ဗဟုတုသ

ေလးဘက္နာ၊ သားအိမ္တြင္း ေသြးလံုး၊ ေလလံုး၊ ေျခဖေနာင့္ကြဲ၊ ကင္းကိုက္၊ ကင္းထိုး အတြက္ မုရိုးပင္ႏွင့္ ေဆးအသံုး

(Zawgyi)

မု႐ိုးပင္(သို႔) ငျဖဴႀကီး

“ကင္းထိုး ကင္းကိုက္ ငျဖဴႀကီးလိုက္” ဟု ေရွးေဆးဆရာႀကီးတစ္ဦး ေျပာဖူးသည္။ ကင္း(၃)ကင္းရွိသည္။ ကင္းေျခမ်ား၊ကင္းမလက္မည္း (ေခၚ) ကင္းၿမီးေကာက္၊ ကင္းပ်ေလးတို႔ျဖစ္သည္။ ေတာသူေတာင္သားတို႔ မေမွ်ာ္လင့္ပါပဲ ကင္းထိုးကင္းကိုက္ျခင္း မၾကာခဏခံရတတ္ၿပီး အေတာ္လည္း ခံရဆိုးပါသည္။ မု႐ိုးပင္အား ငျဖဴႀကီး၊ နျဖဴႀကီး၊ ႏို႔ခဲပင္၊ မ႐ိုးပင္၊ ကြၽဲေပါက္ပင္ အမ်ိဳးမ်ိဳးေခၚၾကပါသည္။ ထိုအပင္မွာ လမ္းေဘးတြင္ အေလ့က် ေပါမ်ားစြာ ေပါက္တတ္ပါသည္။

အမ်ားျပည္သူႏွင့္ ေတာသူေတာင္သားတို႔ မု႐ိုးပင္၏ ေဆးအသုံးေလး သိပါက ကင္းထိုးကင္းကိုက္ျခင္း ခံရသူကို ေပ်ာက္ကင္းသက္သာေစေသာ နည္းလမ္းျပႏိုင္ပါမည္။ ကင္းထိုးျခင္း ခံရေသာ အေပါက္အား ငျဖဴႀကီးပင္မွ ကိုင္းတစ္ကိုင္းကို ခ်ိဳးလိုက္ပါက အေစးျဖဴမ်ား ထြက္လာပါမည္။ ထိုအေစးျဖဴအား အနာဝသို႔ ထည့္ေပးလိုက္ျခင္း ျဖစ္ပါသည္။

သိေစခ်င္သည္က ကင္း(၃)ကင္း၊ ဘယ္ကင္း ကိုက္ကိုက္ ထိုးထိုး ငျဖဴႀကီး (ေခၚ)မု႐ိုးပင္ကို သတိရေစရန္ တင္ျပလိုျခင္းျဖစ္ပါသည္။ အမွန္လက္ေတြ႕ ေပ်ာက္ကင္းခဲ့သူမ်ားစြာ ရွိပါသည္။

ႏို႔ခဲပင္ –

ငျဖဴႀကီး အေစးအား ေျမအိုးတြင္သုတ္လူးၿပီး ႏြားႏို႔၊ ကြၽဲႏို႔ကို က်ိဳခ်က္ပါက ႏို႔ခဲေစႏိုင္ေသာ သတၱိရွိပါသည္။ ႏို႔ကိုခဲေစသည့္ အေစးသတၱိရွိ၍ ႏို႔ခဲပင္ဟုေခၚျခင္း ျဖစ္ပါသည္။

လက္ေတြ႕အဖုအႀကိတ္ –

အ႐ြက္ကို မီးကင္ၿပီး အေစးႏွင့္ေရာကပ္ပါက အဖုအက်ိတ္ အမွန္ေပ်ာက္ပါသည္။

ေျခဖေနာင့္ကြဲ –

အေစးျဖဴကို ဖေနာင့္ကြဲေနေသာ ေနရာကို ထည့္ေပးျခင္းျဖင့္ ေသက္သာေပ်ာက္ကင္းသည္။

အသားမာ(ငါးမ်က္စိ) –

အေစးျဖင့္ ပြတ္ေပးျခင္း၊ အ႐ြက္ျဖင့္ ႀကိတ္အုံျခင္းျဖင့္ အလိုလို ေပ်ာက္ကင္းေစပါသည္။

အမ်ိဳးသမီးမ်ား သားအိမ္တြင္း ေသြးလုံး၊ ေလလုံး

ဆႏြင္းမႈန႔္ႏွင့္ မု႐ိုးေစးကို ေရာစပ္ၿပီး ဝမ္းဗိုက္အား လိမ္းေပးပါက တျဖည္းျဖည္း ေသးငယ္ကာ သက္သာေပ်ာက္ကင္းေစပါသည္။

တင္းတိပ္ –

သနပ္ခါးႏွင့္ မု႐ိုးေစးကို ေသြးလိမ္းေပးပါက တင္းတိပ္ေပ်ာက္ပါသည္။

ခါးနာ၊ ဒူးနာ –

မု႐ိုး႐ြက္မ်ားအား မီးကင္ၿပီး အဝတ္ပတၱီးျဖင့္ ပတ္စည္းေပးပါက သက္သာေပ်ာက္ကင္းပါသည္။

ပန္းနာ၊ ရင္ၾကပ္ ဆားကိုခ်က္ –

ပၪၥ(၅)ပါးကို ေျမအိုးျဖင့္ စိတ္ရွည္စြာျပဳတ္ၿပီး အျမႇဳပ္တက္တိုင္း ခပ္ယူ၍ အျမႇဳပ္မ်ားကို သံဒယ္သန႔္သန႔္တြင္ အမႈန႔္ျဖစ္ေအာင္ေလွာ္၍ ဆားခ်က္ပါ။ ထိုဆား(၁)ပဲသားလွ်င္ ပ်ားရည္(၅)က်ပ္သားျဖင့္ ေရာစပ္ၿပီး နံနက္၊ ည၊ လက္ဖက္စားဇြန္း(၁)ဇြန္း စားေပးပါက ပန္းနာအျမစ္ ျပတ္ပါသည္။

ေလးဘက္နာ –

ပၪၥ(၅)ပါးအား အိုးႀကီးတြင္ျပဳတ္၍ ေရခ်ိဳးေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါသည္။

အနာစိမ္း၊ ေမြးကြၽတ္နာ –

အ႐ြက္ကို မီးကင္ၿပီး ကပ္ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းပါသည္။

မု႐ိုးေခၚ ငျဖဴႀကီးပင္မွာ မ်ားစြာေသာ အံ့ၾသဖြယ္ ေဆးအစြမ္းမ်ား ရွိေနပါေၾကာင္း တင္ျပအပ္ပါသည္။ ဆရာဝန္၊ ပါရဂူ၊ေဆးခန္း၊ သိပၸံေဆးဝါးမ်ား ျပသရန္ ဝယ္ယူရန္ ခက္ခဲသူမ်ားအတြက္ မု႐ိုး(ေခၚ)ငျဖဴႀကီးကို သတိရေစရန္ ျဖစ္ပါသည္။

စာကိုး။ နကၡတၱေရာင္ျခည္ (ကင္းအဆိပ္ဘုရင္ ငျဖဴႀကီးပင္(သို႔)မု႐ိုးပင္)မွ ထုတ္ႏုတ္သည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

မုရိုးပင်(သို့) ငဖြူကြီး

“ကင်းထိုး ကင်းကိုက် ငဖြူကြီးလိုက်” ဟု ရှေးဆေးဆရာကြီးတစ်ဦး ပြောဖူးသည်။ ကင်း(၃)ကင်းရှိသည်။ ကင်းခြေများ၊ကင်းမလက်မည်း (ခေါ်) ကင်းမြီးကောက်၊ ကင်းပျလေးတို့ဖြစ်သည်။ တောသူတောင်သားတို့ မမျှော်လင့်ပါပဲ ကင်းထိုးကင်းကိုက်ခြင်း မကြာခဏခံရတတ်ပြီး အတော်လည်း ခံရဆိုးပါသည်။ မုရိုးပင်အား ငဖြူကြီး၊ နဖြူကြီး၊ နို့ခဲပင်၊ မရိုးပင်၊ ကျွဲပေါက်ပင် အမျိုးမျိုးခေါ်ကြပါသည်။ ထိုအပင်မှာ လမ်းဘေးတွင် အလေ့ကျ ပေါများစွာ ပေါက်တတ်ပါသည်။

အများပြည်သူနှင့် တောသူတောင်သားတို့ မုရိုးပင်၏ ဆေးအသုံးလေး သိပါက ကင်းထိုးကင်းကိုက်ခြင်း ခံရသူကို ပျောက်ကင်းသက်သာစေသော နည်းလမ်းပြနိုင်ပါမည်။ ကင်းထိုးခြင်း ခံရသော အပေါက်အား ငဖြူကြီးပင်မှ ကိုင်းတစ်ကိုင်းကို ချိုးလိုက်ပါက အစေးဖြူများ ထွက်လာပါမည်။ ထိုအစေးဖြူအား အနာဝသို့ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။

သိစေချင်သည်က ကင်း(၃)ကင်း၊ ဘယ်ကင်း ကိုက်ကိုက် ထိုးထိုး ငဖြူကြီး (ခေါ်)မုရိုးပင်ကို သတိရစေရန် တင်ပြလိုခြင်းဖြစ်ပါသည်။ အမှန်လက်တွေ့ ပျောက်ကင်းခဲ့သူများစွာ ရှိပါသည်။

နို့ခဲပင် –

ငဖြူကြီး အစေးအား မြေအိုးတွင်သုတ်လူးပြီး နွားနို့၊ ကျွဲနို့ကို ကျိုချက်ပါက နို့ခဲစေနိုင်သော သတ္တိရှိပါသည်။ နို့ကိုခဲစေသည့် အစေးသတ္တိရှိ၍ နို့ခဲပင်ဟုခေါ်ခြင်း ဖြစ်ပါသည်။

လက်တွေ့အဖုအကြိတ် –

အရွက်ကို မီးကင်ပြီး အစေးနှင့်ရောကပ်ပါက အဖုအကျိတ် အမှန်ပျောက်ပါသည်။

ခြေဖနောင့်ကွဲ –

အစေးဖြူကို ဖနောင့်ကွဲနေသော နေရာကို ထည့်ပေးခြင်းဖြင့် သေက်သာပျောက်ကင်းသည်။

အသားမာ(ငါးမျက်စိ) –

အစေးဖြင့် ပွတ်ပေးခြင်း၊ အရွက်ဖြင့် ကြိတ်အုံခြင်းဖြင့် အလိုလို ပျောက်ကင်းစေပါသည်။

အမျိုးသမီးများ သားအိမ်တွင်း သွေးလုံး၊ လေလုံး

ဆနွင်းမှုန့်နှင့် မုရိုးစေးကို ရောစပ်ပြီး ဝမ်းဗိုက်အား လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ကာ သက်သာပျောက်ကင်းစေပါသည်။

တင်းတိပ် –

သနပ်ခါးနှင့် မုရိုးစေးကို သွေးလိမ်းပေးပါက တင်းတိပ်ပျောက်ပါသည်။

ခါးနာ၊ ဒူးနာ –

မုရိုးရွက်များအား မီးကင်ပြီး အဝတ်ပတ္တီးဖြင့် ပတ်စည်းပေးပါက သက်သာပျောက်ကင်းပါသည်။

ပန်းနာ၊ ရင်ကြပ် ဆားကိုချက် –

ပဉ္စ(၅)ပါးကို မြေအိုးဖြင့် စိတ်ရှည်စွာပြုတ်ပြီး အမြှုပ်တက်တိုင်း ခပ်ယူ၍ အမြှုပ်များကို သံဒယ်သန့်သန့်တွင် အမှုန့်ဖြစ်အောင်လှော်၍ ဆားချက်ပါ။ ထိုဆား(၁)ပဲသားလျှင် ပျားရည်(၅)ကျပ်သားဖြင့် ရောစပ်ပြီး နံနက်၊ ည၊ လက်ဖက်စားဇွန်း(၁)ဇွန်း စားပေးပါက ပန်းနာအမြစ် ပြတ်ပါသည်။

လေးဘက်နာ –

ပဉ္စ(၅)ပါးအား အိုးကြီးတွင်ပြုတ်၍ ရေချိုးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

အနာစိမ်း၊ မွေးကျွတ်နာ –

အရွက်ကို မီးကင်ပြီး ကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းပါသည်။

မုရိုးခေါ် ငဖြူကြီးပင်မှာ များစွာသော အံ့သြဖွယ် ဆေးအစွမ်းများ ရှိနေပါကြောင်း တင်ပြအပ်ပါသည်။ ဆရာဝန်၊ ပါရဂူ၊ဆေးခန်း၊ သိပ္ပံဆေးဝါးများ ပြသရန် ဝယ်ယူရန် ခက်ခဲသူများအတွက် မုရိုး(ခေါ်)ငဖြူကြီးကို သတိရစေရန် ဖြစ်ပါသည်။

စာကိုး။ နက္ခတ္တရောင်ခြည် (ကင်းအဆိပ်ဘုရင် ငဖြူကြီးပင်(သို့)မုရိုးပင်)မှ ထုတ်နုတ်သည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *