အာလူး၏ကျန်းမာရေးအကျိုးကျေဇူးများ။

အာလူး၏ကျန်းမာရေးအကျိုးကျေဇူးများ။

အာလူးကို ကြော်စားခြင်းထက် ချက်ပြုတ်ခြင်း၊ မီးဖုတ်၍စားခြင်းတို့  ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါသည်။ သို့  သော် အာလူးအကျွတ်ကြော်ကို အလွန်အကျွံမဟုတ်ဘဲ ပုံမှန်စားပေးရုံဖြင့် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။

ခန္ဓာကိုယ်အလေးချိန်တိုးပွားလာခြင်း။

ကစီဓာတ်တို့ ပေါင်းစုဝေးရာအာလူးတွင် ပရိုတင်းဓာတ်လဲအနည်းငယ်ပါရှိပါသည်။ ထို့ ကြောင့်ခန္ဓာကိုယ်အလေးချိန်တက်လို ပါက၊ အဆီဓာတ်နဲသော အာလူးကို ဓာတ်စာအဖြစ် စားသုံးပေးသင့်ပါသည်။

အစာကြေလွယ်ခြင်း။

အာလူးတွင်ကစီဓာတ်တို့ ပေါကြွယ်ဝခြင်းကြောင့် အလွယ်တကူအစာကြေစေပါသည်။ ခွန်အားဗလလဲဖြစ်စေသဖြင့် နာလန်ထ စလူနာများနှင့် ကလေးငယ်များအတွက် သင့်တော်ကောင်းမွန်သော အစာဖြစ်ပါသည်။ (သို့ သော် အာလူးကို အလွန်အကျွံစား ပါက အစာအိမ်အချဉ်ပေါက်တတ်ပါသည်)။ အပူပေးချက်ပြုတ်ထားသော အာလူးထက် အာလူးအစိမ်းတွင် အမျှင်ဓာတ်ပါဝင်မှု ပိုများသည်ဟု သိရပါသည်။

အသားအရေစောင့်ရှောက်မှု။

ဗ်ီတာမင် C၊ ဗီတာမင် Bဓာတ်ပေါင်းစုနှင့် သတ္တုဓာတ်များဖြစ်ကြသော ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရက်စ် နှင့် သွပ်ဓာတ် တို့ ကအသားအရေကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ အာလူးတွင်ထိုဓာတ်များပါရှိပါသည်။ ကြိတ်ချေထားသော အာလူး အစိမ်းကို ပျားရည်နှင့်ရောပြီး မျက်နှာကိုလိမ်းပေးခြင်းဖြင့် ၀က်ခြံနှင့်အမဲစက်များကို ပျောက်ကင်းစေနိုင်ပါသည်။မီးအပူလောင် ပါက၊ အာလူးကိုပါးပါးလှီး၍ ကပ်ပေးခြင်းဖြင့် ရောင်ကိုင်းခြင်းမရှိစေဘဲ အပူလောင်ခြင်းကို ချက်ချင်းသက်သာလာစေပါသည်။ အာလူးများကို လှီးဖြတ်၍ စိမ်ထားသောရေကိုချိုးပေးပါက၊ အသားအရေကိုနူးညံ့သန့် ရှင်းစေပါသည်။

ဗီတာမင် C ချို့ တဲ့ရောဂါများ။

အာလူးတွင် ဗီတာမင် C ပါရှိခြင်းကြောင့် ဗီတာမင် C ချို့ တဲ့ရောဂါများဖြစ်သော နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းထောင့်များ ကျီးကန်း ပါစပ်လိုကွဲအက်ခြင်း၊ သွားဖုံးများသွေးယိုစီးခြင်းနှင့် မကြာခဏအအေးမိဖျားနာခြင်းတို့ ကို ကာကွယ်ပေးနိုင်ပါသည်။

အဆစ်အမြစ်အကြောအချဉ်ရောင်ရမ်းကိုက်ခဲခြင်း။

ဗီတာမင်များ၊ ကလယ်စီယမ် နှင့် မဂ္ဂနီစီယမ်တို့ ပါရှိသောအာလူးကိုပြုတ်လိုက်သောအခါ အာလူးထဲတွင် ရေဓာတ်ရောက်ရှိ သွားသဖြင့် အဆစ်အမြစ်အကြောအချဉ်ရောင်ရမ်းကိုက်ခဲခြင်း ဝေဒနာတို့ ကို သက်သာလာစေပါသည်။ သို့ သော် အာလူးထဲ တွင် ကစီဓာတ်ပါဝင်မှု မြင့်မားသောကြောင့် ခန္ဓာကိုယ်အလေးချိန်ကို တိုးပွားလာစေသဖြင့် ဒူလာပါဒရက် ရောဂါသည်များ အတွက်တော့ အာလူးက ကောင်းကျိုးမပြုနိုင်ပါ။

ရောင်ရမ်းနာများ။

ခန္ဓာကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများအတွက် အာလူးကများစွာ ကောင်းကျိုးပြုပါသည်။ အာလူးသည် နူးညံ့ပျော့ပြောင်းပြီး အစာကျေလွယ်စေကာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတို့ အမြောက်အများပါရှိသဖြင့် အူနှင့်အစာချေလမ်းကြောင်းတို့  ရောင်ရမ်း နာများကို သက်သာစေနိုင်ပါသည်။ ခန္ဓာကိုယ်ပြင်ပရောင်ရမ်းပါက၊ အာလူးကိုကျိတ်ချေပြီး၊ အာလူးသတ္တုရည်ကို လိမ်းကျံပေး ခြင်း ဖြင့် သက်သာပျောက်ကင်းလာစေနိုင်ပါသည်။

သွေးတိုးကိုကျစေနိုင်ခြင်း။

အစားမှားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ ကြောင့်သွေးတိုးရောဂါကို ရစေနိုင် ပါသည်။ အာလူးတွင် ဗီတာမင် D နှင့် ဗီတာမင် B တို့ ကြွယ်ဝစွာပါရှိပါသည်။ ထိုဓာတ်များက အစားမှားခြင်းနှင့် စိတ်ဖိစီးမှု ကြောင့် ဖြစ်ပေါ်လာသော သွေးတိုးရောဂါများအတွက် အာလူးကိုစားသုံးပေးခြင်းဖြင့်သွေးကျစေနိုင်ပါသည်။ သိုသော့် ဆီးချို ရောဂါကြောင့် သွေးတိုးလျှင်တော့ အာလူးစားသုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါသည်။ အာလူးထဲရှိ အမျှင်ဓာတ်က ကိုလက်စထရောကိုနှိမ့်ချပေးပြီး၊ သွေးထဲရှိသကြားဓာတ်ကို မြှင့်တင်ပေးသည့်အတွက် သွေးတိုးကိုကျစေနိုင်ခြင်း ဖြစ်ပါသည်။

ဦးနှောက်စွမ်းဆောင်ချက်။

ဦးနှောက်ဖွံ့ ဖြိုးကြီးထွားလာနိုင်ရေးအတွက် သကြားဓာတ်ပမာဏ၊ အောင်စီဂျင်ရရှိမှု၊ ဗီတာမင် B ဓာတ်ပေါင်းစု၊ ဟိုမုန်း နှင့် အိုမီဂါ-3ဖက်တီးအက်ဆစ်(အမိုင်နို+ဖတ်တီးအက်ဆစ်) တို့ က များစွာ အရေးပါပါသည်။ အာလူးက ဦးနှောက်စွမ်းရည် အတွက် အထက်ပါ အားလုံးနီးပါးကို စီမံဖြည့်စွမ်းပေးနိုင်ပါသည်။ အာလူးထဲတွင်ပါရှိသော ကစီဓာတ်က သွေးထဲရှိသကြား ပမာဏကို ကောင်းမွန်အောင်ထိန်းညှိပေးနိုင်သဖြင့် ဦးနှောက်ပင်ပန်းနွမ်းလျမှုကို သက်သာလာစေကာ ဦးနှောက်ကိုလန်းဆန်း တက်ကြွလာစေပါသည်။ ထို့ ပြင်အာလူးတွင်ပါရှိသော ဟေမိုဂလိုဘင် နှင့်သံဓာတ်တို့ က သွေးထဲမှတဆင့် အောက်စီဂျင်ကို ဦးနှောက်သို့ ပို ဆော့င်ပေးပါသည်။ အာလူးတွင် ဗီတာမင် B6 လဲ ကြွယ်ဝစွာပါရှိပါသည်။ ထို့ ပြင် ဖော့စဖရက်နှင့် သွပ် များလဲ ပါရှိရာ၊ ၄င်းတို့ က ဦးနှောက်စွမ်းအားကိုတိုးတက်ကောင်းမွန်စေပါသည်။

နှလုံးရောဂါ။

အာလူးတွင် လူတိန်းနှင့် zeaxanthin တို့ ကဲ့သို့ သော Carotenoids ဓာတ်က နှလုံးနှင့် ခန္ဓာကိုယ်အတွင်း ကလီစာများကို ကောင်းကျိုးပြုစေပါသည်။သို့ သော် သွေးထဲရှိသကြားပမာဏကို မြှင့်တင်ပေးပြီး၊ ခန္ဓာကိုယ်အလေးချိန်တိုးစေနိုင်သဖြင့် အ၀လွန်သောသူများ အာလူးစားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။(အ၀လွန်သူများ၏နှလုံးကို ဖိအားပေးစေနိုင်လို့ ပါ)

ကျောက်ကပ်ကျောက်တည်ခြင်း။

သွေးထဲတွင် ယူရစ်အက်ဆစ်ပမာဏ များပြားခြင်းကြောင့် ကျောက်ကပ်တွင် ကျောက်တည်စေနိုင်ပါသည်။ ဥပမာ-အနီရောင် အသားများ၊ ကြက်ဆင်၊ ပုစွန်၊ ၊ ပင်လယ်ငါး၊ ကြက်ဥ၊ နို့  စသည့် တိရိစ္ဆာန် မှ ရရှိသော ပရိုတင်းများသည် သွေးထဲရှိ ယူရစ် အက်ဆစ် ပမာဏကို တိုးပွားစေနိုင်ပါသည်။ သံဓာတ်နှင့်ကယ်လ်စီယမ်တို့ သည် ကျောက်တည်ခြင်းကို အားပေးကြပါသည်။ အာလူးထဲ တွင် ထိုဓာတ်(၂)မျိုးစလုံးပါရှိပါသည်။ သို့ သော် အာလူးထဲတွင် မဂ္ဂနီစီယမ်ဓာတ် မြင့်မားစွာပါရှိပြီး၊ ထိုဓာတ်က ကျောက်ကပ် နှင့်တစ်ရှုးများထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိပါသည်။ ထို့ ကြောင့် အာလူး သည် ကျောက်ကပ် နှင့် ဆိုင်သော ရောဂါများကို ကောင်းကျိုးပြုနိုင်ပါသည်။

ဝမ်းသွားခြင်း။

အာလူးသည် လူကို ခွန်အားဖြစ်စေနိုင်သဖြင့်၊ ၀မ်းသွားပြီး အားနည်းသောသူများ အားပြန်လည်ဖြည့်တင်းရန်အတွက် အာလူး ကို ဓာတ်စာအဖြစ်စားပေးသင့်ပါသည်။ သို့ သော်အာလူးတွင် ကစီဓာတ်များပိုလျှံစွာပါရှိခြင်းကြောင့် အလွန်အကျွံစားသုံးပါက ၀မ်းလျောစေနိုင်သဖြင့် အသင့်အတင့်စားသောက်ဖို့ လိုပါသည်။

အာလူးဖျော်ရည်၏ကျန်းမာရေးအကျိုးကျေးဇူးများ။

အနောက်နိုင်ငံ၌် ၂၀၀၉ နှစ်က Davis Department of Nutrition တွင် Potatoe study ပြုလုပ်ခဲ့ပါသည်။ လူတစ်ယောက်ကို အာလူးဖျော်ရည် ၁၅-ပတ် တိတိ တိုက်ကျွေးပြီးနောက် ကျန်းမာရေးစစ်ဆေးကြည့်သောအခါတွင် ထိုသူသည် ခန္ဓာကိုယ် အလေးချိန် လျော့ကျသွားကြောင်း လေ့လာသိရှိခဲ့ရပါသည်။

အာလူးအစိမ်းကိုကြိတ်ချေ၍ အာလူးဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။ အာလူး၏ အခွံသည် အဆိပ်အတောက်ဖြစ်စေ နိုင်သဖြင့် အခွံခွာပြီးမှသာ ဖျော်ရည်အဖြစ် သောက်သုံးသင့်ပါသည်။ အာလူးဖျော်ရည် ကို သူ့ ချည်းသောက်သုံးပါက အရသာ သိပ်မရှိသည့်အတွက် သံပုရာရည် (သို့ မဟုတ်) မုန်လာဥအနီ ဖျော်ရည်တို့ ဖြင့် ရောနှောသောက်သုံးနိုင်ပါသည်။ ထိုသို့  ရောနှောသောက်သုံးခြင်းက ကျန်းမာရေးအတွက် ပိုမိုအစွမ်းထက် စေပါသည်။

နံက်စောစော အာလူးဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ၀မ်းချုပ်ခြင်း၊ ရင်ပူခြင်း၊ ဂေါက်ရောဂါ နှင့် ဒူလာပါဒရက်ရောဂါ တို့  ကိုသက်သာစေပါသည်။ အိပ်ယာမှနိုးနိုးခြင်း အာလူးဖျော်ရည်ကို ရေနွေးဖြင့်ပုံမှန်သောက်သုံးသွားပါက၊ အစာခြေယန္တရားတွင် ဖြစ်ပေါ်သောအနာများကိုသက်သာ ပျောက်ကင်းစေနိုင်ပါသည်။

အာလူးဖျော်ရည်သောက်သုံးခြင်းဖြင့်-

· နှင်းခူနာကဲ့သို သော့ အရေပြားရောဂါများကို ပျောက်ကင်းစေပါသည်။

· အရိုးအဆစ်ထဲရှိ ပိုလျှံသောယူရစ်အက်ဆစ်တို့ ကို လျော့ချပေးနိုင်သောကြောင့် အဆစ်ရောင်နာ၊ ဒူလာပါဒရက် ကိုက်ခဲနာ၊ ဂေါက်ရောဂါ နှင့် ခါးကိုက်ခါးအောင့်ခြင်း စသည့်ဝေဒနာတို့ ကို သက်သာလာစေပါသည်။ ထိုရောဂါဝေဒနာ သည် များသည် ဆေးဘက်ဝင်အပင်များဖြစ်ကြသော ကလျာဏီပင်၊ ဖက်ယားပင်၊ ကြက်သွန်ဖြူ စသည်တို့  အား အာလူးဖျော်ရည်ထဲ့သို့ နှပ်၍ သောက်သုံးပေးသင့်ပါသည်။

· အစာချေယန္တရားတွင် အနာဖြစ်ပေါ်ခြင်း၊ အစာအိမ်ရောင်နာ နှင့် အူသိမ်အူမတို့ တွင် အနာဖြစ်ပါက အာလူးဖျော်ရည် ၁-ဆလျှင် ရေ ၂-ဆ ရော၍ အစာစားင်္ပြီး မိနစ်၃၀ အကြာမှာ သောက်သုံးပေးရပါသည်။ (ထိုရောဂါများအတွက် ပင်စိမ်းပင်၊ ခွေးလှေးယားပင် နှင့် ကျီးပေါင်းပင်တို့ ၏ အရွက်ကိုအခြောက်လှန်းပြီး၊ လက်ဘက်ရည်အဖြစ် သောက် သုံးပါက အကျိုးထူးနိုင်ကြောင်း သိရပါသည်။)

· အစာအဆိပ်သင့်ပြီးသူများသည် အူသိမ်အူမထဲသို့ ရောဂါပိုးများမ၀င်လာစေနိုင်အောင် အာလူးဖျော်ရည်ကို မုန်လာဥနီ (သို့ မဟုတ်) ပျားရည်တို ဖြင့် ရော၍ သောက်သုံးပေး သင့်ပါသည်။ ၀မ်းလျောပါက ထိုကဲ့သို့ သောက်သုံးပေးခြင်းဖြင့် လည်း ချက်ချင်းဝမ်းရပ်စေပါသည်။

ဘာသာပြန်သူ ( ပေါက်ပါက်)

ကိုးကားချက်။ Dr.Lam’s website

Comments

Leave a Reply

Your email address will not be published. Required fields are marked *