ဗဟုတုသ

မစားသင့်တဲ့ အစားအစာ (၄) မျိုး

မစားသင့်တဲ့ အစားအစာ (၄) မျိုး

==================
==================

တစ်ချို့ အစားအစာတွေက နည်းနည်းမစားဘဲ အလွန်အကျွံကြီး မဟားတယား စားမိတာကြောင့် ဒုက္ခရောက်ကြရတာကြောင့်ပါ။ အများကြီးမဟုတ်ဘဲ နည်းနည်းလေးစားရင်တောင်မှ ဒုက္ခရောက်နိုင်တဲ့အစားအစာ (၄) မျိုးရှိတာကို သိပါသလား။ ဘာတွေလဲဆိုတာအောက်မှ ဖော်ပြပေးထားပါတယ်။

ပေါက်ပေါက်ဆုပ်

ရှော့ပင်းမောလ်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ ပေါက်ပေါက်တွေနဲ့ ကိုယ့်ဘာသာကို အိမ်က မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီးဖောက်ရတဲ့ ပေါက်ပေါက်ထုပ်တွေကို မစားသင့်ပါဘူး။ ဒီပေါက်ပေါက်ထုပ်တွေကို ထုပ်ထားတဲ့အိပ်တွေမှာ ကင်ဆာနဲ့ သန္ဓေမအောင်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး အသင့်စားပေါက်ပေါက်ထုပ်တွေ ထုတ်လုပ်နေတဲ့ စက်ရုံက အလုပ်သမားတွေက တဖြည်းဖြည်းနဲ့ အဆုတ်ရောဂါနဲ့ အခြားလေပြွန်ကင်ဆာတွေပါ ကျန်းမာရေးထိခိုက်နေကြပါတယ်။ ပေါက်ပေါက်ဆုပ်တွေမှာ ပါဝင်တဲ့အဆီက မသန့်ရှင်းတဲ့အဆီတွေ ဖြစ်နေတာများပြီး ဆိုဒီယမ်တွေလည်း အများအပြားပါဝင်တာကြောင့် မစားသင့်တဲ့အစာထဲမှာပါဝင်ပါတယ်။

သံဘူးအချိုရည်

ုသံဘူးနဲ့ ထည့်ထားတဲ့ အချိုရည်မှန်သမျှကတော့ အဆိုးဆုံးလို့ပြောလို့ ရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ Diet Soda ရှိတယ်ဆိုပေမယ့်လည်း Diet Soda ကိုပါ မသောက်ရင် အကောင်းဆုံးပါပဲ။

အာလူးကြော်

မသန့်ရှင်းတဲ့အဆီတွေနဲ့ ဆိုဒီယမ်တွေပါဝင်တာများတာကြောင့် အာလူးကြော်ထုပ်တွေကလည်း မသန့်ရှင်းတဲ့အစားအစာတွေထဲမှာ ပါဝင်နေပါတယ်။ တစ်ထုပ်တည်းစားတာတောင် တစ်နေကုန်စားသင့်တဲ့ အာဟာရနဲ့ အဆီထက် ပိုနေတတ်ပါတယ်။

နို့ဘူး

နွားမဆီကနေ တိုက်ရိုက်ညှစ်ထားတာကတော့ စိတ်အချရဆုံးပါပဲ။ နွားနို့စစ်စစ် ကို ပြောချင်တာပါ။ ဒါတောင်မှ နွားပိုင်ရှင်တွေက နွားမတွေ နို့ထွက်ကောင်းအောင်ဆိုပြီး ဟော်မုန်းတွေ ကျွေးလေ့ရှိပါတယ်။ ဒီလို ဆေးကျွေးခံထားရတဲ့ နွားမဆီက ညှစ်ရတဲ့နွားနို့ဆိုရင်လည်း မသောက်သင့်ပါဘူး။ သူတို့ကျွေးတဲ့ ဟော်မုန်းက တခြား အိုင်ဂျီအက်ဖ် ဝမ်း (IGF-1) လို့ ခေါ်တဲ့ လူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဟော်မုန်းကို မြင့်တက်စေလို့ ရောဂါဘယတိုးပွားလာစေနိုင်ပါတယ်။

Source : HealthyLiving

===========

Duwun

Leave a Reply

Your email address will not be published. Required fields are marked *