ဗဟုတုသ

ဆီးကျိတ်ကြီးသူတွေအတွက် အစားအစာများ

ဆီးကျိတ်ကြီးသူတွေအတွက် အစားအစာများ

=======================
=======================

အစားအစာ အာဟာရ အများအပြားဟာ ဆီးကျိတ်ကြီးခြင်းကို လျော့နည်းစေနိုင်သလို ပိုများစေနိုင်တာလည်း ရှိပါတယ်။

ဆီးကျိတ်ကြီးခြင်းကို သက်သာစေနိုင်တဲ့ အစားအစာတွေကတော့ –

● အမျှင်ဓာတ်များတဲ့ အစားအစာများ (အလုံးပြည့်ဆန်၊ ပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ)

● ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ (အနီရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံများ၊ ဇင့်ဓာတ်ပါတဲ့ ကြက်ဥ၊ ပင်လယ်စာ အများစု၊ အစေ့အဆံများ)

● Phytoestrogen ဓာတ်ပါဝင်တဲ့ ပဲမျိုးစုံ

● အိုမီဂါ ၃ အဆီဓာတ် ပါဝင်တဲ့ ငါးအများစုနဲ့ အစေ့အဆံများ စတာတွေဖြစ်ပြီး

ဆီးကျိတ်ကြီးသူတွေ ရှောင်ရှားသင့်တဲ့ အစားအစာတွေကတော့ –

● ကဖိန်းဓာတ်

● လူလုပ် အချိုသကြားများ

● အရက်

● နီကိုတင်းဓာတ်

● ကာဗွန်ပါတဲ့ အချိုရည်များ

● ကစီဓာတ်ပါတဲ့ ပြုပြင်ထားတဲ့မုန့်များ

● အနီရောင်အသားများ စတာတွေပဲ ဖြစ်ပါတယ်။

ဒီလိုအစားအသောက်ကို ပြင်ဆင်စားသုံးခြင်းဖြင့် ဖြစ်ပြီးသားလူတွေမှာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်သလို မဖြစ်သေးတဲ့ လူတွေမှာလည်း ဆီးကျိတ်ကြီးခြင်း မဖြစ်ရလေအောင် ကာကွယ်ပေးပါတယ်။

Dr. Emerald

==============

DrMyanmar

Leave a Reply

Your email address will not be published. Required fields are marked *