အဆီပြန်တဲ့ အသားအရေအတွက် နနွင်းနဲ့ ပေါင်းတင်နည်း
=================================
မင်္ဂလာပါနော်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အဆီပြန်လို့စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။
ပုံမှန်အသားအရေတောင်မှ နွေရာသီဆို အဆီပြန်လို့ သိပ်စိတ်ညစ်ရပါတယ်။ အခုလို အဆီပြန်နေတဲ့ သင့်ရဲ့ အသားအရေကို နနွင်းမှုန့်ကို သုံးပြီး ဖြေရှင်းလိုက်ပါ။
ပါဝင်ပစ္စည်း
နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်
သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို ခွက်တစ်လုံးထဲမှာ သေချာရောလိုက်ပါ။
ပြီးရင် ဇွန်းနဲ့ သေချာလေးမွေပေးပြီး မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပေးလိုက်ပါ။
အဆီပြန်တဲ့ အသားအရေအတွက် နနွင်းနဲ့ ပေါင်းတင်နည်း
အဲဒီနောက် ၅ မိနစ်မှ ၁၀ မိနစ်အထိထားပြီး ရေဆေးချလိုက်ပါ။ ပြီးရင်ေ ခြာက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။
တစ်ပတ်ကို ၃ ကြိမ်လောက်ပြုလုပ်ပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
Leave a Reply