ဗဟုတုသ

စွန်ပလွံသီးရဲ့ စွမ်းအားများ

စွန်ပလွံသီးကို ယိုထိုးစားကြသလို စွန်ပလွံသီးခြောက် အဖြစ် စားကြတာများပါတယ်။ သရေစာ အဖြစ် စားကြတဲ့ အစားအစာ ဖြစ်ပေမယ့် ကျန်းမာရေး အကျိုးရှိပုံတွေကတော့ များပါတယ်။  စွန်ပလွံပင်ဟာ ထန်းပင်နဲ့ ဆင်တူပါတယ်။ အရွက်ကတော့ အုန်းရွက်နဲ့ တူပါတယ်။ အသီးဟာ မှည့်လာတဲ့ အခါမှာ လိမ္မော်ရောင်ဖြစ်နေပြီး အစေ့ကတော့ ရှည်ပါတယ်။ အသီးကို အာဟာရ အဖြစ် စားလို့ရသလို ဆေးဝါး အဖြစ်လည်း သုံးကြပါတယ်။
စွန်ပလွံသီးမှာ ကယ်လိုရီ၊ ရေငွေ့ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊သတ္တုဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘေတို့ ပါဝင်ပါတယ်။ စွန်ပလွံသီးဟာ ချို၏၊ အေး၏၊ နှလုံးကို နှစ်သက်စေပြီး သလိပ်နဲ့သုတ်ကို တိုးပွားစေနိုင်၏။ ခွန်အားကို ဖြစ်စေပြီး ကာမကို အားပေး၏။ ၀ဖြိုးစေပြီး လေ၊ သ်ညးခြေက်ု နိုင်၏။ ရေငတ်၊ ချောင်းဆိုး၊ မူးဝေနာ အော့အန့်ခြင်းကို ဖြစ်စေ၏။ ပန်းနာရောဂါကို သက်သာစေပြီး အရွယ်ကို နုပျိုစေပြီး အစာကြေညက်ခဲစေ၏။ ပူလောင်ခြင်းကို ပျောက်ကင်း စေနိုင်၏။ စွန်ပလွံသီး အခါးရည်ဟာ ထန်းရည်အရသာနဲ့ ဆင်တူ၏။
စွန်ပလွံသီးဟာ ရင်ကို အေးမြစေပြီး ၀မ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ၀မ်းချုပ်တတ်သူတွေ အတွက် နေ့စဉ် စားပေးသင့်ပါတယ်။ အရက်အမူးလွန်နေသူတွေ အတွက် အသီးကို ရေစိမ်တိုက်ပေးရင် ဖြေဆေးအဖြစ် အသုံးဝင်ပါတယ်။ နွားနို့နဲ့ ကျိုသောက်ပေးရင်တော့ လိုအပ်တဲ့ အာဟာရကိုဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ စွန်ပလွံသီးဟာ သွေးအားကို ကောင်းစေပြီး သွားနဲ့အရိုးကို သန်မာစေနိုင်ပါတယ်။ မျက်စိဝေဒနာကို ကာကွယ်ပေးနိုင်ပြီး အသားအရေ စိုပြည်စေနိုင်ပါတယ်။ အာရုံကြောကို လန်းဆန်းစေပြီး အဖျားရောဂါကို သက်သာစေပါတယ်။
crd;copy

Leave a Reply

Your email address will not be published. Required fields are marked *