ဗဟုတုသ

ပျားရည်နေ့တိုင်းသောက်ပေးခြင်းရဲ့ သင်မသိသေးတဲ့ အံ့သြဖွယ်အကျိုးကျေးဇူးတွေ

ပျားရည်ဟာ ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိတယ်ဆိုတာ စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်လိုအကျိုးရှိတယ်။ ဘာအတွက်အကျိုးရှိတယ်ဆိုတာ သေချာသိချင်မှသိပါလိမ့်မယ်။ ပျားရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးပါမယ်။

ဂတ်နည်းမယ်

ပျားရည်ကိုနေ့တိုင်သောက်ပေးမယ်ဆိုရင်တော့ အစာအိမ်ထဲမှာ ဂတ်နည်းတာကြောင့် လေဖောင်းတာ လေပွတာမျိုး မဖြစ်တော့ပါဘူး။

ဓါတ်မတည့်တာမျိုးကို သက်သာစေတယ်

အသားအရေပေါ်မှာ ဓါတ်မတည့်တာမျိုး ရောင်ရမ်းယားနာတာမျိုးကို သက်သာစေပါတယ်။

မှတ်ဥာဏ်တိုးတက်စေနိုင်တယ်

ပျားရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင် သင့်ရဲ့ မှတ်ဥာဏ်တွေကို တိုးတက်စေမှာဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်

ပျားရည်ဟာ ကိုယ်ခံအားစနစ်ကိုကောင်ွးန်စေပါတယ်။ ဒါ့ကြောင့်လည်း သင့်ကို ကျန်းမာပျော်ရွှင်စေမှာပါ။

အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

ပျားရည်ကို ရေနွေးလေးနဲ့သောက်ပေးမယ်ဆိုရင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ၀မ်းလျှောတာကိုလည်း သက်သာစေပါတယ်။

ဆီးဝမ်းမှန်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အသားအရေ ကြည်လင်စေတယ်

ပျားရည်ဟာ ၀က်ခြံကို သဘာဝအတိုင်းသက်သာပျောက်ကင်းစေသလို အသားအရေကို ကြည်လင်စိုပြေစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးတယ်

 

ပျားရည်ကိုနေ့တိုင်းသေက်ပေးမယ်ဆိုရင် ကိုလက်စထရောကျစေပါတယ်။ သကြားထက်ပိုကောင်းတဲ့ ပျားရည်သောက်ပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ သောက်သုံးလိုက်ပါ။

အိပ်ရေးဝစေတယ်

ပျားရည်မှာ Amino Acid ပါဝင်ပြီး ညအိပ်ယာမ၀င်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းလောက်သောက်ပေးရင် သင့်ကို အိပ်မောကျစေပြီး အိပ်ရေးဝစေမှာပါ။

ပျားရည်ကိုဘယ်လိုဖျော်သောက်လို့ရလဲ

ပျားရည်ကို သံပုရာသီးနဲ့ ဖျော်သောက်ပေးရင် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

ပျားရည်ကို ပန်းသီးရှလကာရည်နဲ့ ရောသောက်မယ်ဆိုရင်တော့ ဆီးဝမ်းမှန်စေပြီး ကျောက်ကပ်ကိုကျန်းမာစေပါတယ်။

ပျားရည်ကို ဂျင်းနဲ့ရောပြီးသုံးပေးမယ်ဆိုရင် အအေးမိချောင်းဆိုးတာ အစာမကြေတာကို သက်သာစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *