ဗဟုတုသ

ဂျူးမြစ်၏​ ဆေးဖက်​ဝင်​ အသုံးဝင်​ပုံ

ဂျူးမြစ်၏​ ဆေးဖက်​ဝင်​ အသုံးဝင်​ပုံ

ဂျူးမြစ်ကို ထမင်းဝိုင်းတွင် ဟင်းရံအဖြစ် စားသောက်ပေးနိုင်သည်။

သုပ်စားပေးခြင်း ၊ချဉ်ဟင်းချက်စားပေးခြင်း ၊သနပ်ပြုလုပ်စားပေးခြင်း ၊ အ

စိမ်းအတိုင်း တို့စားပေးခြင်း အစရှိသည့် ပုံစံများဖြင့် စားသောက်ပေးနိုင်

သည်။အရသာအားဖြင့် ချို ၊စပ် ဖြစ်သည်။ဂုဏ်သတ္တိမှာ အေးစေပါသည်။

တိုင်းရင်းဆေးဝါး အာနိသင်အကျဉ်းချုပ်မှာ ယောက်ျားတို့တွင် မျိုးပွားလမ်း

ကြောင်း၌ ဖြစ်ပေါ်ခံစားရသော အိမ်မက်သုက်လွှတ်ရောဂါ ၊ သုက်အား

ဆုတ်ယုတ်သောရောဂါ ၊သုက်လွှတ်မြန်ရောဂါတို့တွင် ဆေးဝါးအဖြစ်အသုံး

ဝင်စေသည်။အထူးသဖြင့် လေအားနည်းခြင်း ၊အကြောအားနည်းခြင်း ၊ပန်း

သေပန်းညှိုးရောဂါများတွင် ဤဆေးပင်သည် များစွာအားထားလောက်ပေ

သည်။မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြပြီ ဖြစ်ပါသည်။

ဂျူးမြစ်၏ကျန်းမာရေးအကျိုးကျေးဇူးများ
———————————————-

>:< ဂျူးမြစ်ကို အင်္ဂလိပ်လို Allium Hookeri Root လို့ခေါ်ပြီး
နောက်တစ်မျိုးက Chinesechives လို့လည်း ခေါ်ဆိုကြပြန်တယ်။
ဂျူးမြစ်ဟာ ဆေးဖက်ဝင် အမြစ်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အမြစ်တင်မက
သူ့ရဲ့ပင်စည်အရွက်များကိုလည်း ကြော်စားလို့လည်း ရပါတယ်။

* ဂျူးမြစ်နှင့် ကျန်းမာရေး
ဂျူးမြစ်ကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊
ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်နှင့် နောင်တရားမြို့နယ်ခွဲတို့တွင်
စိုက်ပျိုးကြသည်။ ဂျူးမြစ်ကိုကြော်၍လည်းကောင်း၊ အတို့အမြှုပ်အဖြစ်
လည်းကောင်း၊ ချဉ်ဟင်းချက်၍လည်းကောင်း၊ အသား၊ ပဲပုတ်တို့နှင့်
ရောချက်၍လည်းကောင်း စားသုံးကြ သည်။

ဂျူးမြစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန် ဖြစ်စေခြင်း၊
နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့်
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့်
မှိုကြောင့် ဖြစ်သော ရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့်
အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်း စသည့်
ကောင်းကျိုးများ ရရှိစေပါသည်။

ဂျူးမြစ်တွင် ပါဝင်သော အာဟာရဓါတ်များမှာ ဂျူးမြစ် (၁၀၀) ဂရမ်လျှင်
ကာဗွန်ဟိုက်ဒရိတ် ၄.၃၅ ဂရမ်၊ ပရိုတိန်း ၃.၂၇ ဂရမ်၊ အဆီ ၀.၇၃ ဂရမ်၊
ကိုလက်စထရော ၀.၀ မီလီဂရမ်၊ အမျှင်ဓါတ် ၂.၅ ဂရမ်၊ စွမ်းအင် ၃၀ KcaL
ပါရှိပါသည်။

ဂျူးမြစ်တွင် ပါဝင်သော ဗီတာမင်များမှာ ဖောလစ်အက်ဆစ် ၁၀၅ µg၊
နိုင်ယာစင် ၂၁၂.၇ µg၊ ဗီတာမင် အေ ၄၃၅၃ lU၊ ဗီတာမင် ကေ ၂၁၂.၇ µg၊
သိုင်ယာမင်း ၀.၀၇၈ mg၊ ဗီတာမင် စီ ၅၈.၁ mg၊ ဗီတာမင် အီး ၀.၂၁ mg
တို့ ပါရှိပါသည်။

ဂျူးမြစ်တွင် ပါဝင်သော သတ္တုဓါတ်များမှာ ကယ်ဆီယမ် ၉၂ mg ၊
ကော့ပါး ၀.၁၅၇ mg၊ သံဓါတ် ၁.၆၀ mg၊ မဂ္ဂနီဆီယမ် ၄၂ mg၊
မဂ္ဂနီးစ် ၀.၃၇၃ mg၊ ဆီလီနီယမ် ၀.၉၀ µg၊ ဇင့် ၀.၅၆ mg ပါရှိပါသည်။

ကင်ဆာရောဂါကာကွယ်သည့် ဒြပ်ပေါင်းများမှာ သိုင်အိုဆိုင်ဖိုနိတ်စ်
၃.၆ mg၊ β -ကယ်ရိုတင်း ၂၆၁၂ µg၊ β- ကရိုင်တို ဇန်သင် ၀.၀ µg၊
လူတိန်း – ဇီဇန်သင် ၃၂၃ µg ပါရှိသည်။

စိုက်ပျိုးသည့် ဒေသ၏ အပူချိန်ပေါ်မူတည်၍ ကင်ဆာရောဂါကို
ကာကွယ်နိုင်သည့် သိုင်အိုဆိုင်ဖိုနိတ်စ် ဓါတ်ပေါင်း ပါဝင်မှု ကွာခြားသည်။
နေ့အပူချိန် (၂၁•) စင်တီဂရိတ်တွင် ၁၅ µmol/ g၊ (၂၅•) စင်တီဂရိတ်တွင်
၃၆ µmol/ g နှင့် (၃၁•) စင်တီဂရိတ်တွင် ၅၃µmol/ g ပါဝင်သည်။
ဂျူးမြစ်၏ အာဟာရတန်ဖိုးမပျက်စီးစေရန် သိုလှောင်နည်းစနစ်မှာ အပူချိန်
(၃ ± ၁•C) အတွင်း သိုလှောင်ပါက (၂၅-၃၅) ရက် အထိ သိုလှောင်နိုင်
သည်။ ပုံမှန်အခန်းအပူချိန် (၂၅ ± ၁•C) ဖြင့် သိုလှောင်ပါက (၅ – ၇) ရက်
အထိ အာဟာရတန်ဖိုးများ မပျက်စီးပဲ သိုလှောင်နိုင်သည်။ အခန်း၏
စိုထိုင်းဆ (၉၀ – ၉၅%) တွင် သိုလှောင်ရန် အသင့်တော်ဆုံးဖြစ်သည်။
ပါကင်တစ်ဘူးလျှင် (၅ – ၁၀) kg စီ ပလတ်စတစ်ပါးစဖြင့် ထုတ်ပိုး၍
ထည့်သွင်း၍ ဈေးကွက်သို့ တင်ပို့နိုင်သည်။ ပန်းပွင့်ချိန်တွင် ဟော်မုန်း
(၂, ၄ – D) သို့ GA3 ပတ်ဖျန်းထားပါက သိုလှောင်ချိန်တွင်
အရည်အသွေး ပိုမို ကောင်းမွန်စေသည်။

ဂျူးမြစ်မှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့် ထုတ်ကုန်များမှာ အအေးခံဂျူးရွက်
(Forzen Chinese chives leaves) ၊ ဂျူးမြစ် ရှာလကာရည် (vine gar
with Chinese chives) ၊ သီးရွက်စုံ ဆလတ် (Basil, Chinese chives,
leek Salad)၊ ငါး + ဂျူးမြစ်ခဲပတ်ကင် (First Backed Chinese chives
Sprinkled) ၊ အသင့်သုံး ကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင်
(User-Friendly Herbs Ready Made Spices)တို့ ဖြစ်ကြပါသည်။

( မှတ်ချက်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော လက်ကမ်းစာစောင်ကို
ရည်ညွှန်းကိုးကား ဖော်ပြလိုက်ပါသည်။)

Credit to ဘဝခါးခါး
source:sitkoamonesonethu

Leave a Reply

Your email address will not be published. Required fields are marked *