ပိန္းဥ၏ လူသိနည္းေသာ အစြမ္းထက္ပံုမ်ား

(Zawgyi)

ပိန္းဥအစြမ္း

ပိန္းဥ၏ဂုဏ္သတၲိမွာ သာမန္ျဖစ္၏။ အရသာမွာ ခ်ိဳ၏။ သရက္ရြက္၊ အစာအိမ္၊ အူမႀကီးတို႔ကို ေကာင္းက်ိဳးမ်ားစြာ ေပးႏိုင္၏။

စားသံုးသင့္သူမ်ား

ပိန္းဥကို သာမန္လူတိုင္း စားရန္ သင့္ေလ်ာ္ပါသည္။ အထူးသျဖင့္ ပိန္းဥကို ခႏၶာကိုယ္အားနည္းသူမ်ား စားေပးရန္ ပိုသင့္ေလ်ာ္ပါသည္။ အစာမေၾက ျဖစ္တတ္သူမ်ားလည္း စားေပးရန္ သင့္ေလ်ာ္ပါသည္။

မစားသံုးသင့္သူမ်ား

ပိန္းဥကို အလာဂ်ီျဖစ္တတ္သူ၊ ခႏၶာကိုယ္ ေရာင္ရမ္းတတ္သူ၊ ပန္းနာေရာဂါသည္မ်ား မစားသင့္ပါ။ အစာအိမ္ေအာင့္တတ္သူ၊ ဆီးခ်ိဳေရာဂါသည္မ်ား ေလွ်ာ့စားေပးသင့္ပါသည္။

ပါဝင္ေသာဓာတ္မ်ား

ပိန္းဥထဲတြင္ ပ႐ိုတင္းဓာတ္၊ ဆယ္လူလို႔စ္ဓာတ္၊ ကာဗိုဟိုက္ဒရိတ္ဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္ဘီ ဝမ္း၊ ဘီတာမင္ဘီတူး၊ ဗီတာမင္ B6 ၊ ေဖာလစ္အက္ဆစ္၊ ပိုတက္ဆီယမ္၊ ဆိုဒီယမ္၊ ကယ္လ္ဆီယမ္၊ ဇင့္ဓာတ္၊ သံဓာတ္၊ မဂၢနီဆီယမ္၊ မဂၢနိစ္ဓာတ္၊ ေၾကးဓာတ္၊ မီးစုန္းဓာတ္၊ ဆီလီနီယမ္ (ကန္႔ညိဳ) ဓာတ္တို႔ ျပည့္ဝစြာ ပါသည္။

ေကာင္းက်ိဳး

ပိန္းဥကို စားေပးပါက ခႏၶာကိုယ္အတြင္း ေရာဂါျပီးဓာတ္ကို တိုးပြားေစမည္။ ကင္ဆာကို ႀကိဳတင္ ကာကြယ္ေပးႏိုင္သည္။ သြားမ်ားကို ကာကြယ္ေပးႏိုင္သည္။ ခြဲစိတ္ၿပီး လူနာမ်ားကိုလည္း အျမန္ဆံုး ေကာင္းမြန္သက္သာေစႏိုင္မည္။

ပိန္းဥကို မၾကာခဏစားေပးပါက လွပေစ၍ ဆံေကသာကို နက္ေမွာင္သန္စြမ္းေစႏိုင္သည္။ အစာအိမ္ အခ်ဥ္ေပါက္ျခင္း မျဖစ္ေစရန္ ကာကြယ္ကုသေပးႏိုင္သည္။ ေသြးေလကို ေကာင္းေစမည္။ ခႏၶာကိုယ္ကို အားျဖည့္ေပးႏိုင္မည္။

တ႐ုတ္တိုင္းရင္းေဆးသမားေတာ္မ်ားကမူ ခႏၶာကိုယ္ အားအင္ခ်ည့္နဲ႔ေနသူမ်ားကို ပိန္းဥစားေပးရန္ လမ္းၫႊန္ၾကသည္။ ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္လာမည့္ ေရာဂါမ်ားကိုလည္း ခုခံကာကြယ္ေပးႏိုင္သည္။ ျမင္းဖုေရာဂါကိုလည္း မျဖစ္ေစရန္ ကာကြယ္ေပးႏိုင္သည္။ ပိန္းဥထဲတြင္ အပူပမာဏပါဝင္မႈ အေတာ္ေလး နည္းေသာေၾကာင့္ အဆီခ်ေပးေသာ အစားအစာအျဖစ္ စားသံုးေပးႏိုင္သည္။ ပိန္းဥထဲတြင္ အာဟာရဓာတ္ပါဝင္မႈ တန္ဖိုး အလြန္ျမင့္မားပါသည္။ ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္ ပိန္းဥကို ေဆးအျဖစ္လည္း အသံုးျပဳၾကသည္။ ဝမ္းပ်က္ျခင္းကို ေကာင္းမြန္ေစရန္ ကုသႏိုင္သည္။ ပိန္းဥထဲတြင္ ဆယ္လူလို႔စ္ဓာတ္ပါဝင္မႈမ်ားေသာေၾကာင့္ အူမႀကီးကို စိုစြတ္ေစ၍ ဝမ္းကို မွန္ေစႏိုင္သည္။ ဝမ္းခ်ဳပ္ျခင္းမျဖစ္ေစရန္ ကာကြယ္ေပးႏိုင္သည္။

ပိန္းဥထဲတြင္ ပိုတက္ဆီယမ္ဓာတ္ပါဝင္မႈ ျမင့္ မားေသာေၾကာင့္ ဖိအားကို က်ေစႏိုင္သည္။ ေန႔စဥ္စားေပးပါက ေသြးတိုးေရာဂါကို ထိန္းခ်ဳပ္ေပးႏိုင္သည္။ ပိန္းဥစားေပးျခင္းျဖင့္ သရက္ရြက္ကို က်န္းမာေစႏိုင္သည္။ ေရငတ္ေျပေစႏိုင္သည္။ အဆိပ္မိျခင္း၊ ၾကက္မ်က္သင့္ေရာဂါတို႔အတြက္ ေကာင္းေစႏိုင္သည္။ အသည္းႏွင့္ေက်ာက္ကပ္ကိုလည္း ေကာင္းက်ိဳးမ်ား ေပးႏိုင္မည္။ အူမႀကီးကိုလည္း က်ယ္ေစႏိုင္သည္။ အိပ္ေရးပ်က္ျခင္းကို ေကာင္းမြန္ေစရန္ ျပဳျပင္ေပးႏိုင္သည္။ ပိန္းဥကို အသက္ႀကီးသူမ်ား မ်ားမ်ားစားေပးသင့္သည္။

သတိေပးခ်က္-

ပိန္းဥကို အစိမ္းမစားသင့္ပါ။

ေရြးဝယ္ျခင္း-

ပိန္းဥကို ဝယ္မည္ဆိုပါက ပိန္းဥေပၚတြင္ အနာ၊ အမည္းစက္မ်ား မပါေသာ ပိန္းဥကိုသာ ေရြးဝယ္ပါ။

သိမ္းဆည္းျခင္း-

ပိန္းဥကို ေျခာက္ေသြ႕ေအးျမေသာေနရာတြင္ ထား၍ သိမ္းဆည္းမည္ဆိုပါက ၃ ရက္မွ ၅ ရက္ အတြင္း အထားခံပါမည္။ ေရခဲေသတၲာထဲသို႔ ပိန္းဥကို ထည့္မသိမ္းသင့္ပါ။ ၅ ရက္ထက္ပို၍ ရက္ၾကာၾကာ မသိမ္းထားသင့္ပါ။ ပိန္းဥကို အခ်ိန္ၾကာၾကာ သိမ္းထားလွ်င္ ပုပ္သိုးလြယ္တတ္သည္။

တြဲဖက္စားသင္႕ေသာ-

၁။ ပိန္းဥ၊ ဘဲသား

ပိန္းဥထဲတြင္ ေဖာလစ္အက္ဆစ္ဓာတ္ပါ၏။ ဘဲသားထဲတြင္ ဗီတာမင္ B12 ဓာတ္ပါ၏။ ႏွစ္ခုတြဲစားလွ်င္ ေသြးအတြင္းသို႔ အာဟာရဓာတ္မ်ားကို ပို႔ေပးႏိုင္သည္။ ေသြးအားနည္းျခင္းကို ႀကိဳတင္ကာကြယ္ေပးသည္။ အထူးသျဖင့္ ကေလးမ်ားကို ဖြံ႕ၿဖိဳးလာေစရန္ ကူညီေပးႏိုင္ပါသည္။ ထို႔ေၾကာင့္ ပိန္းဥႏွင့္ ဘဲသားတြဲစားေပးသင့္သည္။

၂။ ပိန္းဥ၊ သၾကား။

ပိန္းဥႏွင့္ သၾကားတြဲစားပါက ေသြးအတြင္းသို႔ အာဟာရဓာတ္မ်ားကို ပို႔ေပးႏိုင္သည္။ စိတ္ကို တည္ၿငိမ္ေစမည္။ လွပေစႏိုင္ပါသည္။

၃။ အမဲသား၊ ပိန္းဥ။

ပိန္းဥႏွင့္ အမဲသားတို႔ အတူတြဲစားေပးသင့္သည္။ တြဲစားေပးပါက ဝမ္းခ်ဳပ္ျခင္းကို ေကာင္းမြန္ေစရန္ ကုသေပးႏိုင္သည္။ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏိုင္သည္။ ပ႐ိုတင္းဓာတ္ကို ျပည့္ဝေစရန္ ျပဳလုပ္ ေပးႏိုင္သည္။

တြဲဖက္မစားသင္႕ေသာ-

၁။ ငွက္ေပ်ာသီး၊ ပိန္းဥ။

ငွက္ေပ်ာသီးႏွင့္ ပိန္းဥကို အတူတြဲမစားသင့္ပါ။ တြဲစားမိပါက အူမႀကီးအတြက္ မသင့္ေလ်ာ္ပါ။ ဗိုက္ေအာင့္တတ္မည္။ ထို႔ေၾကာင့္ အတူတြဲမစားမိေစရန္ ေရွာင္ရမည္။

ပိန္းဥဓာတ္စာမ်ား-

၁။ ပိန္းဥေပါင္း

ပိန္းဥကို ေရစင္ေအာင္ ေဆးပါ။ ၄င္းေနာက္ ေပါင္းမည့္အိုးထဲသို႔ ထည့္၍ ေပါင္းလိုက္ပါ။ က်က္ပါက ပိန္းဥအခြံကို ႏႊာ၍ သၾကားအနည္းငယ္ျဖင့္ တို႔စားပါ။ ဤဓာတ္စာကို စားေပးပါက စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစမည္။ ေသြးကိုေကာင္းေစမည္။ အာဟာရဓာတ္မ်ားကို ျဖည့္ေပးႏိုင္မည္။

၂။ ဝက္နံ႐ိုး၊ ပိန္းဥခ်က္

ပါဝင္ပစၥည္း။

ဝက္နံ႐ိုး၊ ပိန္းဥ၊ ၾကက္သြန္ျဖဴ၊ ဆီေမႊး၊ ဆား အနည္းငယ္

ျပဳလုပ္နည္း။

ဝက္နံ႐ိုးကို ေရစင္ေအာင္ေဆး၍ အတံုးမ်ား ျဖစ္ေစရန္ ခုတ္ထားပါ။ ဆီေမႊး၊ ဆားအနည္းငယ္ျဖင့္ ဝက္နံ႐ိုးကို နယ္ကာ ၁၀ မိနစ္ခန္႔ ႏွပ္ေပးထားပါ။ အိုးအတြင္းသို႔ ဆီအနည္းငယ္ ထည့္၍ ဝက္နံ႐ိုး ထည့္ေၾကာ္ကာ ျပန္ဆယ္ထားပါ။ ပိန္းဥကို အခြံႏႊာ၍ အတံုးတံုးကာ ဆီျဖင့္ ခဏလွိမ့္လိုက္ပါ။ ၄င္းေနာက္ ေၾကာ္ထားေသာ ဝက္နံ႐ိုးကို ထည့္ပါ။ ေရသန္႔ထည့္ပါ။ မိနစ္ ၂၀ခန္႔ တည္ေပးပါ။ က်က္ပါက စားသံုးႏိုင္ပါသည္။

ေကာင္းက်ိဳး။

ဤဟင္းလ်ာကို စားပါက ဝမ္းကို အလြယ္တကူ သြားေစႏိုင္မည္။ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏိုင္မည္။ အာဟာရဓာတ္တို႔ကိုလည္း ရရွိႏိုင္မည္ ျဖစ္သည္။

Author – ယမံုေအး(စမ္းေခ်ာင္း)

Ref : China Internet

(Unicode)

ပိန်းဥအစွမ်း

ပိန်းဥ၏ဂုဏ်သတ္တိမှာ သာမန်ဖြစ်၏။ အရသာမှာ ချို၏။ သရက်ရွက်၊ အစာအိမ်၊ အူမကြီးတို့ကို ကောင်းကျိုးများစွာ ပေးနိုင်၏။

စားသုံးသင့်သူများ

ပိန်းဥကို သာမန်လူတိုင်း စားရန် သင့်လျော်ပါသည်။ အထူးသဖြင့် ပိန်းဥကို ခန္ဓာကိုယ်အားနည်းသူများ စားပေးရန် ပိုသင့်လျော်ပါသည်။ အစာမကြေ ဖြစ်တတ်သူများလည်း စားပေးရန် သင့်လျော်ပါသည်။

မစားသုံးသင့်သူများ

ပိန်းဥကို အလာဂျီဖြစ်တတ်သူ၊ ခန္ဓာကိုယ် ရောင်ရမ်းတတ်သူ၊ ပန်းနာရောဂါသည်များ မစားသင့်ပါ။ အစာအိမ်အောင့်တတ်သူ၊ ဆီးချိုရောဂါသည်များ လျှော့စားပေးသင့်ပါသည်။

ပါဝင်သောဓာတ်များ

ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ ဆယ်လူလို့စ်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ ဝမ်း၊ ဘီတာမင်ဘီတူး၊ ဗီတာမင် B6 ၊ ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ဇင့်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်ဓာတ်၊ ကြေးဓာတ်၊ မီးစုန်းဓာတ်၊ ဆီလီနီယမ် (ကန့်ညို) ဓာတ်တို့ ပြည့်ဝစွာ ပါသည်။

ကောင်းကျိုး

ပိန်းဥကို စားပေးပါက ခန္ဓာကိုယ်အတွင်း ရောဂါ ပြီးဓာတ်ကို တိုးပွားစေမည်။ ကင်ဆာကို ကြိုတင် ကာကွယ်ပေးနိုင်သည်။ သွားများကို ကာကွယ်ပေးနိုင်သည်။ ခွဲစိတ်ပြီး လူနာများကိုလည်း အမြန်ဆုံး ကောင်းမွန်သက်သာစေနိုင်မည်။

ပိန်းဥကို မကြာခဏစားပေးပါက လှပစေ၍ ဆံကေသာကို နက်မှောင်သန်စွမ်းစေနိုင်သည်။ အစာအိမ် အချဉ်ပေါက်ခြင်း မဖြစ်စေရန် ကာကွယ်ကုသပေးနိုင်သည်။ သွေးလေကို ကောင်းစေမည်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်မည်။

တရုတ်တိုင်းရင်းဆေးသမားတော်များကမူ ခန္ဓာကိုယ် အားအင်ချည့်နဲ့နေသူများကို ပိန်းဥစားပေးရန် လမ်းညွှန်ကြသည်။ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာမည့် ရောဂါများကိုလည်း ခုခံကာကွယ်ပေးနိုင်သည်။ မြင်းဖုရောဂါကိုလည်း မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ ပိန်းဥထဲတွင် အပူပမာဏပါဝင်မှု အတော်လေး နည်းသောကြောင့် အဆီချပေးသော အစားအစာအဖြစ် စားသုံးပေးနိုင်သည်။ ပိန်းဥထဲတွင် အာဟာရဓာတ်ပါဝင်မှု တန်ဖိုး အလွန်မြင့်မားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် ပိန်းဥကို ဆေးအဖြစ်လည်း အသုံးပြုကြသည်။ ဝမ်းပျက်ခြင်းကို ကောင်းမွန်စေရန် ကုသနိုင်သည်။ ပိန်းဥထဲတွင် ဆယ်လူလို့စ်ဓာတ်ပါဝင်မှုများသောကြောင့် အူမကြီးကို စိုစွတ်စေ၍ ဝမ်းကို မှန်စေနိုင်သည်။ ဝမ်းချုပ်ခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

ပိန်းဥထဲတွင် ပိုတက်ဆီယမ်ဓာတ်ပါဝင်မှု မြင့် မားသောကြောင့် ဖိအားကို ကျစေနိုင်သည်။ နေ့စဉ်စားပေးပါက သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်သည်။ ပိန်းဥစားပေးခြင်းဖြင့် သရက်ရွက်ကို ကျန်းမာစေနိုင်သည်။ ရေငတ်ပြေစေနိုင်သည်။ အဆိပ်မိခြင်း၊ ကြက်မျက်သင့်ရောဂါတို့အတွက် ကောင်းစေနိုင်သည်။ အသည်းနှင့်ကျောက်ကပ်ကိုလည်း ကောင်းကျိုးများ ပေးနိုင်မည်။ အူမကြီးကိုလည်း ကျယ်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်သည်။ ပိန်းဥကို အသက်ကြီးသူများ များများစားပေးသင့်သည်။

သတိပေးချက်-

ပိန်းဥကို အစိမ်းမစားသင့်ပါ။

ရွေးဝယ်ခြင်း-

ပိန်းဥကို ဝယ်မည်ဆိုပါက ပိန်းဥပေါ်တွင် အနာ၊ အမည်းစက်များ မပါသော ပိန်းဥကိုသာ ရွေးဝယ်ပါ။

သိမ်းဆည်းခြင်း-

ပိန်းဥကို ခြောက်သွေ့အေးမြသောနေရာတွင် ထား၍ သိမ်းဆည်းမည်ဆိုပါက ၃ ရက်မှ ၅ ရက် အတွင်း အထားခံပါမည်။ ရေခဲသေတ္တာထဲသို့ ပိန်းဥကို ထည့်မသိမ်းသင့်ပါ။ ၅ ရက်ထက်ပို၍ ရက်ကြာကြာ မသိမ်းထားသင့်ပါ။ ပိန်းဥကို အချိန်ကြာကြာ သိမ်းထားလျှင် ပုပ်သိုးလွယ်တတ်သည်။

တွဲဖက်စားသင့်သော-

၁။ ပိန်းဥ၊ ဘဲသား

ပိန်းဥထဲတွင် ဖောလစ်အက်ဆစ်ဓာတ်ပါ၏။ ဘဲသားထဲတွင် ဗီတာမင် B12 ဓာတ်ပါ၏။ နှစ်ခုတွဲစားလျှင် သွေးအတွင်းသို့ အာဟာရဓာတ်များကို ပို့ပေးနိုင်သည်။ သွေးအားနည်းခြင်းကို ကြိုတင်ကာကွယ်ပေးသည်။ အထူးသဖြင့် ကလေးများကို ဖွံ့ဖြိုးလာစေရန် ကူညီပေးနိုင်ပါသည်။ ထို့ကြောင့် ပိန်းဥနှင့် ဘဲသားတွဲစားပေးသင့်သည်။

၂။ ပိန်းဥ၊ သကြား။

ပိန်းဥနှင့် သကြားတွဲစားပါက သွေးအတွင်းသို့ အာဟာရဓာတ်များကို ပို့ပေးနိုင်သည်။ စိတ်ကို တည်ငြိမ်စေမည်။ လှပစေနိုင်ပါသည်။

၃။ အမဲသား၊ ပိန်းဥ။

ပိန်းဥနှင့် အမဲသားတို့ အတူတွဲစားပေးသင့်သည်။ တွဲစားပေးပါက ဝမ်းချုပ်ခြင်းကို ကောင်းမွန်စေရန် ကုသပေးနိုင်သည်။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်သည်။ ပရိုတင်းဓာတ်ကို ပြည့်ဝစေရန် ပြုလုပ် ပေးနိုင်သည်။

တွဲဖက်မစားသင့်သော-

၁။ ငှက်ပျောသီး၊ ပိန်းဥ။

ငှက်ပျောသီးနှင့် ပိန်းဥကို အတူတွဲမစားသင့်ပါ။ တွဲစားမိပါက အူမကြီးအတွက် မသင့်လျော်ပါ။ ဗိုက်အောင့်တတ်မည်။ ထို့ကြောင့် အတူတွဲမစားမိစေရန် ရှောင်ရမည်။

ပိန်းဥဓာတ်စာများ-

၁။ ပိန်းဥပေါင်း

ပိန်းဥကို ရေစင်အောင် ဆေးပါ။ ၎င်းနောက် ပေါင်းမည့်အိုးထဲသို့ ထည့်၍ ပေါင်းလိုက်ပါ။ ကျက်ပါက ပိန်းဥအခွံကို နွှာ၍ သကြားအနည်းငယ်ဖြင့် တို့စားပါ။ ဤဓာတ်စာကို စားပေးပါက စိတ်ကို တည်ငြိမ်အေးချမ်းစေမည်။ သွေးကိုကောင်းစေမည်။ အာဟာရဓာတ်များကို ဖြည့်ပေးနိုင်မည်။

၂။ ဝက်နံရိုး၊ ပိန်းဥချက်

ပါဝင်ပစ္စည်း။

ဝက်နံရိုး၊ ပိန်းဥ၊ ကြက်သွန်ဖြူ၊ ဆီမွှေး၊ ဆား အနည်းငယ်

ပြုလုပ်နည်း။

ဝက်နံရိုးကို ရေစင်အောင်ဆေး၍ အတုံးများ ဖြစ်စေရန် ခုတ်ထားပါ။ ဆီမွှေး၊ ဆားအနည်းငယ်ဖြင့် ဝက်နံရိုးကို နယ်ကာ ၁၀ မိနစ်ခန့် နှပ်ပေးထားပါ။ အိုးအတွင်းသို့ ဆီအနည်းငယ် ထည့်၍ ဝက်နံရိုး ထည့်ကြော်ကာ ပြန်ဆယ်ထားပါ။ ပိန်းဥကို အခွံနွှာ၍ အတုံးတုံးကာ ဆီဖြင့် ခဏလှိမ့်လိုက်ပါ။ ၎င်းနောက် ကြော်ထားသော ဝက်နံရိုးကို ထည့်ပါ။ ရေသန့်ထည့်ပါ။ မိနစ် ၂၀ခန့် တည်ပေးပါ။ ကျက်ပါက စားသုံးနိုင်ပါသည်။

ကောင်းကျိုး။

ဤဟင်းလျာကို စားပါက ဝမ်းကို အလွယ်တကူ သွားစေနိုင်မည်။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်မည်။ အာဟာရဓာတ်တို့ကိုလည်း ရရှိနိုင်မည် ဖြစ်သည်။

Author – ယမုံအေး(စမ်းချောင်း)

Ref : China Internet

Comments

Leave a Reply

Your email address will not be published. Required fields are marked *