ဗဟုတုသ

တစ်နေ့ကို ကြက်ဥ၂လုံးစားခြင်းဖြင့် ခန္ဒာကိုယ်အစိတ်အပိုင်းတွေ ဘယ်လိုပြောင်းလဲလာမလဲ

တစ်နေ့ကို ကြက်ဥ၂လုံးစားခြင်းဖြင့် ခန္ဒာကိုယ်အစိတ်အပိုင်းတွေ ဘယ်လိုပြောင်းလဲလာမလဲ

ကြက်ဥကပေးသော ကျန်းမာရေး အက်ျုးကျေးဇူးတွေအများအပြားရှိတာကို ကျွန်ုပ်တို့ ထပ်တလဲလဲကြားဖူးပါတယ်။သို့သော် နေ့စဉ်စားရမယ့်ပမာဏက ၂လုံးကနေ၃လုံးဖြစ်တာကို သိကြသူနည်းပါတယ်။ နေ့စဉ်ပုံမှန်စားခြင်းဖြင့် ဘာတွေပြောင်းလဲလာမလဲဆိုတာကို ဖတ်ကြည့်ကြစို့နော်။

(1)ဦးနှောက်စွမ်းရည်တိုးတက်ခြင်း

ဦးနှောက်ဆဲလ်များကို ဆက်သွယ်စေသော ဖော်စဖိုလစ်ပစ်ခေါ်အဆီများတွင် Choline ဓာတ်ပါဝင်ပါတယ်။ကြက်ဥမှာထိုCholineဓာတ်ပေါများစွာပါရှိပါတယ်။ထိုဓာတ်နည်းပါးပါက မှတ်ဥာဏ်လျော့နည်းလာစေပါတယ်။

(2)အမြင်အာရုံကောင်းစေခြင်း

ကြက်ဥတွင်ပါဝင်သော Luteinဓာတ်က အမြင်အာရုံကို ကောင်းမွန်စေလို့ နေ့စဉ်ကြက်ဥပုံမှန်စားပါက မျက်စိဝေဒနာများ လျော့ပါးလာမှာပါ။

(3)အရိုးများအတွက်အာဟာရ

ကြက်ဥသည် ငါးကြီးဆီကဲ့သို့. Vitamin Dပြည့်ဝစွာပါဝင်ပါတယ်။ အရိုးမှ ကယ်ဆီယမ်စုပ်ယူမှုကိုအားကောင်းစေပါတယ်။

(4)နှလုံးရောဂါကာကွယ်ခြင်း

သုတေသနများအရ ကြက်ဥတွင်ပါဝင်သောကိုလက်စထရောသည် ခန္ဒာကိုယ်က ကိုလက်စထရောထုတ်ခြင်းကိုတားမြစ်ပါတယ်။ထို့အပြင် Omega3အက်ဆစ်ပါလို့ မကောငိးတဲ့အဆီများကိုကျစေပါတယ်။ နှလူံးသွေးကြောကျဉ်းရောဂါများကို ကာကွယ်ပေးပါတယ်။

(6)၀ိတ်ကျစေခြင်း

ကြက်ဥကို ကယ်လိုရီနည်းသော dietဖြင့် တွဲကမနက်စာစားသုံးခြင်းဖြင့် ၀ိတ်ကျခြင်းကို၂ဆမြန်စေကြောင်း
သိပ္ပံပညာရှင်များကဆိုပါတယ်။

(7)ကင်ဆာရောဂါကာကွယ်ခြင်း

ကြက်ဥမှာပါသော Cholineက ကင်ဆာရောဂါများကိုကာကွယ်ပေးပါတယ်။နေ့စဉ်စားပါက အမျိုးသမီး ရင်သားကင်ဆာဖြစ်ခြင်းကို 18ရာခိုင်နှုန်းနည်းပါးစေပါတယ်။

(8)ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးတလက်

ကြကိဥမှာပါသော vitamin B9 က သန္ဒေသားရဲ့ ကျောရိုးမကိုအားကောင်းစေတဲ့အပြင် ကလေးဥာဏ်ရည်နိမ့်ခြင်းကိုကာကွယ်ပါတယ်။folic acid ပါဝင်လို့ သန္ဒေသား အာခေါင်ကွဲ နှုတ်ခမ်းကွဲမွေးခြင်းနည်းပါးစေပါတယ်။

(9)အိုမင်းရင့်ရော်ခြင်းကိုလျော့စေခြင်း

အသက် ၃၅နှစ်မှ၄၀ အမျိုးသမီးများ နေ့စဉ်ကြက်ဥစားပါက မျက်နှာအရေးအကြောင်းဖြစ်ခြင်းနှင့် အစက်အပျောက်များကို 87ရာနှုန်းသက်သာစေပါတယ။် အမျိုးသားများတွင်လဲ အလားတူအစွမ်းသက်ရောက်ပါတယ်။

Credit: Daily Hot News

လူတိုင်း အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ဦးစားပေးမှာဖြစ်တဲ့အတွက် ပေ့စ်ထဲကို ၀င်ရောက်လေ့လာပြီး နှစ်သက်တယ်ဆိုရင် အသစ်တင်သမျှ ပို့တိုင်း အရင်ဆုံးတွေ့မြင်နိုင်ဖို့ Like လုပ်ပြီး ★See First★ ပါလုပ်ထားလိုက်နော်..။

အားပေးခြင်းကို လေးလေးစားစား ကျေးဇူးတင်ရှိပါသည်။

#Bahhuthuta #Knowledge

Leave a Reply

Your email address will not be published. Required fields are marked *