ခါ စောင့်ကြည့်ကာ ရိုးရိုးဆားရည်သွင်း ခြင်း သို့မဟုတ် သွေးရည်ကြည်သွင်းခြင်း သို့မဟုတ် ကော်ရည်သွင်းခြင်း၊ သွေးခုန်နှုန်း ပမာဏ၊ ဆီးပမာဏ၊ သွေးပျစ်ကျဲနှုန်းစသည်တို့ဖြင့် ထိထိရောက်ရောက်ကုသမှု ခံယူရမှာပါ။ သွေးလွန်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး (၁) တမာပင်အရွက်နဲ့ တမာပင်အဆီတို့ ဟာ သွေးသန့်စေလို့ တမာပြုတ်ရည်ဖြင့် ရေဖတ်တိုက်ပါ (သို့မဟုတ်) တမာဆီလူးပေး ပါ။ (၂) ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှု ကိုပြန်လည်အစားထိုးရန် အပူရှိန်လျှော့ချ နိုင်ဖို့အတွက် ရေများများသောက်ပါ။ (၃) အဖျားလုံးဝ ကျတဲ့အထိ အဖတ်လုံးဝ မစားဘဲ အရည်စစ်သောက်ပါ။ (၄) နံနံပင်အရွက် များက အဖျားကျစေရုံသာမက သွေးလွန် တုပ်ကွေးကြောင့် ကုန်ဆုံးသွားသောအား များကို ပြန်လည်ဖြည့်တင်း ပေးပါတယ်။ (၅) ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေးဖျား နာခြင်းအတွက် အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်လို့ ပင်စိမ်းရွက် ၁၅ ရွက်ခန့်ဝါးစားပါ သို့မဟုတ် ပင်စိမ်းရွက်အစိုကို ရေနွေးကြမ်း ခပ်သောက်ပါ။ (၆) သင်္ဘောသီးနဲ့ သင်္ဘော စေ့တို့ကို တုပ်ကွေးဖျားနာခြင်းအတွက် သဘာဝဓာတ်စာအဖြစ် ယုံကြည်စိတ်ချစွာ စားပါ။ သင်္ဘောရွက် ထဲတွင်ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ်အပူချိန်ကျ စေရုံမျှ မက သွေးလွန်တုပ်ကွေးကြောင့် အစာမကြေ ဗိုက်နာခြင်းအတွက် အားကိုးရတဲ့ဆေး တစ်ခွက်ပါ။ (၇) မဲဇလီပင်အမြစ်က တုပ်ကွေး အဖျားကျစေသလို ချက်ချင်းအားပြည့်လာ စေပါတယ်။ (၈) ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်း ခတ်သောက်ခြင်းက အဖျားကျစေ သလို ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာလည်ပတ်စေပါတယ်။ (၉) တလည်းသီးနဲ့ အနက်ရောင် စပျစ်သီးတွေက သွေးဆဲများကို တိုးပွားလာစေပါတယ်။ (၁ဝ) လိမ္မော်ရည်က အစာခြေအား ကောင်းခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်းတို့ကို ပေးစွမ်းနိုင်ပါတယ်။ (၁၁) ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှာလကာရည်မြုပ်အောင် တစ်ညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံးပါ။ ထမင်းစားသည့်အခါ တိုင်း ထည့်စားပေးခြင်းဖြင့် သွေးလွန် တုပ်ကွေးမဖြစ်အောင် ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ကြိုတင်ကာကွယ်နည်း ရောဂါဖြစ်လာမှကုသခြင်းထက် မဖြစ်အောင် ကြိုတင်ကာကွယ်ထား တတ်ဖို့လိုပါ တယ်။ ဒါကြောင့်လည်း ”ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တယ်လို့ဆိုပါ တယ်။ အရေးကြီးဆုံးကတော့ ခြင်ကိုက်မခံ ရစေဖို့ပါဘဲ။ အင်္ကျီလက်ရှည်၊ ပုဆိုးရှည်ရှည် ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေ ရန် ရေဆိုးမြောင်းများရှင်းလင်းခြင်း၊ လေဝင် လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင် အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ခြံတွင်းခြံပြင် ချုံနွယ်ပိတ်ပေါင်း များရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ် ခြင်း၊ ခြင်ဆေးဖျန်းခြင်း စသည်တို့ကို မိမိ အသိစိတ်ဖြင့် အိမ်ထောင်စု အသီးသီးတိုင်း တာဝန်ယူကြမယ်ဆိုရင် သန့်ရှင်းကျန်းမာ သော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်ပြည်လုံးအတိုင်းအတာထိ သွေးလွန် တုပ်ကွေးရောဂါ ကျဆင်းလာမည်ဟု သုံးသပ် မိပါကြောင်း ရေးသား တင်ပြလိုက် ပါတယ်။ ။

crd;ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top