ဗဟုတုသ

ကြက်ဥ အဖြူ နဲ့ အညို ဘယ်ဟာပိုကောင်းပါသလဲ

ကြက်ဥ အဖြူ နဲ့ အညို ဘယ်ဟာပိုကောင်းပါသလဲ

=======================
=======================

လူတွေအများအားဖြင့် ကြက်ဥဆိုရင် ကိုယ်ဝယ်နေကျအရောင်ကိုပဲ ပိုကောင်းတယ်လို့ မြင်ကြပါတယ်။ တချို့က အညိုရောင်အဆင်းရှိတဲ့ ကြက်ဥက ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်တယ် အာရဓါတ်ပိုရှိတယ်လို့ မြင်ကြပါတယ်။ ကြက်ဥအဖြူကိုတော့ သိပ်ပြီးမကြိုက်ကြပါဘူး။

ကြက်ဥအရောင်က အရသာမှာ ကြီးကြီးမားမား ကွဲပြားပါသလား။

ဘယ် ကြက်ဥက ပိုကောင်းပါသလဲ။ မကြာသေးမှီက လေ့လာတွေ့ရှိမှုအရ ကြက်ဥအခွံရဲ့ အရောင်ဟာ ကြက်ဥရဲ့ အဟာရဓါတ်နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ အရသာပေါ်မှာကော သက်ရောက်မှုမရှိပါဘူး။ ဒါဆိုဘာလို့ ကြက်ဥအညိုက ဈေးပိုများနေရပါသလဲ။

အဖြေကတော့ ရိုးရှင်းပါတယ်။

ကြက်ဥ အညိုက အဖြူထက် ပိုကြီးလို့ပါ။ ကြက်ဥအညိုရောင်ကို ဥတဲ့ ကြက်တွေဟာ အစာပိုကျွေးရပြီး ပိုဂရုစိုက်ရပါတယ်တဲ့။ ဒါ့အပြင် ၀ယ်လိုအားကောင်းလို့ စီးပွားရေး ရင်းနှီးမြုပ်နှံသူတွေကလည်း ကြက်ဥအ၀ါ ဥတဲ့ ကြက်မတွေကိုပဲ အဓိကမွေးမြူကြပါတယ်။

ဘယ်ကြက်ဥက အကောာင်းဆုံးလဲ

ဝယ်ယူသူအများစုက အရင်က ၀ယ်ယူခဲ့တဲ့ ကြက်ဥကိုပဲ စွဲပြီးဝယ်ယူလေ့ရှိပါတယ်။ အညိုရောင် ဥ ဥတဲ့ ကြက်မက ပိုပြီး ဂရုစိုက်ရလို့ အရောင်ပိုလှပါတယ်။ ဘာပဲဖြစ်ဖြစ် အရောင်ပဲ ခြားနားပေမဲ့ ဘယ်ကြက်ဥအရောင်က ဘယ်ကြက်ဥအရောင်ထက် ပိုကောင်းတာမဟုတ်ပါဘူး။

==============

MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *