ဗဟုတုသ

ကုလားပဲ၏ အလှအပရေးရာ ကောင်းကျိုး

ကုလားပဲ၏ အလှအပရေးရာ ကောင်းကျိုး
————————————————-

အရေးကြောင်း ကင်းစေတယ်

ကုလားပဲမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်လို့ အရေပြားဆဲလ်တွေ ဖြစ်ပေါ်မှုကို အားပေးတဲ့အပြင် ဓာတ်တိုးပစ္စည်းတွေ ဖယ်ရှားပေးလို့ အရေးကြောင်း ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ အရေပြားကို အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးပြီး အရေပြားအာ ဟာရဖြစ်စေတဲ့ ဖောလိတ်နဲ့ ဗီတာမင် B တွေ များစွာ ပါဝင်ပါတယ်။ နေလောင်တာနဲ့ အဆိပ်အတောက်တွေကြောင့် အရေပြားပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။

မျက်နှာပေါင်းတင်နိုင်တယ်

ကုလားပဲမှုန့်ကို နနွင်းနဲ့ ရေအနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်ပြုလုပ်ကာ မျက်နှာအနှံ့လိမ်းပေးပါ။ ခြောက်အောင်ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ပေးပါ။ မျက်နှာသန့်စင်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အသားအရောင် မှန်စေပြီး အရေပြား အစိုဓာတ်ကို ထိန်းပေးပါတယ်။

ခရုသင်း ဖြစ်တာကို ကုသနိုင်တယ်

ကုလားပဲကို ရေစွတ်ပြီး အစို့အညှောက် ထွက်လာတဲ့အထိ ထားပါ။ ခရုသင်းရှိသူတွေအနေနဲ့ အဆိုပါ ကုလားပဲကို နေ့စဉ် ချက်ပြုတ် စားသုံးပါ။

မျက်နှာသန့်စင်ပေးတယ်

ကုလားပဲမှုန့်ကို သဘာဝသန့်စင် ပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်။ ကုလားပဲကို ပြုတ်ပြီး ကြေညက်အောင် ချေပါ။ ပြီးနောက် မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့လိမ်းပီး ကြေးချွတ်သန့်စင်နိုင်ပါတယ်။ သက်ကြီးအစက်အပျောက်တွေနဲ့ အညိုရောင်၊ အမည်းရောင်အကွက်တွေကို လျော့ပါး စေပါတယ်။

ပွေးမပေါက်အောင် ကာကွယ်ပေးတယ်

ကုလားပဲကို နေ့စဉ် အစားအစာထဲထည့်ပြီး အနည်းဆုံး တစ်လစားပေးပါ။ အရေပြားမှာ ပွေးပေါက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

မျက်နှာပေါ်ရှိ မလိုအပ်တဲ့ အမွေးအမှင်တွေကို ဖယ်ရှားပေးတယ်

ကုလားပဲကို မျက်နှာပေါ်ရှိ မလိုအပ်တဲ့ အမွေးအမှင်တွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။ ကုလားပဲမှုန့်ကို နနွင်းမှုန့်၊ ရေအနည်းငယ်တို့နဲ့ရောပြီး ခပ်ပျစ်ပျစ်ရအောင် လုပ်ကာ မျက်နှာပေါ် လိမ်းပါ။ ပြီးနောက် Scrub လိမ်းပါ။ ၁၀-၁၅ မိနစ်ထားပြီးမှ ရေနဲ့သန့်စင်ပါ။ နေ့စဉ် တစ်လကြာ ပြုလုပ်ပါ။

ဆံပင်သန်စွမ်းစေတယ်

ကုလားပဲမှာ မဂ္ဂနိစ်နဲ့ ပရိုတင်းတွေ များစွာပါဝင်လို့ နေ့စဉ် စားသုံးပါက ဆံပင် သန်စွမ်းစေတဲ့အပြင် အရွယ်မတိုင်ခင် ဆံပင်ဖြူတာ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ဗောက်ထတာကို ကာကွယ်နိုင်တယ်

ကုလားပဲမှုန့် ခြောက်ဇွန်းကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်ရအောင် ပြုလုပ်ပြီး ဆံသားအနှံ့လိမ်းကာ ညင်သာစွာ နှိပ်နယ် ပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေနဲ့ သန့်စင်ပေးပါ။ မှိုပိုးကူးစက်မှုကို လျော့နည်းစေပြီး ဗောက်တွေ ကင်းစင်စေပါ တယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Credit to Yatanarpon

Leave a Reply

Your email address will not be published. Required fields are marked *