(Zawgyi)
ကားစီးရင္း မူးေမာ္ေအာ့အန္တဲ့အခါ ဘာေတြလုပ္ၾကမလဲ။ ဘယ္လိုကာကြယ္ၾကမလဲ။
ခရီးေတာ့သြားခ်င္ပါရဲ႕။ ကားမူးလြန္းလို႔ ခရီးသြားဖို႔ေၾကာက္ေနတယ္ဆိုရင္ ဒီေဆာင္းပါးက သင့္အတြက္ပါလို႔ ေျပာပါရေစ။ ကားမူးတာက ခံစားရခက္တဲ့ ေဝဒနာတစ္ခုပါ။ ခရီးသြားရင္း ကားမူးေနရင္ ပတ္ဝန္းက်င္အလွအပေတြကို ခံစားႏိုင္ဖို႔ အခြင့္အေရးကို လက္လႊတ္ရၿပီေလ။ ေပ်ာ္႐ႊင္ရတဲ့ ခရီးစဥ္တစ္ခု ျဖစ္ေစဖို႔ ဒီေဆာင္းပါးက တဆင့္ အကူအညီေပးပါရေစ။
ကားမူးရင္ ဘယ္လိုခံစားရလဲ
ကားမူးတယ္ဆိုတာက ကားစီးမွ မူးတာမဟုတ္ပါဘူး။ ေလယာဥ္စီးရင္ ျဖစ္ျဖစ္၊ ရထားစီးရင္း ျဖစ္ျဖစ္ သေဘၤာစီးရင္း ျဖစ္ျဖစ္ မူးေဝၿပီး ေအာ့အန္ခ်င္သလိုျဖစ္လာတဲ့ အေျခအေနကို ေခၚတာပါ။ အတိအက်ေျပာရရင္ေတာ့ ခရီးသြားစဥ္ မူးေဝေအာ့အန္ျခင္းေပါ့။ ဒီေဝဒနာ ခံစားရတဲ့အခါ ခႏၶာကိုယ္မွာ ဘယ္လိုေတြျဖစ္လာႏိုင္သလဲ။
မအီမလည္ႀကီးျဖစ္လာမယ္၊ ၿငီးစီစီျဖစ္လာမယ္၊ေအာ့အန္မယ္၊ အသက္ရႈျမန္လာမယ္၊ ေခြၽးေတြျပန္လာမယ္၊ ျဖဴဖပ္ျဖဴေရာ္ ျဖစ္လာမယ္၊ ေခါင္းကိုက္မယ္၊ ခႏၶာကိုယ္ထဲမွာ ႏုံးခ်ိခ်ိျဖစ္လာမယ္။ ကားမူးတဲ့ခံစားခ်က္က ကားေပၚကေန ဆင္းလိုက္ၿပီးတဲ့ အထိေတာင္ က်န္ေနခဲ့တတ္ပါတယ္။ အနည္းဆုံးကေတာ့ ေခါင္းမၾကည္ဘဲ က်န္ခဲ့ႏိုင္ပါတယ္။
ကားမူးတဲ့ အစပ်ိဳးလကၡဏာေတြခံစားရတဲ့ ဘယ္လိုသက္သာေအာင္လုပ္မလဲ
ကားမူးတဲ့လကၡဏာက တရိပ္ရိပ္တက္လာတဲ့ ခံစားမႈတစ္ခုပါ။ ခ်က္ခ်င္းႀကီး ျဖစ္လာတာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကားမူးတာကို ခံစားေနရၿပီလို႔သိႏိုင္တဲ့ အစပ်ိဳးလကၡဏာေတြ ခံစားရၿပီဆိုတာနဲ႔ ဒီနည္းေလးေတြသုံးၿပီး သက္သာေအာင္ အရင္လုပ္ၾကည့္ပါ။
ပတ္ဝန္းက်င္က အရာေတြကို ၾကည့္လိုက္ပါ။ ေခါင္းကို လႈပ္ရွားမႈနည္းေအာင္ လုပ္ေဆာင္ပါ။ ေက်ာမွီထားတာမ်ိဳး မလုပ္ဘဲ ခပ္မတ္မတ္ထိုင္ေပးပါ။ စာဖတ္ေနတာမ်ိဳး လုပ္ေနတာဆို ခ်က္ခ်င္းရပ္လိုက္ပါ။ ျပတင္းေပါက္ကို ဖြင့္ၿပီး ျပင္ပက လတ္ဆတ္တဲ့ေလကို ရႈရႈိက္ေပးပါ၊ ဝင္သက္ထြက္သက္မွတ္တာမ်ိဳး၊ သီခ်င္းနားေထာင္တာမ်ိဳးလုပ္ၿပီး အာ႐ုံေျပာင္းပါ။ လွဲအိပ္လိုက္ဖို႔ အဆင္ေျပတယ္ဆိုရင္ လွဲအိပ္လိုက္ပါ။ခႏၶာကိုယ္ အပူခ်ိန္ကို ထိန္းညႇိဖို႔လုပ္ပါ။ အစားေတြ အမ်ားႀကီးစားတာမ်ိဳး မလုပ္ပါနဲ႔။ အယ္လ္ကိုေဟာနဲ႔ ကဖင္းဓာတ္ပါတဲ့ အရာေတြကိုေရွာင္ၾကဥ္ပါ။
ကားမူးတာကို ကာကြယ္ဖို႔လုပ္သင့္တဲ့ အခ်က္ ၁၀ ခ်က္
ကားမူးတာကို ကာကြယ္လို႔ရတယ္ဆိုတာ သိပါသလား။ အခုေျပာျပမယ့္ အခ်က္ေလးေတြက သင့္ကို ကားမမူးေအာင္ ကာကြယ္ေပးပါလိမ့္မယ္။ ခရီးမသြားခင္မွာ အစား အမ်ားႀကီး မစားပါနဲ႔။ အပူအစပ္ေတြ၊ အဆီမ်ားတဲ့ အစားအစာေတြ၊ ကဖင္းနဲ႔အယ္လ္ကိုေဟာ ပါဝင္ေနတဲ့ ေသာက္စရာေတြကို ေရွာင္ၾကဥ္ပါ။ အနံ႔ျပင္းတဲ့ စားစရာ ေသာက္စရာေတြကို ေရွာင္ၾကဥ္ပါ။ မူးေဝေအာ့အန္တာကို သိပ္မျဖစ္ေစႏိုင္မယ့္ ေနရာမ်ိဳးမွာေ႐ြးထိုင္ပါ။ ေလယာဥ္ဆို အလယ္ပိုင္းေလာက္မွာ ထိုင္ပါ၊ သေဘၤာတို႔၊ ေလွတို႔ဆိုရင္ ကုန္းပတ္ေပၚမွာ ထိုင္ပါ။ ကားဆိုရင္ေတာ့ ျပတင္းေပါက္ေဘးဘက္နဲ႔ အေရွ႕ပိုင္းနားမွာ ထိုင္ပါ။ ခရီးသြားေနတဲ့ဦးတည္ရာနဲ႔ ဆန႔္က်င္ဘက္ မထိုင္မိပါေစနဲ႔၊ ရထားစီးတဲ့အခါမ်ိဳးမွာ အျဖစ္မ်ားႏိုင္ပါတယ္။ ခရီးသြားရင္း စာဖတ္တာ၊ ဖုန္းသုံးတာ၊ ဂိမ္းေဆာ့တာ၊ တီဗြီၾကည့္တာမ်ိဳး မလုပ္ပါနဲ႔။ ျပတင္းေပါက္ဖြင့္ထားၿပီး ပတ္ဝန္းက်င္က သဘာဝေလကို ရႈရႈိက္ပါ။ မူးေဝေအာ့အန္ေနသူကို သြားမၾကည့္မိေအာင္ေနပါ။ ကားမူးသက္သာေစႏိုင္တဲ့ ေဆးတစ္ခုခုေသာက္သုံးပါ။ Dimenhydrinate ပါတဲ့ ကားမူးေပ်ာက္ေဆးေတြကို ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူလို႔ရရွိႏိုင္ေနၿပီျဖစ္လို႔ ခရီးသြားတိုင္း ကားမူးတတ္သူေတြအတြက္ အဆင္ေျပႏိုင္မွာပါ။
ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Credit – Mizzima – News in Burmese
(Unicode)
ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။
ခရီးတော့သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးက တဆင့် အကူအညီပေးပါရစေ။
ကားမူးရင် ဘယ်လိုခံစားရလဲ
ကားမူးတယ်ဆိုတာက ကားစီးမှ မူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင် ဖြစ်ဖြစ်၊ ရထားစီးရင်း ဖြစ်ဖြစ် သင်္ဘောစီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ။
မအီမလည်ကြီးဖြစ်လာမယ်၊ ငြီးစီစီဖြစ်လာမယ်၊အော့အန်မယ်၊ အသက်ရှုမြန်လာမယ်၊ ချွေးတွေပြန်လာမယ်၊ ဖြူဖပ်ဖြူရော် ဖြစ်လာမယ်၊ ခေါင်းကိုက်မယ်၊ ခန္ဓာကိုယ်ထဲမှာ နုံးချိချိဖြစ်လာမယ်။ ကားမူးတဲ့ခံစားချက်က ကားပေါ်ကနေ ဆင်းလိုက်ပြီးတဲ့ အထိတောင် ကျန်နေခဲ့တတ်ပါတယ်။ အနည်းဆုံးကတော့ ခေါင်းမကြည်ဘဲ ကျန်ခဲ့နိုင်ပါတယ်။
ကားမူးတဲ့ အစပျိုးလက္ခဏာတွေခံစားရတဲ့ ဘယ်လိုသက်သာအောင်လုပ်မလဲ
ကားမူးတဲ့လက္ခဏာက တရိပ်ရိပ်တက်လာတဲ့ ခံစားမှုတစ်ခုပါ။ ချက်ချင်းကြီး ဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် ကားမူးတာကို ခံစားနေရပြီလို့သိနိုင်တဲ့ အစပျိုးလက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဒီနည်းလေးတွေသုံးပြီး သက်သာအောင် အရင်လုပ်ကြည့်ပါ။
ပတ်ဝန်းကျင်က အရာတွေကို ကြည့်လိုက်ပါ။ ခေါင်းကို လှုပ်ရှားမှုနည်းအောင် လုပ်ဆောင်ပါ။ ကျောမှီထားတာမျိုး မလုပ်ဘဲ ခပ်မတ်မတ်ထိုင်ပေးပါ။ စာဖတ်နေတာမျိုး လုပ်နေတာဆို ချက်ချင်းရပ်လိုက်ပါ။ ပြတင်းပေါက်ကို ဖွင့်ပြီး ပြင်ပက လတ်ဆတ်တဲ့လေကို ရှုရှိုက်ပေးပါ၊ ဝင်သက်ထွက်သက်မှတ်တာမျိုး၊ သီချင်းနားထောင်တာမျိုးလုပ်ပြီး အာရုံပြောင်းပါ။ လှဲအိပ်လိုက်ဖို့ အဆင်ပြေတယ်ဆိုရင် လှဲအိပ်လိုက်ပါ။ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့လုပ်ပါ။ အစားတွေ အများကြီးစားတာမျိုး မလုပ်ပါနဲ့။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ပါတဲ့ အရာတွေကိုရှောင်ကြဉ်ပါ။
ကားမူးတာကို ကာကွယ်ဖို့လုပ်သင့်တဲ့ အချက် ၁၀ ချက်
ကားမူးတာကို ကာကွယ်လို့ရတယ်ဆိုတာ သိပါသလား။ အခုပြောပြမယ့် အချက်လေးတွေက သင့်ကို ကားမမူးအောင် ကာကွယ်ပေးပါလိမ့်မယ်။ ခရီးမသွားခင်မှာ အစား အများကြီး မစားပါနဲ့။ အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကဖင်းနဲ့အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေကို ရှောင်ကြဉ်ပါ။ အနံ့ပြင်းတဲ့ စားစရာ သောက်စရာတွေကို ရှောင်ကြဉ်ပါ။ မူးဝေအော့အန်တာကို သိပ်မဖြစ်စေနိုင်မယ့် နေရာမျိုးမှာရွေးထိုင်ပါ။ လေယာဉ်ဆို အလယ်ပိုင်းလောက်မှာ ထိုင်ပါ၊ သင်္ဘောတို့၊ လှေတို့ဆိုရင် ကုန်းပတ်ပေါ်မှာ ထိုင်ပါ။ ကားဆိုရင်တော့ ပြတင်းပေါက်ဘေးဘက်နဲ့ အရှေ့ပိုင်းနားမှာ ထိုင်ပါ။ ခရီးသွားနေတဲ့ဦးတည်ရာနဲ့ ဆန့်ကျင်ဘက် မထိုင်မိပါစေနဲ့၊ ရထားစီးတဲ့အခါမျိုးမှာ အဖြစ်များနိုင်ပါတယ်။ ခရီးသွားရင်း စာဖတ်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။ ပြတင်းပေါက်ဖွင့်ထားပြီး ပတ်ဝန်းကျင်က သဘာဝလေကို ရှုရှိုက်ပါ။ မူးဝေအော့အန်နေသူကို သွားမကြည့်မိအောင်နေပါ။ ကားမူးသက်သာစေနိုင်တဲ့ ဆေးတစ်ခုခုသောက်သုံးပါ။ Dimenhydrinate ပါတဲ့ ကားမူးပျောက်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရရှိနိုင်နေပြီဖြစ်လို့ ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဆင်ပြေနိုင်မှာပါ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Credit – Mizzima – News in Burmese
Leave a Reply