ဗဟုတုသ

ကယ်လ်ဆီယမ်၏ အကျိုးကျေးဇူးများ ရစေရန် ဗီတာမင်ဒီ ကူညီ

ကယ်လ်ဆီယမ်၏ အကျိုးကျေးဇူးများ ရစေရန် ဗီတာမင်ဒီ ကူညီ

==================
==================

ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ဓာတ် လိုအပ်သည်ဆိုခြင်းမှာ အာရုံစိုက်မှုအများအပြား ရရှိသော်လည်း ယင်းနှင့်တွဲဖက်နေသော ဗီတာမင်ဒီ မပါဘဲနှင့် ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ဓာတ်ကို အသုံး မပြုနိုင်ဟု အမေရိကန်အရိုးအထူးကု ဆရာဝန်များအဖွဲ့က ပြော ကြားသည်။

လူကြီးများသည် တစ်နေ့လျှင် ကယ်လ်ဆီယမ် ၁၀၀၀ မီလီ ဂရမ် လိုအပ်သည်။ အရိုးကျန်းမာရေးကို အကောင်းဆုံးပံ့ပိုးပေးရန် ဗီတာမင်ဒီဓာတ်ကို နေ့စဉ်နိုင်ငံတကာယူနစ် (IU) ၆၀၀ မှ ၄၀၀၀ အထိ လိုအပ်သည်ဟု ထောက်ခံအကြံပြုသည်။

သင်၏ အစားအသောက်တွင် အရေးပါသော အစားအစာများ ထည့်သွင်းစားသုံးခြင်းဖြင့် ယင်းအာဟာရဓာတ်နှစ်မျိုးစလုံး ရရှိနိုင် သည်။ ဆယ်လ်မွန်ငါး၊ ဆာဒင်းနှင့် တူနာ စသော အဆီများသည့် ငါးများတွင် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီ နှစ်မျိုးစလုံး ပါဝင်သည်။

ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများအတွက် အဆီ ထုတ်ထားသော နွားနို့၊ ဒိန်ချဉ်၊ ပန်းဂေါ်ဖီစိမ်းနှင့် အခြားအရွက်များ များပါသော ဟင်းသီးဟင်းရွက်များကို ရွေးချယ်သင့်သည်။

ဗီတာမင်ဒီကို နွားနို့များတွင် အားဖြည့်ထားတတ်သည်။ သို့ သော် ဗီတာမင်ဒီသည် အစားအစာအများအပြားတွင် သဘာဝအ တိုင်း ပါဝင်နေသည်။ အနီးစပ်ဆုံးသည် ကြက်ဥအနှစ်ဖြစ်သည်။

နေရောင်ခြည်ဖြင့် ထိတွေ့ခြင်းဖြင့်လည်း ခန္ဓာကိုယ်မှ ဗီတာ မင်ဒီ ဓာတ်ရရှိနိုင်သည်။ သို့သော် အရေပြားကင်ဆာဖြစ်နိုင်သော အန္တရာယ်ကို ရှောင်ရှားနိုင်ရန် ဂရုတစိုက်နေပူဆာလှုံသင့်သည်။

ယခုအခါ အစားအစာများစွာတွင် ကယ်လ်ဆီယမ်နှင့် ဗီတာ မင်ဒီ နှစ်မျိုးစလုံး ဖြည့်စွက်ထားတတ်သည်။

သို့သော် ယင်းအာဟာရဓာတ် ပါဝင်မှုများသည် ပစ္စည်းအမျိုး အစားနှင့် အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားတတ်ပြီး အာဟာ ရတန်ဖိုး မည်မျှပါဝင်ကြောင်း ဖော်ပြထားသော စာသားများကို ဂရု စိုက် ဖတ်ရှုရန် အရေးကြီးသည်။

—Ref: UPI

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *