ဗဟုတုသ

စေတာ္ဘယ္ရီယိုကို အိမ္မွာအလြယ္တကူျပဳလုပ္လို႔ရမယ့္နည္းလမ္း

(Zawgyi)

စေတာ္ဘယ္ရီယိုကို အိမ္မွာအလြယ္တကူ ျပဳလုပ္လို႔ရမယ့္ နည္းလမ္း

အိမ္မွာ စေတာ္ဘယ္ရီယိုေလးရွိေနရင္ေတာ့ မနက္စာအတြက္လည္း စိတ္ပူစရာမလိုေတာ့သလို၊ ညဘက္ဗိုက္ဆာတဲ့အခါမွာလည္း စားစရာကို ေထြေထြထူးထူး ရွာေနစရာ မလိုေတာ့ပါဘူး။ ေပါင္မုန႔္ေလးနဲ႔ စားလိုက္ရင္ အဆင္ေျပေနၿပီေလ။ ဒါေၾကာင့္ အိမ္တိုင္းမွာ ေဆာင္ထားသင့္တဲ့ စေတာ္ဘယ္ရီယိုကို အိမ္မွာ အလြယ္တကူ ျပဳလုပ္လို႔ရေအာင္ လုပ္နည္းေလးကိုေျပာျပေပးလိုက္ပါတယ္။

စေတာ္ဘယ္ရီယို ျပဳလုပ္ဖို႔ ပါဝင္ပစၥည္းကလည္း ၃ မ်ိဳးပဲလိုတာပါ။ ဒါေတြကေတာ့ စေတာ္ဘယ္ရီ – ပန္းကန္လုံးအႀကီး တစ္ပန္းကန္စာ၊ သၾကား – ခြက္တစ္ဝက္စာနဲ႔ သံပုယိုသီး – တစ္လုံးပါ။

လုပ္ရမယ့္ ပုံစံကေတာ့ စေတာ္ဘယ္ရီသီးေတြကို လက္နဲ႔ပဲျဖစ္ျဖစ္၊ ဇြန္းနဲ႔ပဲျဖစ္ျဖစ္ ေခ်ေပးၿပီး ဒယ္အိုးထဲကို ထည့္ပါ။ ဒယ္အိုးကို မီးဖိုေပၚတင္ၿပီး မီးဖြင့္လိုက္ပါ။ ၿပီးတာနဲ႔ သံပုယိုသီး တစ္လုံးကို အရည္ညႇစ္ခ်ၿပီး ဇြန္းနဲ႔ေမႊေပးပါ။

အိုးကတည္ထားတာ နည္းနည္းဆူၿပီး အရည္ပ်စ္လာၿပီဆိုရင္ေတာ့ သၾကားထည့္ၿပီး ထပ္ေမႊေပးပါ။ ပြက္ပြက္ဆူလာတဲ့အခါမွာေတာ့ အေပၚမွာတက္ေနတဲ့ အျမႇဳပ္ေတြကို ဖယ္ထုတ္လိုက္ပါ။ ၿပီးမွ ဇြန္းနဲ႔ထပ္ေမႊေပးပါ။

ေမႊၿပီးတဲ့ အခါမွာေတာ့ မီးပိတ္ၿပီး ခဏအေအးခံ ထားလိုက္ပါ။ ေအးသြားတာနဲ႔ ကိုယ္ထည့္ခ်င္တဲ့ ပုလင္းထဲကို ထည့္လို႔ရပါၿပီ။ ပုလင္းအေသးေလးဆိုရင္ေတာ့ ၆ ပုလင္းေလာက္ ရပါလိမ့္မယ္။ ၿပီးရင္ေတာ့ ေရခဲေသတၱာထဲထည့္ၿပီး လိုသလိုယူစားလို႔ ရပါၿပီ။

အျပင္မွာ သြားဝယ္ေနစရာမလိုေအာင္ အိမ္မွာကိုယ္တိုင္ လုပ္မယ္ဆိုရင္ေတာ့ ေငြကုန္ေၾကးက်လည္း သက္သာေစမွာပါ။

Credit – MyFood Myanmar

(Unicode)

စတော်ဘယ်ရီယိုကို အိမ်မှာအလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်း

အိမ်မှာ စတော်ဘယ်ရီယိုလေးရှိနေရင်တော့ မနက်စာအတွက်လည်း စိတ်ပူစရာမလိုတော့သလို၊ ညဘက်ဗိုက်ဆာတဲ့အခါမှာလည်း စားစရာကို ထွေထွေထူးထူး ရှာနေစရာ မလိုတော့ပါဘူး။ ပေါင်မုန့်လေးနဲ့ စားလိုက်ရင် အဆင်ပြေနေပြီလေ။ ဒါကြောင့် အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ စတော်ဘယ်ရီယိုကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရအောင် လုပ်နည်းလေးကိုပြောပြပေးလိုက်ပါတယ်။

စတော်ဘယ်ရီယို ပြုလုပ်ဖို့ ပါဝင်ပစ္စည်းကလည်း ၃ မျိုးပဲလိုတာပါ။ ဒါတွေကတော့ စတော်ဘယ်ရီ – ပန်းကန်လုံးအကြီး တစ်ပန်းကန်စာ၊ သကြား – ခွက်တစ်ဝက်စာနဲ့ သံပုယိုသီး – တစ်လုံးပါ။

လုပ်ရမယ့် ပုံစံကတော့ စတော်ဘယ်ရီသီးတွေကို လက်နဲ့ပဲဖြစ်ဖြစ်၊ ဇွန်းနဲ့ပဲဖြစ်ဖြစ် ချေပေးပြီး ဒယ်အိုးထဲကို ထည့်ပါ။ ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး မီးဖွင့်လိုက်ပါ။ ပြီးတာနဲ့ သံပုယိုသီး တစ်လုံးကို အရည်ညှစ်ချပြီး ဇွန်းနဲ့မွှေပေးပါ။

အိုးကတည်ထားတာ နည်းနည်းဆူပြီး အရည်ပျစ်လာပြီဆိုရင်တော့ သကြားထည့်ပြီး ထပ်မွှေပေးပါ။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ အပေါ်မှာတက်နေတဲ့ အမြှုပ်တွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးမှ ဇွန်းနဲ့ထပ်မွှေပေးပါ။

မွှေပြီးတဲ့ အခါမှာတော့ မီးပိတ်ပြီး ခဏအအေးခံ ထားလိုက်ပါ။ အေးသွားတာနဲ့ ကိုယ်ထည့်ချင်တဲ့ ပုလင်းထဲကို ထည့်လို့ရပါပြီ။ ပုလင်းအသေးလေးဆိုရင်တော့ ၆ ပုလင်းလောက် ရပါလိမ့်မယ်။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး လိုသလိုယူစားလို့ ရပါပြီ။

အပြင်မှာ သွားဝယ်နေစရာမလိုအောင် အိမ်မှာကိုယ်တိုင် လုပ်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျလည်း သက်သာစေမှာပါ။

Credit – MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *