ဗဟုတုသ

မြန်မြန်အိပ်ပျော်စေမယ့် နည်းလမ်း (၅) ခု

မြန်မြန်အိပ်ပျော်စေမယ့် နည်းလမ်း (၅) ခု

==================
==================

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊ အိပ်ပျော်ဖို့ ခက်ခဲခြင်းနဲ့ အိပ်ရေးမဝခြင်းတွေဟာ သင့်ရဲ့ ကျန်းမာရေးတွေကို အလွန်ဒုက္ခပေးတဲ့ အရာတွေပါ။ ကောင်းစွာအိပ်စက်နိုင်မှု မရှိခြင်းရဲ့ နောက်ကွယ်မှာ အလုပ်မလုပ်နိုင်ခြင်း၊ မှတ်ဥာဏ်မကောင်းတော့ခြင်းနဲ့ လိင်မှုရေးရာ ဘဝကိုပါ ထိခိုက်လာစေတတ်ပါတယ်။ အိပ်ယာထဲဝင်လိုက်တာနဲ့ ခပ်မြန်မြန် အိပ်ပျော်စေမယ့် နည်းလမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ယာဝင် တီးလုံးတွေ စုထားပါ

အိပ်ယာဝင်ချိန်မှာ နားထောင်လို့ရတဲ့ တီးလုံးတွေကို အွန်လိုင်းမှာ အလွယ်တကူ ရှာလို့ရပါတယ်။ လှိုင်းပုတ်သံတွေ၊ လေတိုး သံတွေ၊ စမ်းချောင်းသံတွေ စသဖြင့် သာယာနာပျော်ဖွယ် ကောင်းတဲ့ အသံတွေကို နားကျပ်နဲ့နားထောင်ပြီး အိပ်ကြည့်ပါ။

အကြောဖြေပါ

လေ့ကျင့်ခန်း လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခြေထောက်နှစ်ဖက်ကို ပွတ်သပ်တာမျိုးကစလို့ ခန္ဓာကိုယ်တလျှောက် ပွတ်သပ်တာက အကြောပြေသွားစေပါတယ်။ ဒါဆို မြန်မြန်အိပ်ပျော်လွယ်ပါတယ်။

အချိန်ဇယားလုပ်ထားပါ

နေ့စဉ် ကော်ဖီဘယ်နှစ်ခွက်သောက်မယ်။ ဘယ်အချိန်အိပ်မယ်။ ဘယ်လောက်ကြာကြာ အိပ်မယ်ဆိုတာမျိုးတွေကို မှတ်သားပြီး စာရင်းပြုစုထားပါ။ ရက်နည်းနည်းကြာလာတဲ့အခါ စာအုပ်ထဲက သင့်ရဲ့အိပ်ယာဝင်ချိန်အတိုင်း အိပ်ဖြစ်သွားပါလိမ့်မယ်။

စိတ်မဝင်စားတဲ့ စာအုပ်ဖတ်ပါ

ကိုယ့်ရဲ့ အကြိုက်မျိုးမဟုတ်တဲ့ ဒါမှမဟုတ် ကိုယ်ဖတ်ရမှာပျင်းတဲ့ စာအုပ်မျိုးတွေ ဖတ်ကြည့်ပါ။ ခဏကြာရင် သင့်မျက်ခွံတွေက အရှုံးပေးသွားပါလိမ့်မယ်။

နံပတ်စဉ် ရေတွက်ပါ

နံပတ်စဉ် ၁ ကနေသာ စပြီး ရေတွက်လိုက်ပါ။ ဘယ်လောက်အထိဆိုတာ သိပ်ပြီး စိတ်ထဲ မထားပါနဲ့။ တစ်ထောင်ဖြစ်ဖြစ် နှစ် ထောင်ဖြစ်ဖြစ်ပေါ့။ တရားမှတ်သလိုပါပဲ။

ှSource & Photos : health.com

===========

Duwun

Leave a Reply

Your email address will not be published. Required fields are marked *